တူရကီနိုင်ငံတွင် ရထားတစ်စီး လမ်းချော်ပြီး ခရီးသည် ၂၄ ဦး သေဆုံး

AFP

တူရကီနိုင်ငံ အ နောက်မြောက်ဘက်တွင် ရထား တစ်စီး လမ်းချော်တိမ်းမှောက်ရာ ခရီးသည် ၂၄ ဦး သေဆုံးကြောင်း ဒုဝန်ကြီးချုပ် ရီဆက်အာခ်ဒါက ဇူလိုင် ၉ ရက်၌ ပြောသည်။

တနင်္ဂနွေနေ့ ညနေတွင် တီကီယာဒါဒေသ၌ အစ္စတန် ဘူလ်မြို့သို့ ဦးတည်မောင်းနှင် လာသည့် ခရီးသည်တင်ရထား တစ်စီး တိမ်းမှောက်ပြီး တနင်္လာ နေ့ နံနက်၌ ရှာဖွေကယ်ဆယ် ရေး ဆောင်ရွက်ပြီးနောက် ဒုဝန် ကြီးချုပ် အာခ်ဒါက သေဆုံးသူ ၂၄ ဦးဟု အတည်ပြုပြောကြား ကြောင်း နိုင်ငံပိုင် Anadolu သတင်းဌာနက ဖော်ပြသည်။

အဆိုပါ မတော်တဆမှုဖြစ် ပွားပြီးနောက် ဒဏ်ရာရရှိသူ ၃၃၈ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီး အာ မတ်ဒီမီယာကန်က ပြောသည်။

ခရီးသည် ၃၆၂ ဦး လိုက်ပါ စီးနင်းလာသော အဆိုပါ ရထား သည် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းထား၍ ရထား သံလမ်းအောက်ရှိ မြေကြီးများတိုက်စားသဖြင့် လမ်းချော်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဖော် ပြသည်။

ပို့ဆောင်ရေးဝန်ကြီး အာ မတ်အာစလန်က ရထားသံလမ်း များကို နောက်ဆုံးစစ်ဆေးခဲ့ခြင်း သည် ဧပြီကဖြစ်ကြောင်း ပြောသည်ဟု Anadolu သတင်းဌာနက ဖော်ပြသည်။

အီဒီယာနီဒေသမှ အစ္စတန် ဘူလ်မြို့သို့ ဦးတည်ခုတ်မောင်း လာသော အဆိုပါရထားသည် တီကီယာဒါဒေသ၌ ရထားတွဲ ခြောက်တွဲ လမ်းချော်တိမ်းမှောက် ပြီး အခင်းဖြစ်ပွားရာသို့ အရေး ပေါ်လူနာတင်ယာဉ် အစီး ၁၀၀ ခန့်နှင့်  တူရကီစစ်တပ်မှ ရဟတ် ယာဉ်များ စေလွှတ်ခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ရထားသံလမ်းအောက်မှ မြေကြီးများ တိုက်စားရာမှ ရထား လမ်းချော်တိမ်းမှောက်ခြင်းဖြစ် သည်ဟု တာဝန်ရှိသူများက အတည်ပြုကြောင်း သယ်ယူပို့ ဆောင်ရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တစ်ခုတွင် ပြောသည်။

တူရကီသမ္မတ တေရစ်အာ ဒိုဂန်ကလည်း အဆိုပါ ရထား မတော်တဆမှုကြောင့် သေဆုံး သူများ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြောင်း ပြောကြား သည်။

၂၀၀၄ ဇူလိုင်က လူ ၄၁ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိ ခဲ့သည့် ဆာကာယာပြည်နယ်၌ အမြန်ရထားတစ်စီး ရထားတိမ်း မှောက်မှုသည် တူရကီနိုင်ငံ၏အဆိုးရွားဆုံး ရထားမတော်တဆ မှုဖြစ်သည်။
—Ref: AFP/de