အာဖဂန်နစ္စတန်နိုင်ငံတွင် အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွားပြီး အနည်းဆုံး လူ ၁၉ ဦး သေဆုံး

ဂျာလာလာဘတ်မြို့တွင် ဇူလိုင် ၁ ရက်က အသေခံတိုက်ခိုက်မှု ဖြစ်ပွားရာနေရာ၌ အရေးပေါ်လုပ်သားများက အလောင်းတစ်လောင်းကို ဖယ်ရှားနေစဉ် (AP)

ဇူလိုင် ၁ ရက်က အာ ဖဂန်နစ္စတန်နိုင်ငံ အရှေ့ဘက် ဂျာလာလာဘတ်မြို့တွင် အသေ ခံ ဗုံးဖောက်ခွဲမှုကြောင့် လူ ၁၉ ဦးထက်မနည်း သေဆုံးပြီး သေဆုံး သူအများစုသည် လူနည်းစု ဆစ်ခ်(Sikh) လူမျိုးများဖြစ်သည်။

 နန်ဂါဟာ ပြည်နယ်သို့ ရောက်ရှိနေသော အာဖဂန်နစ္စ တန်သမ္မတ အက်ရှ်ရာဂါနီကို တွေ့ဆုံရန် ကားတစ်စီးဖြင့် ခရီး ထွက်လာသူများ အသေခံဗုံးခွဲ တိုက်ခိုက်ခံရကြောင်း ရဲတပ်ဖွဲ့ က ပြောသည်။


သေဆုံးသူများအနက် လာ မည့် အောက်တိုဘာရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဆစ်ခ်လူမျိုး ကိုယ်စားလှယ် လောင်းတစ်ဦး ပါဝင်သည်။

အဆိုပါ အသေခံဗုံးခွဲတိုက် ခိုက်မှုကို မိမိတို့ပြုလုပ်ကြောင်း အိုင်အက်စ်အဖွဲ့က Amaq သတင်းဌာနမှတစ်ဆင့် ကြေညာ သော်လည်း ခိုင်မာသော သက် သေ အထောက်အထားများကို ဖော်ပြခြင်းမရှိပေ။

နန်ဂါဟာပြည်နယ်သို့ နှစ် ရက်ကြာ ခရီးစဉ်ရောက်ရှိနေ သော သမ္မတဂါနီသည် အစော ပိုင်းက ဂျာလာလာဘတ်မြို့တွင် ဆေးရုံအခမ်းအနား ဖွင့်ပွဲတစ်ခု တက်ရောက်ခဲ့သော်လည်း ဗုံး ပေါက်ကွဲမှုဖြစ်ပွားစဉ် ၎င်းသည် ထိုမြို့တွင်ရှိမနေကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ အသေခံဗုံးခွဲမှုကို ကဘူးလ်မြို့ရှိ အိန္ဒိယသံရုံးက ပြစ် တင်ရှုတ်ချပြီး ယင်းတိုက်ခိုက်မှု က နိုင်ငံတကာအကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်စွာ ဆောင်ရွက် ရန် လိုအပ်သည်ကို မီးမောင်းထိုး ပြနေကြောင်း သံရုံး၏ တွစ်တာ စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ သည်။

သေဆုံးသူ ၁၉ ဦးအနက် ၁၇ ဦးသည် ဆစ်ခ်နှင့် ဟိန္ဒူလူမျိုး များဖြစ်ပြီး နောက်ထပ် လူ ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နန် ဂါဟာပြည်နယ် ကျန်းမာရေးညွှန် မှူး နာဂျီဘူလာခါမာဝါလ်ကပြောသည်။

အသေခံ ဗုံးခွဲတိုက်ခိုက်သူ သည် မူခ်ဟာဘီရတ်ရင်ပြင်သို့ ဖြတ်မောင်းလာသည့် အဆိုပါ ယာဉ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ပြီး ဗုံးပေါက်ကွဲမှုကြောင့် အနီးရှိ ဈေးဆိုင်များနှင့် အဆောက်အ အုံများလည်း ဆိုးရွားစွာပျက်စီးခဲ့ သည်။

တနင်္ဂနွေနေ့က အသေခံဗုံး ခွဲမှုသည် အိုင်အက်စ်အဖွဲ့မပါသော အာဖဂန်အစိုးရအဖွဲ့နှင့် တာလီဘန် စစ်သွေးကြွအကြား သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး သတ်မှတ်ကာလကုန်ဆုံးပြီး နောက် ဖြစ်ပွားသော နောက်ဆုံး တိုက်ခိုက်မှုဖြစ်သည်။

—Ref: BBC