လက်ဝဲဝါဒီလိုပက်ဇ်အိုဘရာဒါ မက္ကဆီကိုသမ္မတသစ်အဖြစ် ရွေးကောက်ခံရ

_Reuters

ဇူလိုင် ၁ ရက် က ကျင်းပခဲ့သော မက္ကဆီကို သမ္မတရွေးကောက်ပွဲတွင် လက် ဝဲဝါဒီ လိုပက်ဇ်အိုဘရာဒါက ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။

မက္ကဆီကိုစီးတီးမြို့တော်ဝန် ဟောင်း အိုဘရာဒါသည် မဲ ၅၃ ရာခိုင်နှုန်းခန့် ရရှိခဲ့ကြောင်း ရွေး ကောက်ပွဲတာဝန်ရှိသူများက ပြောပြီး ယင်းမှာ ၎င်း၏ အနီးကပ် ဆုံး ပြိုင်ဘက်ထက် မဲရာခိုင်နှုန်း နှစ်ဆကျော် အသာရခြင်းဖြစ် သည်။

အနီးကပ်ဆုံး ပြိုင်ဘက်များ က အရှုံးကို ဝန်ခံခဲ့ပြီး အနိုင်ရသူ အိုဘရာဒါအတွက် ဂုဏ်ယူ ကြောင်း အသီးသီးပြောသည်။

ကနဦး မဲရလဒ်များအရ တတိယနေရာသာချိတ်ခဲ့သူ လက်ရှိအာဏာရပါတီကိုယ်စားလှယ် လောင်း ဂျို့စ်အန်တိုနီယိုမီယာဒီ က အိုဘရာဒါအနေဖြင့် အကြီးအ ကျယ်အောင်မြင်ပါစေဟု ဆန္ဒပြု ကြောင်း ထောက်ခံသူများအား ပြောသည်။

မီယာဒီ၏ အင်စတီကျူရှင် နယ်တော်လှန်ရေးပါတီသည် မက္ကဆီကိုနိုင်ငံရေးကို ဆယ်စုနှစ် များစွာ စိုးမိုးထားသော်လည်း လူကြိုက်များမှု လျော့နည်းလာ သည်။

‘‘အိုဘရာဒါရဲ့ အောင်နိုင်မှုကို ကျွန်တော်အသိအမှတ်ပြုပြီး ဂုဏ်ယူကြောင်း ထုတ်ဖော်ပြော ဆိုခဲ့ပါတယ်။ မက္ကဆီကို ကောင်း ကျိုးအတွက် သူအများကြီးစွမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုပါ တယ်’’ဟု ကွန်ဆာဗေးတစ်အမျိုး သားအက်ရှင်ပါတီမှ ကိုယ်စား လှယ်လောင်း ရီကာဒိုအန်နာယာ က ပြောကြားသည်။

မက္ကဆီကိုသမ္မတသစ်ဖြစ် လာသူ အိုဘရာဒါကို ဂုဏ်ယူ ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်း တွစ်တာ ၌ ဖော်ပြသည်။

‘‘သူနဲ့ အလုပ်တွဲလုပ်ဖို့ ကျွန် တော် အလွန်ပဲ စိတ်အားထက် သန်နေပါတယ်။ အမေရိကန် ရော မက္ကဆီကိုအတွက်ပါ အကျိုး ရှိမယ့်အရာတွေလုပ်ဖို့ အများကြီး ကျန်ပါသေးတယ်’’ဟု ဒေါ်နယ် ထရန့်က တွစ်တာအကောင့်၌ ဖော်ပြခဲ့သည်။

—Ref: BBC/Reuters