ယနေ့အကြံပြုချက်

အသည်းကွဲခြင်း၏ ကောင်းကျိုးများ

အချစ်သည်လှပသည်။ သို့သော် သေမလောက်လည်း ခံစားရ တတ်သည်။ အလွန်အမင်းပျော်ရွှင်ရနိုင်သလို မခံစားနိုင်လောက် အောင်လည်း ဖြစ်တတ်သည်။  တစ်စုံတစ်ယောက်နှင့် ချစ်ကြိုးချည် နှောင်ထားလျှင် သူ၊သူမကို ဆုံးရှုံးရမှာကို သေမလောက်ကြောက်ပြီး နှစ်ဦးသားပြတ်စဲသွားချိန်တွင် မျှော်လင့်ချက်မရှိ၊ ဘဝမရှိဟု ခံစားရ တတ်သည်။ သို့သော်အသည်းကွဲတာ ကောင်းတယ်ဟု ဆိုနိုင်သော အချက်အချို့ကို ကြည့်ကြပါစို့။
 

ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်နိုင်ခြင်း

နှစ်ဦးသားဆက်ဆံရေးအဆုံးသတ်ခြင်းသည် အကြောင်းတစ်ခု ရှိပြီး မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ရန် အချိန်ကောင်းဖြစ်သည်။ သင့်အမှားကြောင့် မဟုတ်ဘဲ သင့်လက်တွဲဖော်ကြောင့် အသည်းကွဲရ သည်ဆိုလျှင် သင်ခန်းစာယူရန် အခွင့်အရေးဖြစ်သည်။

ရဲရင့်ရန်သင်ပေးသည်

အသည်းကွဲပြီး ဘဝကိုရင်ဆိုင်ရသည်မှာ မလွယ်ကူပေ။သို့သော် ဆက်လက်ရှင်သန်ရမည်။ အိပ်ပျက်ညများမှ နိုးထ၍ အလုပ်သွားရ သည်။ ဘယ်လောက်ပဲငိုနေပါစေ တစ်နေ့နေ့မှာတော့ ဟာသတစ်ခု ကြားလျှင် ရယ်မောမည်မှာ အသေအချာဖြစ်သည်။ အသည်းကွဲခြင်း က သင့်ကိုရဲရင့်ဖို့၊ စိတ်ဓာတ်ခိုင်မာဖို့ သင်ပေးပါသည်။

ကိုယ့်ဘာသာကိုယ် နေတတ်လာသည်

အသည်းကွဲပြီးအစပိုင်းတွင် အထီးကျန်မှုက နှိပ်စက်နိုင်သော် လည်း နောက်ပိုင်းတဖြည်းဖြည်းနှင့် တစ်ယောက်တည်းနေထိုင်တတ် လာပြီး နှစ်သက်လာသည်။ ကိုယ်နှစ်သက်ရာ ဝါသနာတစ်ခုကို စူးစူး စိုက်စိုက် လေ့လာနိုင်သည်။

စိတ်ရှည်မှုကို စမ်းသပ်သည်

အသည်းကွဲပြီးနောက် နာကျင်မှုသည် ပြင်းထန်လွန်းသဖြင့် သင် ၏ စိတ်ရှည်သည်းခံမှုကို အခြားဘာနှင့်မျှမတူ စမ်းသပ်တတ်သည်။ ချစ်သူကိုလွမ်းလွန်းသဖြင့် သူနှင့်စကားပြောရန် ဘာမဆိုပေးမည်ဆို သော အချိန်များရှိတတ်သည်။ သတိရလွန်းသဖြင့် သူ့ဆီအပြေးမသွား မိရန် မနည်းထိန်းချုပ်ထားရတတ်သည်။ သို့သော် သင်၏စိတ်ရှည် သည်းခံနိုင်စွမ်းက သင့်ကိုကုစားပါလိမ့်မည်။

အနာဂတ်ဆက်ဆံရေးများအတွက် ပြင်ဆင်ပေးသည်

အသည်းကွဲခြင်းမှရရှိသော နာကျင်မှုများအပြင် အနာဂတ်ဆက် ဆံရေးအတွက် ထိုကဲ့သို့ အသည်းကွဲခြင်းမှ ရရှိသော သင်ခန်းစာများ က အထောက်အကူပြုပါသည်။ ယင်းသည် စောင့်ကြည့်ပြီး သင်ယူ ရသလိုဖြစ်သည်။ ဘယ်အမှားများကို ရှောင်ရမည်။ ဘယ်အရည် အချင်းများကို တန်ဖိုးထားရမည်ဆိုခြင်းကို သိလာပါသည်။

—Ref:Internet