အမေရိကန်နိုင်ငံတစ်ဝန်း ဒေါ်နယ်ထရန့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်ဆန္ဒထုတ်ဖော်

 ဇွန်လ ၃၀ ရက်တွင် အမေရိကန်နိုင်ငံတစ်လွှား ထောင်ချီသော ဆန္ဒထုတ်ဖော်သူများ ချီ တက်စုဝေး၍ ဒုက္ခသည်မိသားစု ဝင်များအား သီးခြားခွဲထားသည့် သမ္မတ ဒေါ်နယ်ထရန့် ဦးဆောင် သော အစိုးရ၏ လူဝင်မှုကြီးကြပ် ရေးမူဝါဒကို ကန့်ကွက်ခဲ့သည်။


အိမ်ဖြူတော်မှ Lafayette Square ဥယျာဉ်သို့ ချီတက်လာ သော ဆန္ဒထုတ်ဖော်သူများသည် နယ်စပ်ဒေသတွင် ဒုက္ခသည် မိသားစုများအား အတူထားရှိရန် ဒုက္ခသည်ကလေးငယ်များ၊ လူ ကြီးမိဘများနှင့် ခွဲထားခြင်းမပြု ရန် လော်စပီကာများဖြင့် အော် ဟစ်ကြွေးကြော်ခဲ့သည်။

ဆန္ဒပြမှုများ ဖြစ်ပွားစဉ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ် ဖြူတော်တွင် ရှိမနေဘဲ နယူးဂျာစီပြည်နယ် ထရန့်အမျိုးသားဂေါ့ဖ် ကလပ်တွင် ရောက်နေသည်။

သမ္မတဒေါ်နယ်ထရန့် မေ လအစောပိုင်းတွင် စတင်ထုတ်ပြန်သော မူဝါဒအရ မက္ကဆီကို နယ်စပ်မှတစ်ဆင့် အမေရိကန် သို့ တရားမဝင်ဖြတ်ကျော်ဝင် ရောက်လာသူ၊ နိုင်ငံရေးလှုံခွင့် တောင်းခံသူ လူကြီးများကို ဖမ်းဆီးအရေးယူစဉ် ၎င်းတို့နှင့်အတူ လိုက်ပါလာသော ကလေးငယ် များကို သီးခြားခွဲထားခဲ့သည်။

ပဋိပက္ခများနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မိခင် နိုင်ငံမှ ထွက်ပြေးလာသော ဗဟို အာဖရိက ဒုက္ခသည်များသည် မက္ကဆီကိုနယ်စပ်မှတစ်ဆင့် အမေရိကန်သို့ရောက်ရန် ကြိုးပမ်း ကြခြင်းဖြစ်သည်။

သို့ဖြစ်၍ ထရန့်၏ အဆိုပါ မူဝါဒကြောင့် ဒုက္ခသည်မိသားစု များ တကွဲစီဖြစ်ရသဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအ ဝိုင်းကလည်း ပြစ်တင်ရှုတ်ချခဲ့ သည်သာမက သမ္မတကတော် မီလန်နီယာထရန့်ကပင် ကလေး နှင့် မိဘများ ခွဲထားခြင်းကို မနှစ် မြို့ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

ထို့ကြောင့် နောက်ဆုံးတွင် ထရန့်သည် ယင်းလူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပြန်လည်ပြင်ဆင် ခဲ့ပြီး ဒုက္ခသည်မိသားစုများကို အတူတကွ ထိန်းသိမ်းထားရန် လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ မူဝါဒပြန်လည်ပြင် ဆင်သော်လည်း ပြီးခဲ့သည့် သီ တင်းပတ်တွင် ဖော်ပြသော တရားဝင် အချက်အလက်များအရလူကြီးမိဘများနှင့် ခွဲနေရသော ကလေးငယ် ၂,၀၀၀ ခန့် ကျန်ရှိ နေသေးသည်။

ကြာသပတေးနေ့တွင် ဒေါ်နယ်ထရန့်၏ လူဝင်မှုကြီးကြပ် ရေးမူဝါဒကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် အမျိုးသမီး ၅၀၀ ကျော်ဖမ်းဆီးခံရပြီးနောက် စနေနေ့က နိုင်ငံတစ်ဝန်း ချီတက်ဆန္ဒထုတ် ဖော်မှုများ ပေါ်ပေါက်လာသည်။

ဇွန်လ ၃၀ ရက်က ဖီလာ ဒဲလ်ဖီးယား၊ ဘော်စတွန်၊ ဒန်ဗာ၊ ချီကာဂိုနှင့် ပေါ့လန် စသည့် မြို့ များတွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ သည်။               

—Ref: AFP