ဦးနှောက်ကျန်းမာရန် ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ စားသုံးရန်လို

ဆိုက်ထရစ်အက်စစ် ပါဝင်သော အသီးအနှံများကဲ့သို့ ဗီတာမင်စီကြွယ်ဝသော အစားအစာများသည် ကိုယ်ခံအားစနစ်ကို အား ကောင်းစေပြီး ရောဂါပိုးများကို ကာကွယ်နိုင်သည့်အပြင် ဦးနှောက် ကျန်းမာရေးလည်း အားကောင်းစေကာ စဉ်းစားတွေးခေါ်မှုနှင့်ဆိုင်သော ဦးနှောက်လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။


လူသားတို့၏ခန္ဓာကိုယ်က ဗီတာမင်စီကို လျင်မြန်စွာ စုပ်ယူနိုင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပေးစွမ်းသည်။ သြစတြေးလျနိုင်ငံမှ သုတေသီများ၏ လေ့လာမှုအရ ယင်းအာဟာရဓာတ်ပမာဏနှင့် စဉ်းစားတွေးခေါ်မှုဆိုင်ရာ ဉာဏ်ရည်နှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေးအခြေအနေတို့ကြား ဆက်စပ်မှုရှိကြောင်း သိရသည်။

အားကောင်းသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သည့် ဗီတာမင်စီသည် ဆဲလ်များအားလုံးကို မပျက်စီးစေရန် ကာကွယ် ပေးနိုင်သည်။

ဗီတာမင်စီသည် အရိုးနှစ်ခုဆက်ထားသော နေရာရှိ ပရိုတိန်း ဓာတ်ထုတ်လုပ်ရေးနှင့် ကြွက်သားများ ဖွံ့ဖြိုးရေးအတွက်လည်း လိုအပ်သော အာဟာရဓာတ်ဖြစ်သည်။

ထို့အပြင် ဗီတာမင်စီက ခန္ဓာကိုယ်တစ်ခုလုံးရှိ ပျက်စီးနေသော တစ်သျှူးများကို ပြန်လည်ကောင်းမွန်စေရန် အထောက်အ ကူပြုပြီး ဒဏ်ရာများကို ပျောက်ကင်းစေကာ ကိုယ်ခံအားစနစ် အားကောင်းစေနိုင်သည်။ ဗီတာမင်စီက အရိုးနှင့်သွားများကိုလည်း အားကောင်းစေနိုင်သည်။

ဗီတာမင်စီ၏ ကျန်းမာရေးအကျိုးကျေးဇူးများကို ယခင်ကပင် လူအများ သိရှိထားပြီးဖြစ်သော်လည်း ယခုလေ့လာမှုက ယင်းအာ ဟာရဓာတ်ကို ဦးနှောက်ကျန်းမာရေးအတွက် ပိုစားသင့်ကြောင်း ဖော်ပြသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများသည် ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ ပိုစားသင့်သည်ဟု သုတေသီများ က ပြောသည်။

ဗီတာမင်စီကြွယ်ဝသော အစားအစာများတွင် ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ပရိတ်ဖရု၊ ကီဝီသီး၊ ပန်းငရုတ်ပွနှင့် စတော်ဘယ်ရီသီး များ ပါဝင်သည်။

လှီးဖြတ်ထားသော ပန်းဂေါ်ဖီစိမ်းတစ်ခွက်စာတွင် ဗီတာမင်စီ ၈၁ မီလီဂရမ် ပါဝင်သော်လည်း ချက်ပြုတ်ပြီးချိန်တွင် ၅၀ မီလီဂရမ်လျော့ကျသည်။ ပန်းဂေါ်ဖီတစ်ခွက်စာတွင် ဗီတာမင်စီ ၅၀ မီလီဂရမ် ပါဝင်သည်။ လိမ္မော်သီး၊ သံပရာသီး စသည်တို့ကဲ့သို့ပင် ဂရိတ်ဖရုတွင်လည်း ဗီတာမင်စီကြွယ်ဝစွာပါဝင်သဖြင့် ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေရန် ယင်းအစားအစာများ ပိုမိုစားပေးသင့် သည်။                                             

—Ref: Health.com