အဘွားအိုတစ်ဦး ငမိုးရိပ် ချောင်းအတွင်း ခုန်ချသတ်သေ

ဆီးချိုရောဂါကြောင့် နှစ်ရှည် ဆေးကုသမှုခံယူနေရ သည့် အသက် (၇၀)ကျော် အဘွားအိုတစ်ဦး ငမိုးရိပ်ချောင်းကူး တံတားအလယ်မှ ခုန်ချခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။


ဇူလိုင် ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တောင်ဒဂုံမြို့နယ် (၂၆) ရပ်ကွက် လေးထောင့်ကန်လမ်းမပေါ်ရှိ ငမိုးရိပ်တံတားပေါ်မှ အမျိုးသမီးကြီးတစ်ဦး ချောင်းအ တွင်းသို့ ခုန်ချသည်ကို တံတား လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦးက စတင်သိရှိခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့က သွား ရောက်စစ်ဆေးရာ တံတားအ လယ်တွင် ရွှေကြံ့တံဆိပ် အမျိုး သမီးစီးသားရေဖိနစ်တစ်ရန် တွေ့ ခဲ့ပြီး နာရီဝက်ခန့်အကြာတွင် အဆိုပါအဘွား၏သား ရောက်လာ ကာ ၎င်းမိခင်ဖိနပ်ဖြစ်သည်ကို အတည်ပြုပေးကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ချောင်းအတွင်းခုန်ချခဲ့သည့်အဘွားအို သေဆုံးကြောင်း ရဲတပ်ဖွဲ့ကသတ်မှတ် ခဲ့သည်။

သေဆုံးသူသည် တောင်ဒဂုံ မြို့နယ် (၁၄၀)ရပ်ကွက်တွင်နေသူဖြစ်ပြီးလွန်ခဲ့သည့် ၂ နှစ်ကစတင်ကာ ဆီးချိုသွေးချိုရောဂါခံ စားနေရသဖြင့် ဆေးကုသနေရ၍ စိတ်ဓာတ်ကျနေသူဖြစ်ကြောင်း ၎င်း၏သားဖြစ်သူ ပြောပြချက်အ ရ သိရကြောင်း တောင်ဒဂုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ အဘွားအိုကို ရှာဖွေ နေသည်။