အသက် (၂၅)နှစ်အရွယ် ဆာယတ်ဆာဒီ အသက်အငယ်ဆုံး မလေးရှားဝန်ကြီးဖြစ်လာ

 ဇူလိုင် ၂ ရက် က လူငယ်နှင့် အားကစားဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုခဲ့သော ဆာ ယတ်ဆာဒီ အဘာဒလ်ရာမန် သည် မလေးရှားနိုင်ငံ၏ အသက် အငယ်ဆုံးဝန်ကြီးဖြစ်လာသည်။

အသက် (၂၅)နှစ်အရွယ် ဆာယတ်ဆာဒီသည် တနင်္လာနေ့ က နန်းတော်တွင် မလေးရှားဘုရင်ဆူလ်တန်မိုဟာမက် ရှေ့မှောက် ၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သော ဒုဝန်ကြီး ၂၃ ဦးနှင့် ဝန်ကြီး ၁၃ ဦးတွင် ပါဝင်သည်။


ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇာတ်သည်လည်း ၁၉၇၈ က စွမ်းအင်နှင့်ဆက်သွယ်ရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရစဉ် အသက် (၂၅)နှစ်သာရှိခဲ့သည်။

ထို့အပြင် ဆာယတ်ဆာဒီ မတိုင်မီ လူငယ်နှင့် အားကစား ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ သော ခါရီဂျူမာလူဒင်သာလည်း အသက် (၃၇)နှစ်အရွယ် ၂၀၁၃ တွင် ဝန်ကြီးအဖြစ် ခန့်အပ်ခံရ၍ ထိုစဉ်က မလေးရှားနိုင်ငံ၏ အ သက်အငယ်ဆုံး ဝန်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ခါရီဂျူမာလူဒင်သာက လူ ငယ်နှင့် အားကစားဝန်ကြီးသစ်အတွက် ဂုဏ်ယူကြောင်းနှင့် ဆာ ယတ်အနေဖြင့် ဝန်ကြီးဌာနအ တွက် ကြီးမားသော အောင်မြင်မှု များ ဆောင်ကြဉ်းလာနိုင်မည်ဟု မျှော်လင့်ကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။

ဒီဇင်ဘာတွင် အသက် (၂၆)နှစ်ပြည့်မည့် ဆာယတ်က ၎င်းကို ဝန်ကြီးအဖြစ် ခန့်အပ်မှုက မလေး ရှားလူငယ်များ၏ အမြင်နှင့် လှုပ်ရှားမှုများအပေါ် Pakatan Hara-pan ပါတီ၏ အရေးပါသော အ သိအမှတ်ပြုမှုဟုဆိုသည်။

 ‘‘ကျွန်တော့်ကို ဝန်ကြီး တာဝန် ခန့်အပ်မှုကနေပြီးတော့ အနာဂတ်မှာ လူငယ်တွေအနေနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည် နိုင်မယ့် အခွင့်အရေးတွေ ပိုပြီး လမ်းပွင့်လာပါလိမ့်မယ်။ လူငယ် တွေက အနာဂတ်ရဲ့ ခေါင်းဆောင်တွေသာမကပါဘူး။ ဒီကနေ့ခေတ်ရဲ့ ခေါင်းဆောင်တွေဆိုလည်း ဟုတ်ပါတယ်’’ဟု ဆာယတ်က ကျမ်းသစ္စာကျိန်ဆို အခမ်းအနား တွင် သတင်းထောက်များအား ပြောကြားသည်။

International Islamic University တက္ကသိုလ်မှ ဥပဒေ ဘွဲ့ရရှိခဲ့သော ဆာယတ်သည် Asian British Parliamentary (ABP) Debating Champion-ship ပြိုင်ပွဲတွင် Asia's Best Speaker ဆု သုံးကြိမ်တိုင်ဆွတ် ခူးပြီးနောက် လူသိများလာသည်။

—Ref: Bernama/CNA