တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ပညာရေးဝန်ထမ်းသားသမီးများအား ဆုကြေးငွေချီးမြှင့်မည်

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ကြည့်ရှုနေစဉ် (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သော ပညာရေးဝန် ထမ်းသားသမီးများကို ဂုဏ်ထူး တစ်ဘာသာလျှင် ကျပ်တစ်သိန်း နှုန်းနှင့် ရိုးရိုးအောင်မြင်သူများအ တွက် ကျပ်ငါးသောင်းနှုန်းချီးမြှင့် ရန် စီစဉ်နေသည်ဟု ရန်ကုန်တိုင်း ဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။ 

စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများစာ ရင်းကို မိဘတာဝန်ထမ်းဆောင် သည့် ဦးစီးဌာနမှတစ်ဆင့် တင်ပြ ရန် သက်ဆိုင်ရာဦးစီးဌာနများသို့ ညွှန်ကြားထားသည်။ 

‘‘ဒီနှစ်အောင်တဲ့ ပညာရေး ဝန်ထမ်းသားသမီးစာရင်းကို အ ခြေခံပညာဦးစီးရုံးက တောင်းထား တယ်။ အဲဒါကြောင့် မြို့နယ်၊ ခရိုင် ပညာရေးမှူးရုံးတွေကို စနစ်တကျ စာရင်းတင်ပေးဖို့ စာထုတ်ထားပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။ 

စာရင်းပြုစုရာတွင် မိဘနှစ် ပါးစလုံး ပညာရေးဝန်ထမ်းဖြစ်ပါ က ဖခင်တာဝန်ထမ်းဆောင်ရာ ဦးစီးဌာနမှသာ စာရင်းပေးပို့ရမည် ဖြစ်ပြီး ပညာရေးဝန်ထမ်းသားသ မီးတက္ကသိုလ်ဝင်တန်းအောင်မြင် သူစာရင်းမကျန်ရှိစေရေး သတိပြုရန် တိုင်းနှင့် ပြည်နယ်ပညာရေးမှူးရုံးများက ဇွန်လနောက်ဆုံးပတ်တွင် ညွှန်ကြားချက်ထုတ်ပြန်သည်။ 

တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများကို ယခင်နှစ်များ 

က တိုင်းနှင့် ပြည်နယ်အလိုက် ဆုချီးမြှင့်ခြင်းများရှိသော်လည်း ပညာရေးဝန်ကြီးဌာနက ပညာရေးဝန်ထမ်းသားသမီးများအား ၂၀၁၆ တွင် သီးသန့် စတင်ချီးမြှင့်သည်။ 

ယခုအစီအစဉ်တွင် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ သင်ကြားရေး၊ စီမံရေး၊ အောက်ခြေဝန်ထမ်းများ၏ သားသမီးများပါ ပါဝင်သည်။ 

‘‘အရင်ကတော့ တိုင်းအစိုးရ က ဂုဏ်ထူးပါတဲ့ကလေးတွေကို တစ်ဘာသာ ကျပ် ၁၀,၀၀၀ နှုန်း ပေးတာ။ ရိုးရိုးအောင်တော့ မရ ဘူး။ ဝန်ကြီးဌာနက ပေးတာမျိုး မရှိဘူး။ ပြီးခဲ့တဲ့ ၂ နှစ်က စပြီးတော့ဝန်ကြီးဌာနဘက်ကပါ ဝန်ထမ်း သားသမီးတိုင်း အောင်တာနဲ့ ပေး တယ်။ ဒီနှစ်လည်း ဝန်ထမ်းတွေ မျှော်နေကြတာပါပဲ’’ဟု လှိုင်သာ ယာမြို့နယ်နေ အလယ်တန်းပြ ဆရာမ ဒေါ်ခင်ထားမြင့်က ဆို သည်။ 

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲအောင်စာရင်းကို ဇွန်လ ၂ ရက် က ကြေညာရာ ကျောင်းသား ၇၈၀,၀၀၀ ကျော် ဖြေဆိုသည့်အနက် ၂၅၀,၀၀၀ ကျော်အောင်မြင် ပြီး အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့သည်။