မွန်ပြည်နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်း

 မွန်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ရေကြီး သဖြင့် ဖွင့်ထားသော ရေဘေး ကယ်ဆယ်ရေးစခန်းများ ရေပြန် ကျ၍ ဇွန်လ ၂၀ ရက်က ပိတ်သိမ်း ပြီဖြစ်သည်။

ဇွန်လ ၁၇ ရက်က မိုးကြီးပြီး ရေကြီးနစ်မြုပ်မှုကြောင့် မော်လ မြိုင်မြို့နယ်တွင် အမျိုးသမီးတစ် ဦး၊ မုဒုံမြို့နယ်တွင် သားအဖနှစ် ဦးနှင့် ရေးမြို့နယ်တွင် အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်။

တစ်ဦးလျှင် ကျပ်သုံးသိန်းထောက်ပံ့ပေးပြီး ရေဘေးသင့် ပြည်သူတစ်ဦးလျှင် ခုနစ်ရက်စာ နှုန်းဖြင့် ကျပ် ၂,၁၀၀ ထောက်ပံ့ ပေးကြောင်း ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီး အရာရှိ ဒေါ်ဖြူဖြူအေးက ပြော သည်။ ရေပြန်ကျသဖြင့် မော်လ မြိုင်အပါအဝင် ရေကြီးခဲ့သည့် မြို့နယ်များရှိ ရေဘေးသင့် ကယ် ဆယ်ရေးစခန်းများ ပိတ်သိမ်း ထားပြီးဖြစ်ကြောင်း ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးမှ ဦးဘိုဘို ဝင်းက ဆိုသည်။

‘‘မြို့နယ်တိုင်းအားလုံး ဖြုတ် သိမ်းလိုက်ပြီး ရေဘေးသင့်ပြည် သူတွေအတွက် နေထိုင်မှုတွေ၊ ထောက်ပံ့မှု ပြည့်စုံတယ်။ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာနက ရေဘေးသင့်ပြည်သူတွေ ကို တစ်ယောက်ကို ၂,၁၀၀ နှုန်းနဲ့ ထောက်ပံ့တာရှိတယ်’’ဟု ဦးဘို ဘိုဝင်းက ပြောသည်။

ရေကြီးနစ်မြုပ်သည့် မော် လမြိုင်မြို့နယ်တွင် ကယ်ဆယ် ရေးစခန်း ၂၄ ခုဖွင့်ပြီး အိမ် ထောင်စု နှစ်ထောင်ကျော်၊ လူဦးရေ ငါးထောင်ကျော်၊ မုဒုံမြို့ နယ်တွင် ကယ်ဆယ်ရေးစခန်း သုံးခုရှိပြီး အိမ်ခြေသုံးရာကျော်၊လူဦးရေ ခြောက်ရာကျော်၊ သံဖြူ ဇရပ်မြို့နယ်တွင် ကယ်ဆယ်ရေး စခန်း မရှိသော်လည်း ရေဘေသင့် သူ၂၄ ဦး၊ ကျိုက်မရောမြို့နယ် တွင် ကယ်ဆယ်ရေးစခန်း မရှိ သော်လည်း ရေဘေးသင့်ပြည်သူ ၁၄၀ ၊ ရေးမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ငါးခုရှိပြီး ရေဘေးသင့်ပြည်သူ ၇၆၁ ဦး၊ ပေါင်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း လေးခုရှိပြီး ရေဘေးသင့်ပြည်သူ ၂၆၀ ဦးရှိကြောင်း ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ ရေကြီးနစ်မြုပ်မှုကြောင့် မော်လမြိုင်မြို့၌ ကြီးမားစွာ ထိခိုက်မှု မရှိသော်လည်း မြို့၏ အထင်ကရဖြစ်သည့် ကျိုက်သလံ္လ စေတီရှိ တိုးချဲ့ဓမ္မာရုံ၊ ဘုရား စောင်းတန်းများ ပြိုကျပြီး လက် ရှိတွင် ဘုရားဖူးများ ဖူးမြော်ခွင့်ပိတ်ထားသည်။

သို့သော်လည်း ပြည်နယ်အစိုးရထုတ်ပြန်ချက်အရ မော်လမြိုင်မြို့နယ်တွင်အမျိုးသမီးတစ်ဦး၊မုဒုံမြို့နယ်တွင် သားအဖနှစ်ဦးစုစုပေါင်း ၃ ဦးသာ သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရက ဇွန်လ၂၂ရက်က သတင်းစာရှင်းလင်း ပွဲပြုလုပ်၍ ထုတ်ပြန်ခဲ့သည်။

More in Regional Section