ရုပ်ရှင်အကြိုခံစားခြင်း

ရာဇ၀င် ရိုင်းခဲ့သည်

−ဒီကနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ကားတစ် ကားကို ညွှန်းလိုက်ပါတယ်။

ရာဇဝင်က နာမည်ကြီး ဓာတ်ပုံဆရာတစ်ဦးပါ။ သူက ဓာတ်ပုံရိုက်တာတင် နာမည်ကြီးတာ မဟုတ်ပါဘူး။ မော်ဒယ်ကောင်မ လေးတွေနဲ့ ပွေတဲ့၊ ရှုပ်တဲ့နေရာမှာ လည်း နာမည်ကြီးပါတယ်။ သူ က ရုပ်လည်းချောတာကြောင့် ကောင်မလေးတွေကလည်း သူ ပွေရှုပ်တာကို သိပေမယ့် ပတ် သက်ခဲ့ကြပါတယ်။

 သူက မော်ဒယ်ကောင်မ လေးတွေတင် ပတ်သက်ခဲ့တာ တော့ မဟုတ်ပါဘူး။ အမျိုးသမီး ကြီးတစ်ယောက်နဲ့လည်း ပတ် သက်နေပါတယ်။ အဲဒီအမျိုးသမီးကြီးနာမည်က ဒေါ်လှအုန်းမယ် ပါ။ ဒေါ်လှအုန်းမယ်က ရတနာ  ဆိုင်ပိုင်ရှင် အမျိုးသမီးကြီးပါ။ သူ့မှာ အိမ်ထောင်ရှိသလို ဆယ်ကျော်သက်အရွယ် သမီးတစ် ယောက်လည်း ရှိပါတယ်။ ဒါ ပေမဲ့ ခင်ပွန်းရဲ့ ဂရုစိုက်မှုမရှိသလို သမီးဖြစ်သူကလည်း အပေါင်းအသင်းတွေနဲ့ပဲ ပျော်နေတတ် တာကြောင့် ဒေါ်လှအုန်းမယ်က အထီးကျန်သလို ခံစားနေရသူပါ။ အဲဒီအကြောင်းအရာတွေကြောင့်လည်း မိန်းမကြမ်းကျေတဲ့  ရာဇဝင်နဲ့တွေ့တဲ့အချိန်မှာ ဒေါ်လှအုန်းမယ်လည်း ကြွေဆင်းသွားခဲ့ရပါတယ်။ တစ်ရက်မှာတော့ ဒေါ်လှအုန်းမယ်ရဲ့ ရတနာဆိုင်ကြော်ငြာ အတွက် ရာဇဝင်နဲ့ ဓာတ်ပုံရိုက် ခဲ့ပါတယ်။ အဲဒီရိုက်ကွင်းမှာ မော်ဒယ် ထက်နိုင်က သရုပ်ဆောင် အနေနဲ့ ပါဝင်ပါတယ်။ ဖက်ရှင်ဒီဇိုင်နာအနေနဲ့ကတော့ ခင်နန်းစံဆိုတဲ့ ဒီဇိုင်နာက တာဝန်ယူပေးထားပါတယ်။ ဖြစ်ချင်တော့ အဲဒီရိုက်ကွင်းကို ဒေါ်လှအုန်းမယ်ရဲ့ သမီးခက်လည်း လာခဲ့ပါတယ်။

အဲဒီမှာ ရာဇဝင်က ထက်နိုင်ကို ချဉ်းကပ်ပြီး သူစိတ်ဝင်စားနေတဲ့အကြောင်း ပြောခဲ့ပါတယ်။ နောက်ပြီး ခက်ကိုလည်း သိမ်း သွင်းခဲ့ပါတယ်။  ထက်နိုင်က ပထမပိုင်းမှာတော့ ရာဇဝင့်ကို ခါးခါးသီးသီးငြင်းခဲ့ပေမယ့် နောက် ပိုင်းမှာတော့ ရာဇဝင်ရဲ့ အပြောအဆိုတွေအောက်မှာပဲ ကျရှုံးသွား ပါတယ်။

အဲဒီလိုပါပဲ ဒေါ်လှအုန်းမယ် ရဲ့သမီး ခက်ကိုလည်း ရာဇဝင်က သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ရာဇ ဝင်က ထက်နိုင်နဲ့ ခက်တို့ကို ဘာကြောင့် သိမ်းသွင်းခဲ့တာလဲ၊ ဖက်ရှင်ဒီဇိုင်နာ ခင်နန်းစံကကောဘယ်လိုဇာတ်လမ်းတွေ ပါဝင် ဦးမှာလဲဆိုတာတွေကိုတော့ ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာ ဇူလိုင်၆ ရက်ကနေ စတင်ပြီး ရုံတင်ပြ တော့မယ့် ရာဇဝင်ရိုင်းခဲ့သည်ဆို တဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဆက် လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ရာဇဝင်အဖြစ် ဇေရဲထက်၊ ထက်နိုင်အဖြစ် အောင်လေး၊ ခင်နန်းစံအဖြစ် ဇင်ဇင်ဇော်မြင့်နဲ့ ဒေါ်လှအုန်းမယ်အ ဖြစ် ခင်ဇာခြည်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ ရွှေရေးထင်ထင်က ရိုက်ကူးပုံဖော် ထားပါတယ်။