မက္ကဆီကိုတွင် မီးရှူးမီးပန်း သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် လူ ၂၄ ဦးထက်မနည်း သေဆုံး

EPA

ဇွန်လ ၅ ရက် တွင် မက္ကဆီကိုနိုင်ငံ၌ မီးရှူးမီး ပန်း သိုလှောင်ရုံတစ်ခုတွင် ပေါက်ကွဲမှုနှစ်ကြိမ် ဆင့်ကဲဖြစ်ပွားရာ လူ ၂၄ ဦးထက်မနည်း သေဆုံးပြီး လူ ၄၀ ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။

တူလ်တီပက်မြို့၌ အဆိုပါ ကြီးမားသော ပေါက်ကွဲမှုဖြစ်ပွား ရာသို့ မီးသတ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များ အလျင်အမြန် ရောက်ရှိလာပြီး သေဆုံးသူများ အနက် အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းများလည်း ပါဝင်သည်။

ကြာသပတေးနေ့ကဖြစ်ပွား သော ပေါက်ကွဲမှုနှစ်ခုနှင့်ပတ် သက်၍ မက္ကဆီကိုအစိုးရက ‘‘ပထမအကြိမ် ပေါက်ကွဲမှုဖြစ် တာသိရတော့ အရေးပေါ်ကယ် ဆယ်ရေးဝန်ထမ်းတွေ အခင်းဖြစ် တဲ့နေရာကို ရောက်တဲ့အချိန်မှာ ဒုတိယအကြိမ် ထပ်ပြီးပေါက်ကွဲ တာပါပဲ။ အဲဒါကြောင့် အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေ သေ ဆုံးဒဏ်ရာရကြတာပါ’’ဟု ထုတ် ပြန်ချက်တစ်ခုတွင် ပြောသည်။

မြို့တော် မက္ကဆီကိုစီးတီးနှင့် မိုင် ၂၀ အကွာတွင် တည်ရှိသော တူလ်တီပက်မြို့သည် မီးရှူးမီးပန်းမြို့တော်အဖြစ် လူသိများသည်။

၂၀၁၆ က တူလ်တီပက်မြို့ ရှိ ဈေးတစ်ခုတွင် ဆိုးရွားသော မီးရှူးမီးပန်းပေါက်ကွဲမှုနှစ်ခုအ တွင်း လူ ၄၀ ကျော် သေဆုံးခဲ့ သည်။

ထိုစဉ်က ယင်းဈေးကို ပိတ်သိမ်းရန် တောင်းဆိုခဲ့သော်လည်း မက္ကဆီကိုသမ္မတ ပင်ညာနီယက် တိုက ပေါက်ကွဲမှုကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးခဲ့ရသည့် ရာချီသော ဒေသခံ များအား ကူညီရန် အဆိုပါဈေးကို ပြန်ဆောက်မည်ဟု ကတိပြုခဲ့ သည်။

မက္ကဆီကိုနိုင်ငံ၏ အမျိုးသားမီးရှူးမီးပန်းပွဲတော် နှစ်စဉ်ကျင်းပ လေ့ရှိသော တူလ်တီပက်မြို့တွင် ယခုနှစ်အစောပိုင်းကလည်း ပေါက်ကွဲမှုတစ်ခုကြောင့် လူခုနစ် ဦး သေဆုံးခဲ့သည်။

—Ref: BBC