လေဖိအားနည်းရပ်ဝန်း အားလျော့ပျက်ပြယ် ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း သတိပေး

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်း အိန္ဒိယ နိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက် ကာအားလျော့သွားသော်လည်း မကြာမီ နောက်ထပ်လေဖိအား နည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာ နိုင်ကြောင်း မိုးဇလက သတင်း ထုတ်ပြန်သည်။


ဘင်္ဂလားပင်လယ်အော် အ နောက်မြောက်ပိုင်းတွင် ဇွန်လ ၇ရက်ကဖြစ်ခဲ့သော လေဖိအား နည်းရပ်ဝန်းသည် ဇူလိုင် ၈ ရက်ညနေ၌ အားပျော့ပျက်ပြယ်ခဲ့ သည်။ သို့သော် ဇူလိုင် ၁၀ ရက်မှ၂၀ ရက်ကြားတွင် နောက်ထပ် လေဖိအားနည်း ရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်လာ နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှု ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။

အားလျော့ပျက်ပြယ်ခဲ့သော လေဖိအားနည်းရပ်ဝန်း အရှိန် ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများတွင် နေရာကွက်မိုးကြီး ခဲ့ပြီး မွန်ပြည်နယ် မြို့နယ်အချို့ရှိ မြေနိမ့်ပိုင်းနေရာများ၌ ရေကြီး နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည်။ လတ် တလော ရာသီဥတုအခြေအနေ အရ ဧရာဝတီ၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်၊ ရခိုင်၊ ကရင် နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက် မိုးကြီးနိုင်ကြောင်း သတိ ပေးထားသည်။

မြန်မာနိုင်ငံနှင့် ဝေးကွာ သော်လည်း အာရှနိုင်ငံအချို့အ တွက် များစွာသက်ရောက်စေ သည့် ပစိဖိတ်သမုဒ္ဒရာအလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော မာရီ ယာမုန်တိုင်းကြောင့် တိုင်ပေ၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့၌ ရေ ဘေးအတွက် စိုးရိမ်ပူပန်နေရ သည်။ ယင်းမုန်တိုင်းသည် ဇူလိုင်၁၁ ရက်တွင် တစ်နာရီလေတိုက် နှုန်း မိုင်၁၂၀ ခန့်ဖြင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့် တိုင်ပေကြား ဝင် ရောက် တိုက်ခတ်နိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသဌာနများ က သတင်းထုတ်ပြန်ထားသည်။