တပ်မတော်အရာရှိတစ်ဦးကို သတ်ခဲ့သည်ဟု သံသယရှိသူသုံးဦးကို ဖမ်းဆီးစစ်ဆေး

 KTV တွင်တစ်ဦးတည်း လာရောက်သီချင်းဆိုသည့် တပ် မတော်အရာရှိတစ်ဦးကို သတ်ခဲ့ သူသုံးဦးကို နာရီပိုင်းအတွင်းဖမ်း မိပြီး စစ်ဆေးနေကြောင်းပဲခူးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦး ကပြောသည်။ 


တောင်ငူမြို့ ရန်ကုန် - မန္တလေးကားလမ်းဟောင်းနှင့် အ မြန်လမ်း ဆက်သွယ်ထားသည့် ထီးလှိုင် ကွန်ကရစ်လမ်းဘေး၌ ဇူလိုင် ၇ ရက် နံနက်အစောပိုင်း တွင် လူတစ်ဦးသေဆုံးနေကြောင်း သတင်းရသဖြင့် ရဲတပ်ဖွဲ့ကသွား ရောက်စစ်ဆေးခဲ့သည်။ 

သေဆုံးသူ၏ ခါးကြားတွင် ထိုးထားသည့် ပိုက်ဆံအိတ်အ တွင်းမှ နိုင်ငံသားစိစစ်ရေးကတ် ပြားနှင့်အခြား ပစ္စည်းများတွေ့ရှိ  ပြီးသေဆုံးသူသည်အသက် (၂၆) နှစ်အရွယ် တပ်မတော်သားအရာ ရှိတစ်ဦးဖြစ်သည်ကို သိရှိခဲ့ ကြောင်းရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။ 

သေဆုံးသူသည် တနင်္သာရီ  တိုင်း ဘုတ်ပြင်းမြို့နယ်တွင် တာ ၀န်ထမ်းဆောင်နေသည့် ဆေး တပ်မှ ဗိုလ်တစ်ဦးဖြစ်ပြီး၎င်း၏ မေးစေ့အောက်၊ ရင်အုံ၊ နံကြား၊ နံစောင်းတို့၌ ဓားဒဏ်ရာခြောက် ချက်၊ ပွန်းပဲ့ဒဏ်ရာ တစ်ချက်ရရှိ ကာ သေဆုံးနေကြောင်း  အမှုဖွင့် တိုင်ကြားချက်တွင် ဖော်ပြထား သည်။ 

ရဲတပ်ဖွဲ့က ဆက်လက်စုံ စမ်းရာ သေဆုံးသူသွားရောက်ခဲ့ သည့် ‘အမေ့သား’ KTVမှဝန်ထမ်းအမျိုးသား သုံးဦးကိုမသင်္ကာသ ဖြင့်ဖမ်းဆီးစစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်ခဲ့ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။

လူသတ်မှုဖြင့် မသင်္ကာ၍ ရဲတပ်ဖွဲ့ဖမ်းဆီးထားသူသုံးဦး မှာအသက် (၂၄)နှစ်အရွယ် စားပွဲထိုးခေါင်းဆောင် ဘိုဘိုမင်း၊(၂၂)နှစ်အရွယ် သိန်းသန်းဝင်းနှင့်(၂၁)နှစ်အရွယ် အောင်ကိုကိုတို့ဖြစ်ပြီး ၎င်းတို့ သုံးဦးကို အခင်းဖြစ်ပြီး ၅ နာရီခန့်အကြာတွင် အဆိုပါဆိုင် ၌ ဖမ်းဆီးမိခဲ့သည်။