ရဲကားနှင့် တပ်မတော်သားတစ်ဦး မောင်းလာသည့် ဆိုင်ကယ်တိုက်မိ

ရန်ကုန်-ပဲခူးလမ်းမကြီး ပေါ်သို့ လမ်းသွယ်မှ တပ်မတော် သားတစ်ဦးမောင်းနှင်သည့် ဆိုင် ကယ်နှင့် ထောက်ကြန့်နယ်မြေရဲ စခန်းမှ မီးတန်းယာဉ်တို့တိုက်မိပြီး တပ်မတော်သားနှင့် ဆိုင်ကယ် နောက်တွင် ထိုင်စီးလာသည့် အမျိုးသားတစ်ဦး ဒဏ်ရာအပြင်း အထန်ရရှိခဲ့သည်။ 


ဆိုင်ကယ်ကို စစ်မြေပြင်အင် ဂျင်နီယာတပ်ရင်းမှ အသက်(၂၇) နှစ်အရွယ် တပ်သားမောင်းနှင်ပြီး (၅၀)အရွယ် အမျိုးသားလိုက်ပါ ကာ ဇူလိုင် ၄ ရက် နံနက် ၆ နာရီခွဲ ခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွား သည်။ ယာဉ်နှစ်စီးပျက်စီးကာဒဏ်ရာအပြင်းအထန်ရရှိခဲ့သူနှစ် ဦးကို အင်းစိန်ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ကုသ ထားကြောင်း မြောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

လမ်းမကြီးယာဉ်ကို ဦးစားမပေးဘဲ လမ်းသွယ်အတွင်းမှ ဆိုင်ကယ်မောင်းထွက်လာသည့် တပ်သားကို ထောက်ကြန့်နယ်မြေရဲ စခန်းက ပေါ့လျော့မှုကြောင့် အပြင်းအထန် နာကျင်စေမှုပုဒ်မ၊ ယာဉ်မဆင်မခြင်မောင်းနှင်မှုပုဒ် မတို့ဖြင့် အမှုဖွင့်ထားသည်။ 

ဇွန်လ ၁၉ ရက်ကလည်း တပ်မတော်သားတစ်ဦး စီးနင်းလာ သည့် ဆိုင်ကယ်နှင့် YBS  ခရီးသည်တင်ယာဉ်တို့တိုက်မိသဖြင့် ဆိုင်ကယ်မောင်းလာသည့် အသက်(၁၉)နှစ်အရွယ် တပ်မတော် သားသေဆုံးခဲ့သည်။