၂၁ ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်မြို့တွင် စတစ်ကာလှုပ်ရှားမှု ပြုလုပ်

ဇူလိုင် ၁၀ ရက်က ပြည်မြို့တွင် စတစ်ကာ လှုပ်ရှားမှု ပြုလုပ်နေသူတစ်ဦး (Waiyan Aung/FB)

 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံအောင်မြင်စွာ ကျင်းပနိုင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြည်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။


အဆိုပါ လှုပ်ရှားမှုကို ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအောင်မြင်စွာ ကျင်းပနိုင်ရမည်ကို ပြည်သူလူထုသိရှိရန် စတစ်ကာများ ဖြန့်ဝေလှုံ့ဆော်ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက်မှ ကိုအိန္ဒြာနေမျိုးက ပြောသည်။

‘‘မြို့တွင်း ကားဂိတ်၊ အဝေးပြေးကားဂိတ်က ခရီးသည်တင်ယာဉ်တွေမှာ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံအောင်ရမည်ဆိုတဲ့ စာသားပါ စတစ်ကာတွေ လိုက်လံဝေငှတယ်။ကပ်ပေးဖြစ်တယ်’’ ဟု၎င်းကဆိုသည်။