ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် အခွန်တံဆိပ်ခေါင်း မကပ်သည့်ဆိုင်များမှ ဒဏ်ငွေ ကျပ်သန်း ၁၇၀ ကျော် ရရှိ

ယမန်နှစ် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အခွန်တံ ဆိပ်ခေါင်း မကပ်သည့် ဆိုင်များ မှ ဒဏ်ကြေးငွေကျပ် ၁၇၆ သန်း ကျော်ရရှိပြီး တိုင်ကြားသူများအား ဆုကြေးငွေ ကျပ်၁၂သန်းကျော် ပြန်ထုတ်ပေးခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောသည်။

တစ်နှစ်လုံး တိုင်ကြားမှု ၇၂၅မှုထဲမှ ဒဏ်ကြေးငွေ ၁၇၆ သန်းကျော်ရရှိကြောင်း ယမန်နေ့ကနေပြည်တော်တွင် သတင်းမီဒီယာအချို့နှင့် တွေ့ဆုံစဉ် ၎င်းက ရှင်းပြသည်။

တိုင်ကြားမှုနှင့် ဆုငွေပြန် ထုတ်ပေးမှုတွင် ကြန့်ကြာမှုရှိနေ ခြင်းသည် မြို့နယ်အခွန်ရုံးမှတစ် ဆင့် စားသောက်ဆိုင်တာဝန်ရှိသူ ကို အခွန်ရုံးသို့ဆင့်ခေါ်ကာ ဒဏ် ကြေးငွေ ဆောင်ခိုင်းပြီး အခွန် ထမ်းက ဒဏ်ကြေးငွေဆောင်ပြီး မှ ဆုကြေးထုတ်ပေးရသည့် လုပ် ငန်းစဉ်များကြောင့်ဖြစ်ကြောင်း ဒေါ်ဆွေဆွေခိုင်က ဆိုသည်။

‘‘အခွန်မ၀င်သေးဘဲနဲ့တော့ ဆုကြေးငွေကို ထုတ်ပေးခြင်း မရှိ ပါဘူး’’ဟု ၎င်းကပြောသည်။

တိုင်ကြားသူကို ဒဏ်ကြေး ငွေ၏ ၁၀ ရာခိုင်နှုန်း ဆုကြေးအ ဖြစ်ပေးပြီး တံဆိပ်ခေါင်း မကပ် သည့်ဆိုင်များ ပထမအကြိမ် ပျက်ကွက်ပါက ဒဏ်ကြေး ကျပ်နှစ်သိန်း၊ ဒုတိယအကြိမ်  ကျပ်ငါးသိန်းနှင့် သုံးကြိမ်ပျက်ကွက်ပါက  ကျပ်ခုနစ်သိန်း၊ သုံးကြိမ် အထက်

ပျက်ကွက်ပါက ကျပ် ၁၀ သိန်းအသီးသီးသတ်မှတ်ထားသည်။

အခွန်တံဆိပ်ခေါင်း မကပ် သည့်ဆိုင်များ ဒဏ်ရိုက်ခြင်းကို ၂၀၁၅ ဧပြီတွင် စတင်ဆောင်ရွက်ခဲ့သည်။ အခွန်ထမ်းဆောင်ရန် ပျက်ကွက်သောကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဒဏ်ငွေရိုက်ခဲ့ သည့် ဆိုင် ၅၀၇ ဆိုင်ရှိပြီး ဘဏ္ဍာ ငွေကျပ်သိန်းတစ်ထောင်ကျော် ရရှိခဲ့သည်။