သတင်းထောက်ဟုဆိုကာ ဒေသခံများထံမှ ခြိမ်းခြောက်ငွေတောင်းသူ လေးဦးကို စစ်ဆေးနေ

 ဖောင်းပြင်မြို့နယ်တွင် သတင်းထောက်ဟုဆိုကာ ဒေသခံများထံမှ ခြိမ်းခြောက်ငွေတောင်း သော အမျိုးသားလေးဦးကို စစ်ဆေးနေကြောင်း ဖောင်းပြင်မြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းစိုးက ပြောသည်။

 ဖောင်းပြင်မြို့နယ် သရက် ကုန်းကျေးရွာတွင် သစ်စက်လုပ် ငန်းရှင်များနှင့် ကုန်စုံဆိုင်ပိုင်ရှင် တို့ထံမှ ဇူလိုင် ၈ ရက် မွန်းလွဲပိုင်း က သတင်းထောက်ဆိုသူ အမျိုး သားလေးက ခြိမ်းခြောက်ငွေ တောင်းယူခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့က ဆိုသည်။


သရက်ကုန်းကျေးရွာ အုပ် ချုပ်ရေးမှူး၏ နေအိမ်သို့ အသက် (၂၁)နှစ်အရွယ် အမျိုးသားတစ် ဦးပါ သတင်းထောက်ဆိုသူ အမျိုးသားလေးဦးရောက်ရှိလာပြီး ၎င်းတို့ကို နေပြည်တော်မှ မော်လိုက် ခရိုင်သို့ တာဝန်ပေးသဖြင့် ဖမ်း ဆီးရေးအဖွဲ့စုံဖြင့် လာရောက်ခြင်း ဖြစ်ကြောင်းပြောကာ ကျေးရွာရှိ နေအိမ်ခြံဝင်း တစ်ခုအတွင်း အထက (ခွဲ) ၀န်ထမ်းအိမ်ရာနှင့်ဓမ္မာရုံဆောက်လုပ်ရန် စုပုံထား သည့် အင်၊ ကညင်ခွဲသား တစ် တန်ခန့်တွေ့ရှိ၍ ဓာတ်ပုံရိုက်ခဲ့သည်။ ယင်းကျေးရွာရှိ သစ်စက် လုပ်ငန်းရှင် ၁၀ ဦးထံမှ ကျပ် ၁၅သိန်းပေးရန်နှင့် မပေးပါက ဖမ်းဆီးကာ ပြင်းထန်ဒဏ်ရာရရှိ အောင် ရိုက်ပုတ်နှိပ်စက်မည်ဟု ခြိမ်းခြောက်ပြောဆိုသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာ စာသင်ကျောင်း အုတ်တံတိုင်း ခတ်ရန် စုဆောင်းထားသော ကျပ် ၁၀ သိန်းကို ပေးခဲ့ရကြောင်း၊ ယင်းအမျိုးသားလေးဦးသည် ချင်းတွင်း မြစ်ကမ်းဘေးရှိ ဈေးရောင်းချသူ အမျိုးသမီးအား ဘီယာရောင်းချနေသဖြင့် ဖမ်းဆီး၍ရကြောင်း၊ အဖမ်းမခံချင်လျှင် ၎င်းတို့ကို လမ်းစရိတ်ကျပ်ငါး သောင်းပေးရန် ပြောကြားရာ ဈေးဆိုင်ပိုင်ရှင်  အမျိုးသမီးက ဖမ်းဆီးခြင်း မပြုရန် တောင်းပန်ပြီး ကျပ်နှစ်သောင်းပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြထားသည်။

၎င်းတို့လေးဦးကို ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက တရားလိုပြု လုပ်တိုင်ကြားသဖြင့် ဖောင်းပြင် မြို့ မြို့မရဲစခန်းက ခြိမ်းခြောက် ငွေတောင်းမှု၊ အားပေးကူညီမှုဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ယင်းအမျိုးသား လေးဦး သည် နေပြည်တော်တိုင်းမ်မီဒီယာ အဖွဲ့၊ မှုခင်းနှင့် သတင်းစုံအသင်း အဖွဲ့ချုပ်မှ အသင်းဝင်များဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်၍ အဖွဲ့ချုပ် က ဇူလိုင် ၉ ရက်တွင် ကြေညာ ချက်ထုတ်သည်။ အဆိုပါ ကြေညာချက်တွင် ၎င်းတို့ လေးဦးသည် အသင်းမှချမှတ်ထားသော စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း၊မီဒီယာကျင့်ဝတ်များအား ဖောက်ဖျက်ခြင်းနှင့် အသင်း၏ ဂုဏ်သိက္ခာကျဆင်းစေမည့် လုပ်ရပ်များ လုပ်ကိုင်နေကြောင်း တင်ပြချက်အရ ၎င်းတို့အား ဇူလိုင် ၉ ရက်ကစ၍ နေပြည်တော်တိုင်းမ်မီဒီယာအဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်းနှင့် ၎င်းတို့၏ လုပ်ဆောင်မှုအားလုံးသည် နေပြည်တော်တိုင်းမ်မီဒီယာအဖွဲ့၊ မှုခင်းနှင့် သတင်းစုံအသင်းအဖွဲ့ချုပ်နှင့် သက်ဆိုင်မှုမရှိကြောင်းကြေညာ ချက်တွင်ဖော်ပြထားသည်။