ယနေ့အကြံပြုချက်

စမတ်ဖုန်းကြောင့် ချစ်သူတွေ မကွဲကွာဖို့ ဒါလေးတွေကို လိုက်နာစေချင်

စမတ်ဖုန်းမသုံးဘဲ တစ်ရက်တောင် မနေနိုင်သည်ကို ရိုးရိုး သားသား ပြောကြပါစို့။ ဖေ့စ်ဘွတ်ခ်လူမှုမီဒီယာသုံးနေ၍ဖြစ်စေ၊ ဆယ်လ်ဖီဆွဲ၍ဖြစ်စေ လူအများက စမတ်ဖုန်းများကို စွဲလမ်းနေကြသည်။ သို့သော် သင်၏ ဖုန်းအသုံးပြုသော အလေ့အကျင့်က သင်နှင့် သင့်ချစ်သူ၏ ဆက်ဆံရေးကို ဖျက်ဆီးနေပါသလား။ အောက်ပါအချက်များကို စဉ်းစားသုံးသပ်ဖို့ လိုပါမည်။

၁။ စမတ်ဖုန်းက အတူရှိနေချိန်တွေကို နှောင့်ယှက်နေပါသလား။

ချစ်သူနှင့် စကားစမြည်ပြောနေချိန် (သို့မဟုတ်) ဆိုင်တွင် အတူစားသောက်နေစဉ် ဖုန်းကိုသုံးရန် အလွန်ဆန္ဒပြင်းပြနေပါသလား။ စာပြန်ရန် (သို့မဟုတ်) ချက်တင်ပြောရန် ကြိုးစားနေပါသလား။ ချစ်သူနှင့် အဓိပ္ပာယ်ပြည့်ဝသော စကားများပြောပြီး တီတီတာတာ ရှိနေရမည့်အစား သင်က အွန်လိုင်းကမ္ဘာနှင့် အဆက်ပြတ်မည်ကို ကြောက်နေပါသလား။ ရိုမန်တစ်ဆန်သော နှစ်ဦးသား တွေ့ဆုံမှုဖြစ်ရဲ့လား။ ဆန်းစစ်ရန် လိုပါပြီ။

၂။ လူမှုမီဒီယာပေါ် တက်ကြွားခြင်း ရပ်တန့်လိုက်ပါ။

ချစ်သူနှင့် တွေ့ဆုံတိုင်း လူမှုမီဒီယာပေါ်တင်၊ ဆယ်လ်ဖီဆွဲ၊ စားစရာပုံတွေရိုက်ပြီး Check-in တွေကို ပြသနေလျှင် သင်သည် အွန်လိုင်းကမ္ဘာက သင့်အပေါ် မည်သို့မြင်သည်ကို စိုးရိမ်နေသည်။ ချစ်သူက ဒေါသတကြီးနှင့် ဖုန်းနှင့်မျက်နှာအပ်နေသော သင့်ကို ကြည့်နေလျှင် မအံ့သြပါနှင့်။

၃။ အလုပ်ရှုပ်နေတာတွေ ရပ်ပြီး နားထောင်ပါ။

တစ်ပြိုင်တည်း ကိစ္စမျိုးစုံ လုပ်ဆောင်နိုင်ခြင်းသည် ကောင်း ကွက်တစ်ခုဖြစ်ပါသည်။ သို့သော် သင့်ချစ်သူနှင့် ဆုံတွေ့နေချိန်တွင် အလုပ်ကိစ္စသေးသေးလေးတွေကို (အွန်လိုင်းက ဘီလ်ဆောင် ခြင်း၊ အချစ်ဆုံးသူငယ်ချင်းကို စာပြန်ခြင်း၊ ဓာတ်ပုံတင်ခြင်း)  ဘေးချိတ်ပြီး သူပြောဆိုနေတာတွေ အာရုံစိုက်ထားလိုက်ပါ။

၎။ စည်းမျဉ်းတွေ ချမှတ်ထားပါ။

ဖုန်းစွဲလမ်းမှုက နှစ်ဦးသား ဆက်ဆံရေးကို ဖျက်ဆီးမပစ်မီ အခြေခံစည်းကမ်းများ ချမှတ်ထားပါ။ ဥပမာ ညစာအတူစားနေ ချိန် ဖုန်းကို အသံတိုးထားပါ။ ဇနီးမောင်နှံဆိုလျှင် အိပ်ခန်းထဲ ဖုန်း အသုံးမပြုခြင်းမျိုး။

၅။ ဒါလေးစမ်းကြည့်ပါ။

စနေ၊ တနင်္ဂနွေ တစ်ရက်ရက်မှာ ဒစ်ဂျစ်တယ်ကမ္ဘာနဲ့ လုံးဝ မဆက်သွယ်ဘဲ နေကြည့်ပါ။ သင်တို့ရဲ့ ဖုန်း၊ လက်ပ်တော့တွေ၊ သင်ပုန်းကွန်ပျူတာတွေ အကုန်ပိတ်ပြီး နှစ်ဦးသား အချိန်ကုန်လိုက်ပါ။ စာအုပ်အတူဖတ်ပါ။ ပန်းခြံထဲ လမ်းလျှောက်ပါ။

၆။ မှန်မှန်ကန်ကန် အသုံးပြုပါ။

ရုံးမှာ အလုပ်ရှုပ်နေတဲ့ ချစ်သူဆီ ချစ်ခင်စရာမက်ဆေ့ခ်ျ ပေးပို့ပါ။ အချိန်အကြာကြီး မတွေ့ဖြစ်ပါက သင့်ဓာတ်ပုံလေး ဒါမှမဟုတ် ဗီဒီယိုချက်တင်လေး ပို့ပေးပါ။ နှစ်ဦးသား အဆက်မပြတ်ဖို့ အွန်လိုင်းဂိမ်းလေးတွေ ကစားပါ။ စမတ်ဖုန်းကို အကျိုးရှိရှိသုံးရင် ချစ်သူမျက်နှာမှာ အပြုံးတွေ ဖန်တီးနိုင်ပါတယ်။

More in News Section