‘သူစိမ်းအိမ်’ဇာတ်ကား အဆင်ပြေပြေ ရိုက်ကူးနိုင်ခဲ့တဲ့ အကြောင်းရင်း
ဓာတ်ပုံ − ထူးပိုင်ဇော်ဦးဖေ့စ်ဘွတ်ခ်
 ‘သူစိမ်းအိမ်’ ရုပ်ရှင်ဇာတ်ကားကို ‘ည’ ဇာတ်ကားရိုက်ကူးစဉ်ကဲ့သို့ပင် Pre Production(မရိုက်ကူးမီ ကြိုတင်ပြင်ဆင်မှု) ပိုင်းကို သေချာပြုလုပ်သော ကြောင့် အဆင်ပြေစွာ ရိုက်ကူး နိုင်ခဲ့ကြောင်း ဒါရိုက်တာ ထူးပိုင် ဇော်ဦးက ပြောသည်။
‘‘အခန်းတိုင်း အခန်းတိုင်းကို ရီဟာဇယ်တစ်ခေါက်လုပ်ပြီးသား ဖြစ်တဲ့အတွက် ရိုက်တဲ့အချိန်မှာ တော်တော်ကို အဆင်ပြေတယ်။ ဇာတ်ကောင်တွေအနေနဲ့လည်း တော်တော်ကို အံဝင်ခွင်ကျ ဖြစ် တယ်’’ဟု ၎င်းကပြောသည်။
ယင်းဇာတ်ကားတွင် ၀ါရင့် သရုပ်ဆောင်များဖြစ်သည့် လွင် မိုး၊ လင်းဇာနည်ဇော်၊ ထွန်းအိန္ဒြာ ဗို၊ ဖွေးဖွေးတို့နှင့်အတူ မျက်နှာ သစ်သရုပ်ဆောင်များ ပါဝင်ရိုက် ကူးထားသည်။ ယင်းဇာတ်ကား အတွက် Pre Production ကို အ ချိန်ရှစ်လခန့်ပြင်ဆင်ခဲ့ပြီး ပြီးခဲ့သည့် မေလကုန်ပိုင်းက စတင်ရိုက်ကူးခဲ့သည်။
‘‘ညနဲ့ မတူတဲ့ နောက်ထပ် ပုံစံ တစ်မျိုးပေါ့။ ရိုက်ချက်ပုံစံ တွေကအစ သရုပ်ဆောင်အတွဲ အစပ်တွေရော၊ အက်တင်ပိုင်း တွေကိုရော အပြင် Reality နဲ့ နီးစပ်တဲ့ အက်တင်တွေပဲ လုပ် ထားတယ်။ ဇာတ်လမ်းပုံစံက လည်း နည်းနည်းထူးထူး ဆန်း ဆန်း ဖြစ်တယ်။ ဒီကားကလည်း ပရိသတ်တွေ မြင်လေ့မြင်ထ မရှိ တဲ့ ဇာတ်လမ်းပုံစံ ဖြစ်မှာပါ’’ ဟု သူစိမ်းအိမ်နှင့်ပတ်သက်၍ ပြော သည်။
သူစိမ်းအိမ်ဇာတ်ကားသည် ၎င်း၏ဒုတိယမြောက် ဒါရိုက်တာ အနေဖြင့် ရိုက်ကူးသည့် ဇာတ်ကားဖြစ်ပြီး လက်ရှိတွင် Post Production ပိုင်း ပြုလုပ်နေသောကြောင့် အမြန်ဆုံး ရုံတင်ခွင့်ရရန် ကြိုးစားမည်ဟု ၎င်းကဆိုသည်။
ထို့အပြင် စာရေးဆရာမ ဂျူး၏ ‘လရဲ့ အောက်ဘက်မိုင်အ ဝေးမှာ’ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေး ပြင်ဆင်နေပြီး ယခုနှစ် ကုန်တွင် ရိုက်ကူးနိုင်မည်ထင် ကြောင်း ထူးပိုင်ဇော်ဦးက ပြောသည်။
ဒါရိုက်တာ ထူးပိုင်ဇော်ဦး ပထမဆုံး ဒါရိုက်တာအနေဖြင့် သရုပ်ဆောင်အသစ်များနှင့် ရိုက်ကူးခဲ့သည့် ‘ည’ ဇာတ်ကားဖြင့်ပရိသတ်အခိုင် အမာရရှိထားသော လူငယ်ဒါရိုက်တာဖြစ်သည်။