ရုပ်ရှင် အကြိုခံစားခြင်း

THE WHISPERING

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍအ တွက်တော့ သည်းထိတ်ရင်ဖိုရ မယ့် တောင်ကိုရီးယားဇာတ်ကား လေး ဖော်ပြလိုက်ပါတယ်။


အွန်ဟာက အထက်တန်း ကျောင်းသူလေးတစ်ယောက်ဖြစ် ပြီး သူဟာထူးဆန်းစွာနဲ့ ကွယ် လွန်ပြီးသား သူငယ်ချင်းတစ် ယောက်ရဲ့အသံကို ကြားကြား နေခဲ့ပါတယ်။

တစ်ရက်မှာတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပြီးပြီမို့ အွန် ဟာနဲ့ သူငယ်ချင်းတွေစုပြီး ခရီး ထွက်ခဲ့ကြပါတယ်။ အွန်ဟာအပါ အဝင် သူငယ်ချင်းခြောက် ယောက်ဟာ ကားနဲ့ထွက်ခဲ့ပြီး လမ်းတစ်ဝက်မှာ ကားဂျီပီအက်စ် က ဒုက္ခပေးတာနဲ့ ကြုံခဲ့ရပါတယ်။

လမ်းနှစ်ခွဖြစ်နေတဲ့နေရာ အရောက်မှာ ဂျီပီအက်စ်က အလုပ်မလုပ်တော့သလို လမ်းညွှန် ဆိုင်းဘုတ်လိုမျိုးလည်း ရှာမတွေ့ တဲ့အတွက် စိတ်ထင်တဲ့ လမ်းတစ်လမ်းရွေးပြီး ခရီးဆက်ခဲ့ပါတယ်။ ဒီလိုနဲ့သွားရင်း အပန်းဖြေကစား ကွင်းအဟောင်းကြီးတစ်ခုဆီကို ရောက်သွားခဲ့ပါတယ်။ 

အနီးဝန်းကျင်မှာလည်း လူ သူတစ်ယောက်မှမရှိတဲ့ နေရာ ဖြစ်ပြီး အဲဒီမှာရှိတဲ့ သရဲအိမ်ကစားကွင်းနေရာက အွန်ဟာတို့အဖွဲ့ ကို ဆွဲဆောင်ခဲ့ပါတယ်။ အဲဒီသရဲ အိမ်နားအရောက်မှာ စကားတိုး တိုးပြောတဲ့အသံလိုမျိုး အွန်ဟာ တစ်ယောက်တည်း ကြားခဲ့ပါတယ်။အဲဒီနောက် သူငယ်ချင်း တွေအကုန်လုံးက စိတ်ဝင်စားဖို့ ကောင်းတဲ့ သရဲအိမ်ထဲကို ဝင်ကြ တာမို့ အွန်ဟာလည်း လိုက်ဝင်ခဲ့ ပါတယ်။ အဲဒီထဲစဝင်တာနဲ့ပဲ မှောင်မှောင်မည်းမည်းနဲ့ တွေ့ သမျှအရာရာဟာ အထိတ်တလန့် ဖြစ်စရာတွေချည်း ကြုံခဲ့ပါတယ်။

ဒီလိုနဲ့ အထဲကို ဆက်ဝင်ကြ ရင်း စကားသံလိုလို ဘာလိုလို တွေကြားသလို ထိတ်လန့်စရာ အတွေ့အထိနဲ့အတူ တစ်ယောက်ပြီးတစ်ယောက် ပျောက်ပျောက် ကုန်ပါတော့တယ်။

အွန်ဟာတို့အဖွဲ့တွေ သရဲ အိမ်ထဲမှာ ဘယ်လို ထိတ်လန့် စရာတွေနဲ့ ကြုံခဲ့ရတာလဲ၊ ချောက်ချားစရာပတ်ဝန်းကျင်ကနေ ဘယ်သူတွေ လွတ်မြောက်ခွင့်ရမှာလဲ၊ အွန်ဟာကြားကြားနေတဲ့ စကား သံတိုးတိုးနဲ့ ကစားကွင်းဟောင်း ကြီးက ဘယ်လိုဆက်စပ်မှုတွေရှိ နေလဲဆိုတာတော့ ရင်ဖိုရင်း ဆက်ကြည့်လိုက်ဦးနော်။

ဒီဇာတ်ကားမှာ ပါဝင်ထား သူတွေက So Joo Yeon, Kim Min Kyu, Kim Young, Kim Tae Min, Choi Hee Jin, Park Jin, Shin Jae Seung, Go Na Eun စသူတွေပဲဖြစ်ပါတယ်။