ပြည်မြို့၌ ပထမအကြိမ် သရေခေတ္တရာ ကျောင်းသားပြပွဲ ကျင်းပ

ဇွန်လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပနေသော သရေခေတ္တရာကျောင်းသားပြပွဲသို့ လာရောက်သူများ (ဓာတ်ပုံ − ဇော်မင်းထိုက်)

 ပြည်မြို့ရှိ သရေခေတ္တရာ မြို့တော်ခန်းမတွင် ပထမအကြိမ် သရေခေတ္တရာ ကျောင်းသားပြပွဲ ကို ဇွန်လ ၂၂ မှ ၂၄ ရက်အထိ ကျင်းပနေသည်။

ယင်းပြပွဲသည် ပြည်တက္က သိုလ်၊ ပြည်နည်းပညာတက္ကသိုလ် နှင့် ပြည်ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူကိုး ထောင်ကျော်ကို ရည်ရွယ်သည့် ပညာရေးလှုပ်ရှားမှုဖြစ်သည်။ ပြပွဲတွင် ကျောင်းသားများ တီ ထွင်ဖန်တီးထားသည့် စီမံကိန်း များ၊ စိတ်ကူးအတွေးအခေါ်များ၊ သိပ္ပံဝိဇ္ဇာ၊ ကွန်ပျူတာနှင့် အင်ဂျင် နီယာနည်းပညာဆိုင်ရာများကို ပြခန်း ၆၀ ကျော်ဖြင့် ခင်းကျင်း ပြထားသည်။

‘‘ကျောင်းသား၊ ကျောင်းသူ တွေရဲ့ တီထွင်ဖန်တီးပြသမှုက မယုံနိုင်လောက်အောင် အောင် မြင်မှုရှိနေတာ ဝမ်းသာစရာပါ။  အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင် တွေကနေ ထောက်ပံ့ကူညီပေးဖို့ လိုတယ်။ ပြည်တွင်းမှာ လက် တွေ့အသုံးချနိုင်ပြီး အကျိုးဖြစ် ထွန်းလာဖို့ သေချာတယ်’’ဟု ပဲခူး တိုင်းဒေသကြီး ကွန်ပျူတာပညာ ရှင်များအသင်း နည်းပညာကော် မတီဒုဥက္ကဋ္ဌ ဦးစည်သူက ပြော သည်။ အဆိုပါပြပွဲကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပြသနေသည်။

ပြပွဲတွင် မြို့တွင်းရေစီးရေ လာကောင်းမွန်ရေး စီမံကိန်းများ၊ အမှိုက်ပုံအတွင်း အမှိုက်ပြည့် လျှင် စည်ပင်သို့ အလိုအလျောက် ဖုန်းခေါ်ဆိုမည့် စနစ်များ၊ ဆိုင် ကယ်၊ ကားများ ခိုးယူခံရလျှင် မည်သည့်နေရာတွင် ရှိသည်ကို အလိုအလျောက် လက်ကိုင်ဖုန်း တွင် ပေါ်နေမည့်စနစ်များ၊ ယာဉ် ကြောရှုပ်ထွေးမှု လျော့နည်းစေ သည့် စီမံကိန်းများ စသည့် နည်း ပညာပြခန်းများကို လူအများပိုမို စိတ်ဝင်စားသည်။

ပြပွဲ ပထမနေ့ (ဇွန်လ ၂၂ ရက်)နံနက်တွင် လေ့လာသူ၊ ကြည့်ရှုသူ တစ်ထောင်ကျော်ရှိသည်။နည်းပညာဆိုင်ရာ ဆွေးနွေးဟောပြောပွဲများ ပါဝင်သဖြင့်နယ်ပယ်စုံ၊ အလွှာစုံမှ တက်ရောက်လေ့လာနိုင်ကြောင်း ပြပွဲကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ နည်းပညာတက္ကသိုလ် ကျောင်းသားမောင်ဝေဖြိုးသူက ပြောကြားသည်။