လေးနှစ်ခန့် ခွဲခွာနေရသည့် မိဘများအား သတိရသဖြင့် ရှစ်တန်းကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံးဟုဆို

ရှစ်တန်းကျောင်းသူတစ် ဦး ကြိုးဆွဲချသေဆုံးမှု ကရင်ပြည် နယ် ဘားအံမြို့နယ်၌ ဇူလိုင် ၂ ရက်တွင် ဖြစ်ပွားခဲ့သည်။


ရှစ်တန်းကျောင်းသူသည် ဘားအံမြို့နယ် သာမညကျေးရွာ တွင် ၎င်း၏အဘွားနှင့်အတူ နေ ထိုင်ကျောင်းတက်နေရာမှ ကြိုးဆွဲချကာသတ်သေခြင်းဖြစ်သည်ဟုနယ်မြေခံရဲတပ်ဖွဲ့က ဆိုသည်။

‘‘သူ့မိဘတွေကို သတိရလို့ စိတ်တွေမွန်းကျပ်ပြီး သတ်သေ သွားတာ။ သူမသေခင် သုံးလေး ရက်လောက်ကတည်းက အဖေနဲ့ အမေကို သတိရတယ်ဆိုပြီး ခဏ ခဏပြောနေခဲ့တာ။ အရင်တုန်း ကလည်း အဲဒီလိုခဏခဏ ပြော ဖူးတယ်’’ဟု ဘားအံမြို့နယ် အိန္ဒုနယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

၎င်း၏ မိဘများသည် လွန်ခဲ့သည့် လေးနှစ်ကတည်းက ထိုင်းနိုင်ငံသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေပြီး  အဘွားနှင့် နှစ်ယောက်တည်းကျန်ရစ်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

အဆိုပါကျောင်းသူ ကျောင်းသွားတက်ရန် ၎င်း၏အဘွားက သွားပြောစဉ် အခန်းတံခါးပိတ်ထားခြင်းကြောင့် ဖွင့်ကြည့်ရာတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ဘားအံဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲရုံ၌ စစ်ဆေးရာသတ်သေ ခြင်းဖြစ်ကြောင်း ပေါ်ပေါက်သည် ဟု ရဲအရာရှိက ပြောသည်။

ရှစ် တန်းကျောင်းသူသေဆုံး သည့်ဖြစ်စဉ်ကို အိန္ဒုနယ်မြေရဲစခန်း၌ သေမှုသေခင်းအရ အမှုဖွင့်ထားကြောင်း ရဲအရာရှိက ဆိုသည်။