စနစ်တကျဖွံ့ဖြိုးရန် လိုအပ်လာသော အွန်လိုင်းဂိမ်းရေစီး

လက်ဖက်ရည်ဆိုင် စားပွဲ ထိုးလေး မောင်ရဲကိုတစ်ယောက် ကျပ် ၁၀,၀၀၀ တန် အင်္ကျီတစ်စုံဝယ်ရန် ပြင်ဆင်နေသည်။ ယမန်နေ့က လည်း ကျပ် ၂၀,၀၀၀ တန်တစ်စုံ ဝယ်ယူထားပြီးဖြစ်သည်။

သို့သော် သူဝယ်ခဲ့သည့် ဝတ် စုံများကို သူဝတ်ဆင်ပိုင်ဆိုင်ခွင့်ရှိ သည်မဟုတ်ပါ။ ထိုဝတ်စုံများက သူကစားနေကျ Mobile Legend (ML) ဂိမ်းထဲမှ ဇာတ်ကောင် ကယ်ရီ (Karrie) ဝတ်ဖို့ ဝတ်စုံများ သာ ဖြစ်သည်။

မန္တလေးမြို့၏ လူစည်ကား သော လက်ဖက်ရည်ဆိုင်တစ်ခု တွင် အလုပ်လုပ်နေပြီး လစာ ကျပ် ၆၀,၀၀၀ ကျော်သာရသည့် မောင်ရဲကို (အသက် ၁၂နှစ်) ဝတ် ဆင်ထားသည်ကတော့ နဂါးပျံ လက်ဖက်ခြောက် အမှတ်တံဆိပ် လက်တို တီရှပ်တစ်ထည်သာဖြစ် သည်။

‘‘အဲဒီကောင် (Karrie) ကို ဆော့ရတာ ကျွန်တော် အရမ်း ကြိုက်တယ်။ နောက်ဆုံး ပါဝါသုံး လိုက်ရင် ပစ်တာ အရမ်းမြန်တယ်၊ မိုက်လည်းမိုက်တယ်’’ဟု မောင်ရဲ ကိုက အားတက်သရောပြော သည်။

မောင်ရဲကိုသည် ၎င်း၏ဇာတိ ရွှေဘိုနယ်ဘက်တွင် မိဘများ အဆင်မပြေသောကြောင့် မန္တလေးရှိ လက်ဖက်ရည်ဆိုင်တွင် စားပွဲ ထိုးလာရောက်လုပ်ကိုင်နေသူဖြစ် ပြီး ရရှိသည့် လစာကို သုံးလတစ် ကြိမ်ခန့် မိဘများထံ ပြန်ပို့ပေးနေ သည်။

သို့သော် သူနှစ်သက်သည့် ဂိမ်းထဲမှ ဇာတ်ကောင် (Hero) ကို အများနှင့်မတူသည့် ဝတ်စုံ (Skin) တစ်ခု ဝတ်ဆင်ပေးပြီး ဂိမ်းကစား သည့်အခါ ရွယ်တူကလေးများကို ကြွားဝါနိုင်ရန် ၎င်းရရှိသော လစာ၏ ထက်ဝက်ခန့်အသုံးပြုနေသည်။

‘‘သူ့ကို မဝယ်ဖို့ ဝိုင်းပြော တယ်။ ပြောလို့မရဘူး။ ကျွန်တော် တို့လည်း အဲဒီလိုမျိုး လိုချင်တာ ပေါ့။ ဒါပေမဲ့ မဝယ်နိုင်ပါဘူး။ နှမြောစရာကြီး’’ဟု မောင်ရဲကို၏ သူငယ်ချင်းစားပွဲထိုးတစ်ဦးက မှတ်ချက်ပေးသည်။

တန်ဖိုးနည်း စမတ်ဖုန်းများ နှင့် ဆင်းမ်ကတ်များ လူတန်းစား မရွေး ကိုင်တွယ်အသုံးပြုလာသည် မှာ ဆယ်စုနှစ်တစ်ခုပင် မပြည့် သေးသည့် မြန်မာနိုင်ငံတွင် e-Sport ဂိမ်း အမျိုးအစားဖြစ် သည့် Mobile Legend ဂိမ်းသည် ၂၀၁၇ နှစ်ဆန်းပိုင်းကစ၍ လူငယ် များအကြား ရေပန်းစားလာပြီး တစ်နှစ်ကျော်အတွင်း ယင်းဂိမ်း ကစားသူ တစ်သန်းကျော်ရှိလာ ပြီဖြစ်သည်။

စမတ်ဖုန်းဖြင့် Mobile Legend (ML) ဂိမ်းကစားသူ လူ ငယ်များအကြားတွင် မောင်ရဲကို ကဲ့သို့ပင် မိမိဝင်ငွေ၏ မနည်းလှ သော ပမာဏကို ဂိမ်းအတွက် အသုံးပြုနေသူများ တဖြည်းဖြည်း မြင့်တက်လာနေသည်။

Counter-Strike, Dota 2 အစရှိသည့် လူကြိုက်များသည့် e-Sport ဂိမ်းများရှိသော်လည်း ကွန်ပျူတာဖြင့်သာ ဆော့ကစား နိုင်သဖြင့် အားလပ်ချိန်ရှိပါက နေရာမရွေး ဖုန်းပေါ်မှ ဆော့ကစားနိုင်သည့် ML ဂိမ်းသည် လတ် တလော လူကြိုက်အများဆုံးဖြစ် နေသည်။

Mobile Legend ဂိမ်းသည် တစ်ဖက်လျှင် လူငါးဦးနှုန်းဖြင့် မိမိ တို့နှစ်သက်သော Hero (ဇာတ်ကောင်)များကို ရွေးချယ်ကာ ပြိုင်ပွဲတစ်ပွဲလျှင် လူ ၁၀ ဦး ယှဉ်ပြိုင် ဆော့ကစားရသည့် အွန်လိုင်းအ ခြေပြုဂိမ်းတစ်မျိုးဖြစ်သည်။

ဂိမ်းကစားသူများသည် ဖေ့စ် ဘွတ်ခ် (သို့မဟုတ်) gmail ကဲ့သို့ အကောင့်များဖြင့် မိမိတို့၏ ဂိမ်း အကောင့်များကို ချိတ်ဆက်ထား ရန် လိုအပ်သည်။

ဂိမ်းကစားသူများအနေဖြင့် မိမိတို့၏ ဇာတ်ကောင်များကို အ များနှင့်မတူသည့် ဝတ်စုံများ ဝတ် ဆင်ပေးကာ ဆော့ကစားနိုင်ရန် ဂိမ်းကုမ္ပဏီမှ ရောင်းချပေးသော ဝတ်စုံ (Skin) ဝယ်ယူနိုင်မည့် စိန် တုံးများကို ငွေကြေးအကုန်အကျ ခံဝယ်ယူကာ ဆော့ကစားနေခြင်း ဖြစ်သည်။

ဂိမ်းဆော့ရာတွင် ငွေကြေး သုံးစွဲ၍ ကစားခြင်းကို ယခင်က ငွေတတ်နိုင်သည့် လူငယ်များသာ ပြုလုပ်လေ့ရှိသော်လည်း ၂၀၁၇ နှစ်ကုန်ပိုင်းကစ၍ အလွယ်တကူ ဝယ်ယူရရှိလာနိုင်သဖြင့် ငွေကြေးမတတ်နိုင်သော်လည်း ဝင်ငွေအ နည်းငယ်ရှိသည့်လူငယ်များပါ ငွေစု၍ ဂိမ်းအတွက်သုံးလာကြသည်။

ဂိမ်းအတွက် စိန်တုံးများကို ကိုယ်တိုင် ဝယ်ယူလိုသူများအ တွက် Ok$, Wave Money စရှိ သည့် ငွေပေးချေဝန်ဆောင်မှုများ မှ ဝယ်ယူနိုင်ရန် ဝန်ဆောင်မှုပေး နေသည်။

ထို့အပြင် ဆက်သွယ်ရေး အော်ပရေတာများနှင့် ဝန်ဆောင် မှုကုမ္ပဏီအချို့ ပူးပေါင်းကာ ဖုန်းဘီလ်ဖြင့် ဝယ်ယူနိုင်သည့် Codashop အမည်ဖြင့် ဝက်ဘ် ဆိုက်တစ်ခုလည်း ဖွင့်လှစ်ထား သည်။

ML ဂိမ်းအတွက် စိန်တုံးများ ရောင်းချပေးနေသည့် မခင်ရတနာ ဌေးက ‘‘အရင်က Google Play Gift Card နဲ့ပဲရတယ်။ အဲဒီတုန်း က ဈေးကြီးပေးဝယ်ရတယ်။ အခု Codashop ကနေ ဖုန်းဘီလ်နဲ့ရ တယ်။ အဲဒီမှာ လူတွေရဲ့ သဘော သဘာဝအရ ဈေးသက်သာတာ  ကို ရှာလာကြတယ်။ တစ်ဆင့်ခံ ရောင်းပေးသူတွေဆီမှာ ဈေးသက် သာတော့ ပိုဝယ်လာကြတယ်’’ဟု ပြောသည်။

လက်ရှိတွင် ML ဂိမ်း စိန်တုံး ရောင်းချပေးနေသူတစ်ဦးလျှင် ပျမ်းမျှအနေဖြင့် တစ်လလျှင် အ နည်းဆုံးလူ ၆၀၀ မှ ၁,၀၀၀ ခန့် အထိ ရောင်းချပေးနေရပြီး အနည်းဆုံး ကျပ် ၆,၀၀၀ မှ ၁၀၀,၀၀၀ ဖိုးအထိ ရောင်းချပေးနေသည်။

Mobile Legend ဂိမ်းကို တစ်နှစ်ခွဲခန့် ကစားနေသည့် ကိုအုပ်စိုးခန့် (အသက် ၂၂ နှစ်) က ‘‘ဦးလေးဆီက မုန့်ဖိုးတောင်းပြီး တစ်သိန်းဖိုးကို Play Store Gift Card နဲ့ ဂိမ်းထဲက လိုချင်တဲ့ဝတ်စုံ တွေ ဝယ်ခဲ့တာပါ။ အဲဒီတုန်းက ပေါ်ခါစဆိုတော့ ခုလို တစ်ဆင့်ခံ ရောင်းပေးတာတွေ၊ ဖုန်းဘီလ်နဲ့ ဝယ်လို့ရတာတွေ မရှိသေးဘူး’’ဟု ပြောသည်။

ခေတ်ရေစီးကြောင်းအရ လူ ကြိုက်များလာသဖြင့် ပြည်တွင်းရှိ ML ကစားသမားများအချင်းချင်း စုဝေး၍ အတွေ့အကြုံများ မျှဝေ ရန် ဂိမ်းအတွင်း၌ ဝတ်စုံ (Skin) များ၊ (Emblem Set) တိုက်ခိုက်ရေးစွမ်းရည်များ အဆင့်မြှင့်တင်ရန် စိန်တုံးများရောင်းချ၊ ဝယ်ယူခြင်းတို့အတွက် လူမှုကွန်ရက်များတွင် သီးခြားအစုအဖွဲ့များ ဖွဲ့စည်းလာကြသည်။

မြန်မာနိုင်ငံ၌ လူသုံးအများ ဆုံး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် လက်ရှိအထိ ML နှင့်ပတ်သက်၍ အနည်းဆုံး လူ ၁၀,၀၀၀ ခန့်မှ၁၀၀,၀၀၀ ခန့်အထိ ပါဝင်ဖွဲ့စည်း ထားသော (Group) အဖွဲ့ ၅၀ ခန့်အထိရှိလာပြီး ဂိမ်းကစားသူများ ကို စိန်တုံးများ ရောင်းချပေးနေသူများသည် ရာဂဏန်းခန့်ပင်ရှိလာ ပြီဖြစ်သည်။


Zurich Mobile Legends Myanmar Cup 2018 Grand Final ကို မြန်မာပလာဇာတွင် ဇွန်လ ၂၁ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ − Zurich Marketing Company)

‘‘သူငယ်ချင်းတွေနဲ့ အဖွဲ့ လေးဖွဲ့ထားတယ်။ အဖွဲ့ခေါင်း ဆောင်က ပိုက်ဆံတတ်နိုင်တော့ အဖွဲ့သားတွေကို တစ်လတစ်ခါ မဲဖောက်ပေးတယ်။ ကြိုက်တဲ့ ဝတ်စုံ (Skin) တောင်းလို့ရတယ်’’ ဟု ML ဂိမ်း၏ Squad အဖွဲ့တွင် ပါဝင်၍ တစ်နှစ်ခန့် ကစားနေ သည့် အသက် (၂၅)နှစ်အရွယ် ကိုမိုးနိုင်က ပြောသည်။

လူငယ်များကြား ငွေကြေး ပိုမိုသုံးစွဲကာ ဂိမ်းကစားလာသော် လည်း မမှန်ကန်သည့် ရောင်းချ သူအချို့ကြောင့် ငွေကြေးဆုံးရှုံးမှု ပြဿနာများ ပေါ်ပေါက်နေသည်။ ML ကစားသမားအချို့၏ ယုံလွယ်မှုကို အသုံးချ၍ စိန်တုံးရောင်းချ ပေးမည်ဆိုကာ အကောင့်တုများ ဖြင့် ငွေကြေးလိမ်လည်မှုများ ဖြစ် လာခြင်းဖြစ်သည်။

‘‘ကိုယ်မဝယ်ခင်မှာ တကယ် ရောင်းတာ ဟုတ်၊ မဟုတ်။ အ ကောင့်အစစ် ဟုတ်၊ မဟုတ် အ ချိန်ခဏပေးပြီး ဝင်ကြည့်သင့်တာ ကို မကြည့်ကြဘူး။ မက်လုံးတွေ နောက်သာလိုက်နေကြတော့ လိမ် ဖို့ချောင်းနေတဲ့ လူလိမ်တွေအ ကြိုက်ဖြစ်ပြီး ဝယ်တဲ့နေရာမှာ အ လိမ်ခံကြရတာ အများကြီးဖြစ်လာ တယ်’’ဟု မခင်ရတနာက ဆို သည်။

တစ်နှစ်ကျော်အတွင်း ဆော့ကစားသူ ၁ ဒသမ ၂ သန်းအထိ ရှိလာသဖြင့် ML ဂိမ်းထုတ်လုပ် သော တရုတ်အခြေစိုက် ဂိမ်း ကုမ္ပဏီ Moonton သည် ပြည်တွင်း အခြေစိုက် အဖွဲ့အစည်းနှစ်ခုနှင့် ပူးပေါင်းကာ မြန်မာကစားသမား များအတွက် ဆုကြေးပေးမည့် ပြိုင်ပွဲနှစ်ခုကိုလည်း ပြုလုပ်လာပြီဖြစ်သည်။

ပြိုင်ပွဲနှစ်ခုထဲမှ တစ်ခုကို ပြည်တွင်းရှိ Game Cast Networkမြန်မာအမည်ရှိ အဖွဲ့အစည်းတစ် ခုနှင့် ပူးပေါင်းပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်း ဆုကြေး ကန်ဒေါ်လာ ၆,၀၀၀ (ကျပ် ၈၂ သိန်းကျော်)ခန့် ပေးအပ်မည့် ပြိုင်ပွဲဖြစ်ကာ ပြိုင်ပွဲကို ဇူလိုင် ၁ ရက်တွင် စတင် ပြုလုပ်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ရန် လူ ၁,၀၀၀ ခန့် စာရင်းပေးထားသည်။ 

‘‘ပြိုင်ပွဲဝင် ကစားသမားတွေ ထဲက နောက်ဆုံး ချန်ပီယံတစ် သင်းကို အခုဆုကြေးငွေအပြင် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အင်ဒိုနီးရှားမှာလုပ်မယ့် Mobile Legend (ML) အရှေ့တောင် အာရှပြိုင်ပွဲမှာ ဝင်ပြိုင်လို့ရအောင် ထပ်ပို့ပေးမှာပါ’’ဟု Game Cast Network မြန်မာ၏ အကြီးတန်း တာဝန်ခံ ကိုစိုးမိုးဦးက ပြော ကြားသည်။

အခြားပြိုင်ပွဲတစ်ခုသည် Zurich အမည်ရှိ ပြည်တွင်းရှိ ဝန်ဆောင်မှုကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ ပြည်နယ်နှင့် တိုင်း ၁၀ခုမှ ကစားသမားများ ဖိတ်ခေါ်ကာ ဇွန်လအတွင်း ကျင်းပနေပြီး ဆုကြေး ကျပ် ၂၃ သိန်းပေးအပ်သည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။ ယင်းပြိုင်ပွဲတွင်လည်း လူ ၁,၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ငွေကြေးသုံးစွဲကာ ဆော့ ကစားသူဦးရေ များပြားလာသော ကြောင့် ဈေးကွက်တစ်ခုသဖွယ် ဖြစ်လာသည့် မြန်မာနိုင်ငံတွင် Game ကစားသူ ပိုများလာစေရန် ရည်ရွယ်ချက်ဖြင့် Moonton မှ ကျင်းပပေးခြင်းဖြစ်သည်။

‘‘ခုနောက်ပိုင်း Trend တစ်ခု အနေနဲ့ ကစားသူအများအပြားရှိ လာတာကြောင့် ပြိုင်ပွဲကြီးတွေ တောင်ရှိလာပြီဆိုတော့ e-Sport လမ်းကြောင်းတွေ စပေါက်လာ တာပေါ့’’ဟု Mobile Legend Myanmar တွင် ဂိမ်းဇာတ်ကောင် လမ်းညွှန်ရေးသားသူ  ကိုလင်း ထက်အောင် (The Fox) က ပြော သည်။ ယခုပြုလုပ်သော ပြိုင်ပွဲများ မှတစ်ဆင့် e-Sport သည် အား ကစားတစ်ခုအနေဖြင့် ရေပန်းစား လာပြီး နိုင်ငံတကာကဲ့သို့ ဝင်ငွေ အများအပြားရရှိသည့် ပြိုင်ပွဲများ ကျင်းပလာနိုင်ရန် လူငယ်များက မျှော်လင့်နေကြောင်း ကိုစိုးမိုးဦးက ပြောသည်။

‘‘ကိုရီးယားလို နိုင်ငံမျိုးမှာ ဒီ e-Sport ကို စီးပွားရေးတစ်ခု အနေနဲ့ လုပ်နေပြီ။ ကျွန်တော်တို့ ဆီမှာလည်း လုပ်ပေးနိုင်ရင် ဂိမ်း ကို ရူးသွပ်တဲ့လူငယ်တွေအတွက် အခွင့်အလမ်းတစ်ခုရတာပေါ့’’ဟု ၎င်းက အကြံပြုသည်။

နိုင်ငံတကာတွင် ၂၀၁၅ က စ၍ e-Sport ကို အားကစားတစ် ခုအနေဖြင့် ကျင်းပပေးနေသည့် ဂိမ်းအမျိုးအစား ၁၀၀ ခန့်ရှိပြီး နှစ်စဉ် ကန်ဒေါ်လာ သန်းနှင့်ချီ သော ဆုကြေးငွေများ ပေးအပ်နေကာ စီးပွားရေးတစ်ခုအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နေသည်။

နိုင်ငံတကာ e-Sport ဂိမ်း ဝက်ဘ်ဆိုက်များ၏ မှတ်တမ်းများ အရ ၂၀၁၅ တွင် e-Sport ဂိမ်း များမှ ပြိုင်ပွဲဝင် ကစားသမားများ အား ဆုကြေးငွေ ကန်ဒေါ်လာ ၅၁ သန်းကျော်၊ ၂၀၁၆ တွင် ကန်ဒေါ် လာ ၇၃ သန်းကျော်၊ ၂၀၁၇ တွင် ၇၈ သန်းကျော်အထိ အသီးသီးချီး မြှင့်ခဲ့ကြောင်း ဖော်ပြထားသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိအ ခြေအနေအရ e-Sport ဂိမ်းများ ဖြစ်သည့် Counter-Strike, Dota 2, Mobile Legend, PUBG အစရှိသည့် ဂိမ်းများကို လူငယ်များအကြား ငွေကြေးသုံးစွဲကာ ဆော့ကစားမှုများလာသဖြင့် ဈေးကွက်တစ်ခုအနေဖြင့် စနစ်တကျ ဖွံ့ဖြိုးလာစေရေး လမ်းညွှန်ပေးရန် လိုအပ်လာကြောင်း ဦးဥက္ကာကျော် က ပြောသည်။

‘‘သူတို့တွေရဲ့ လိုအပ်ချက် လေးတွေ မေးပြီးတော့ အသင်း အဖွဲ့တွေနဲ့ ဂိမ်းဖွံ့ဖြိုးရေးအတွက် ဘာတွေလုပ်မလဲ၊ နိုင်ငံတကာမှာ ဘာတွေ ဆောင်ရွက်နေလဲ သိ အောင် စနစ်တကျလုပ်ပေးနိုင်ရင် တော့ ပိုကောင်းလာနိုင်တာပေါ့’’ ဟု မန္တလေးတိုင်း ကွန်ပျူတာပညာ ရှင်အသင်းဥက္ကဋ္ဌ ဦးဥက္ကာကျော် က သုံးသပ်ပြောကြားသည်။

ဂိမ်းကို အခြေခံသည့် လုပ် ငန်းရှင်များက အနာဂတ်ကို မျှော် လင့်နေကြသည့်အချိန်တွင် MLဂိမ်းကို အရူးအမူးကြိုက်နှစ်သက် သည့် စားပွဲထိုးလေး မောင်ရဲကိုအတွက်တော့ သတင်းဆိုးတစ်ခုရှိ နေသည်။ ဂိမ်းကစားရန် ချိတ်ဆက်ထားသော သူ၏အကောင့်ကို သူ ငယ်ချင်းတစ်ဦးက မှားဖျက်မိ သဖြင့် အချိန်ကုန်၊ ငွေကုန်ခံကာ ကစားထားသော အကောင့်ပျက် သွားပြီဖြစ်သည်။ ထို့ကြောင့် စားပွဲထိုးလေးက စိတ်ပျက်လက်ပျက် ဖြင့် အောက်ပါအတိုင်း ညည်း တွားသည်။

‘‘ဝယ်ထားတာတွေလည်း ပါ သွားပြီ။ အခုအကောင့်သစ်နဲ့ ဝတ် စုံတွေ ထပ်ဝယ်ဖို့ လုပ်နေရတယ်’’