အရီနာဂရန်တီနဲ့ပူးတွဲ တေးအယ်လ်ဘမ် ထုတ်ချင်နေတဲ့ နစ်ကီမီနာဂ်ျ

နာမည်ကျော် အမေရိကန်အဆိုတော် နစ်ကီမီ နာဂ်ျက အဆိုတော်အရီနာဂရန် တီနှင့်အတူ တေးအယ်လ်ဘမ် တစ်ခုထုတ်လိုကြောင်း ပြော သည်။

အသက် (၃၅)နှစ် အရွယ် နစ်ကီမီနာဂ်ျက ၎င်း၏တွစ်တာစာ မျက်နှာတွင် အရီနာဂရန်တီနှင့် အတူ အယ်လ်ဘမ်သစ်ထုတ်လို သည့်အကြောင်း ပရိသတ်များကို မေးမြန်းရာ ပရိသတ်များက အပြည့်အ၀ထောက်ခံသည်။


 မကြာမီ ရက်ပိုင်းတွင်  နစ်ကီမီနာဂ်ျနှင့် အရီနာဂရန်တီတို့တွဲဖက်သီဆိုထားသည့် ‘Bed’ သီ ချင်းသစ်ထွက်လာပြီးနောက်နစ် ကီမီနာဂ်ျက တေးအယ်လ်ဘမ် ထုတ်လိုကြောင်း ပြောခဲ့သည်။

‘Bed’ သီချင်းအပါအ၀င်၎င်း တို့နှစ်ဦး တွဲဖက်သီဆိုထားသည့် သီချင်း ငါး ပုဒ်ထွက်ရှိထားသည်။

အရီနာဂရန်တီသည် တေး အယ်လ်ဘမ်အသစ် Sweetener ကိုသြဂုတ် ၁၇ ရက်တွင် ဖြန့်ချိ မည်ဖြစ်ပြီး နစ်ကီမီနာဂ်ျ၏ တေး အယ်လ်ဘမ်သစ် Queen ကို သြ ဂုတ် ၁၀ ရက်တွင်စတင်နားဆင် နိုင်မည်ဖြစ်သည်။

       _Ref: justjared