ကမ္ဘာကျော်အနုပညာရှင်နှင့် လူ့အခွင့်အရေးလှုပ်ရှားသူအိုက်ဝေဝေ မြန်မာနိုင်ငံသို့ လာရောက်

မစ္စတာအိုက်ဝေေ၀နှင့်အဖွဲ့အား လောကနတ်ပန်းချီပြခန်း၌ တွေ့ရစဉ် (ဓာတ်ပုံ −​Phon Win / FB)

 ကမ္ဘာကျော်အနုပညာ ရှင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ အဖြစ် ထင်ရှားသည့် မစ္စတာအိုက်ဝေဝေသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ဇူလိုင် ၇ ရက်ကရန်ကုန်မြို့ရှိ လောကနတ် ပန်းချီပြခန်းသို့ လာရောက်ခဲ့ကြောင်း အဆိုပါပြခန်း တာဝန်ရှိသူတစ်ဦး က ပြောသည်။


အိုက်ဝေဝေသည် ၎င်း၏အနု ပညာကို ပြသခဲ့ဖူးသည့် လောက နတ်ပန်းချီပြခန်းသို့ လာရောက် လည်ပတ်ခဲ့သည်။ ၂၀၁၃ တွင် အိုက်ဝေဝေ၏ အနုပညာလက်ရာ တစ်ခု လောကနတ်ပြခန်း၌ ပြသ ခဲ့သည်။

ထို့အပြင် အိုက်ဝေဝေသည် ဇူလိုင်  ၄ ရက်တွင် ပဲခူးတိုင်းရှိ ဆင်စခန်းတစ်ခုသို့ သွားရောက်ခဲ့ သည်။

အိုက်ဝေဝေသည် ၂၀၀၈ တွင် ဘေဂျင်းမြို့၌ ပြုလုပ်သည့် အိုလံပစ်ပွဲတော်တွင် ငှက်သိုက်ပုံ အားကစားရုံ ဒီဇိုင်းရေးဆွဲရာ၌ ပါ ဝင်ပြီး တရုတ်အစိုးရကို ဝေဖန်သူ အဖြစ် ထင်ရှားသည်။

အိုက်ဝေဝေ၏ ဒုက္ခသည်များအကြောင်း တင်ဆက်ထား သည့် Human Flow အမည်ရှိ ရုပ်ရှင်သည် ထင်ရှားသည်။ ထို့အပြင် ၂၀၁၀ တွင် လန်ဒန်ရှိပြတိုက်တွင် ပြသသည့် နေကြာစေ့ခွံများဖြင့် ပြသသည့် Sunflower Seedsအမည်ရှိ ပြကွက်လည်း ကျော် ကြားခဲ့သည်။

အိုက်ဝေဝေကို တရုတ်အစိုး ရက အခွန်ရှောင်သည်ဆိုကာ ၂၀၁၁ ဧပြီတွင် ဖမ်းဆီးပြီး သုံးလခန့်ကြာ ထိန်းသိမ်းခဲ့သည်။ ယခုအိုက်ဝေဝေသည် မိသားစုနှင့်အတူ ဂျာမနီနိုင်ငံတွင် နေထိုင်ပြီး၎င်း၏အနုပညာပြကွက်များကို ကမ္ဘာလှည့်ပြသနေသည်။