ဘရာဇီးက နောက်ကျဂိုးများဖြင့် ကော်စတာရီကာကို အနိုင်ရရှိ

 ရုရှားကမ္ဘာ့ ဖလားတွင် ဖိလစ်ကော်တင်ဟိုနှင့် နေမာတို့က နာကျင်အချိန်ပိုဂိုး များ သွင်းယူပြီး ဘရာဇီးက ကော် စတာရီကာကို ၂-၀ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

အုပ်စု (E) ပထမပွဲတွင် ဆွစ်ဇာလန်နှင့် တစ်ဂိုးစီသရေကျခဲ့ သော ဘရာဇီးအတွက် ပထမဆုံး နိုင်ပွဲဖြစ်သည်။ ကမ္ဘာ့ဖလား ဆွတ်ခူးရန် ရေပန်းစားသော အ သင်းအတွက် ဖိအားများလျော့ ပါးခဲ့သော နိုင်ပွဲလည်း ဖြစ်သည်။

ဘရာဇီးအသင်းသည် ပွဲအ စပိုင်းတွင် အနည်းငယ်အထနှေးခဲ့ ပြီး နောက်ပိုင်း၌ တိုက်စစ်ဆင်ရန် ကြိုးစားခဲ့သော်လည်း ခံစစ်ကို  စနစ်တကျပြင်ဆင်လာသော ကော်စတာရီကာကို မကျော်လွှား နိုင်ဘဲ အချိတ်အဆက်လည်း လွဲ နေခဲ့သည်။

ဒုတိယပိုင်းတွင် ပို၍စုစုစည်း စည်းဖြင့် ဘရာဇီးက တရစပ် တိုက်စစ်ဆင်ခဲ့သော်လည်း အ ဆုံးသတ်ပိုင်းမသေချာမှု၊ နာဗက် လက်စွမ်းပြမှုများနှင့်အတူ သရေ ပွဲဖြစ်ရန် ဦးတည်နေခဲ့သည်။ က နဦးတွင် ပင်နယ်တီ ချီးမြှင့်ခံရ မည်ကဲ့သို့ ဖြစ်ခဲ့သော်လည်း နယ် သာလန်ဒိုင်လူကြီး ဆွန်ကူပါးစ်က ဗီဒီယိုလက်ထောက် ဒိုင်လူကြီး စနစ် (VAR) ကို ကြည့်ရှုပြီးနောက် ၎င်း၏ဆုံးဖြတ်ချက်ကို ပြင်ဆင် ခဲ့သည်။

ဘရာဇီးသည် ဇွန်လ ၂၇ ရက် ဆားဘီးယားနှင့် အုပ်စု နောက်ဆုံးပွဲ မတိုင်မီ လေးမှတ် ရရှိထားကာ အုပ်စုထိပ်ဆုံး၌ ရပ် တည်နေသည်။ ဆားဘီးယားနှင့် သရေကျလျှင်ပင် အုပ်စုမှတက် နိုင်မည်ဖြစ်သည်။

ပွဲချိန်အတွင်း ဖျက်ထုတ်မှု များနှင့်အတူ မကြာခဏလဲကျနေ သော်လည်း နေမာသည် ပွဲအပြီး တွင် မျက်ရည်ကျကာ အချိန်အ တန်ကြာ ငိုကြွေးခဲ့ပြီး အသင်းဖော် များက လာရောက်နှစ်သိမ့်ခဲ့ရ သည်။ ကော်စတာရီကာကမူ အိမ်ပြန်ရပြီဖြစ်သည်။

ယခုပွဲ၏ အကောင်းဆုံး ကစားသမားဆုကို ဘရာဇီးကွင်း လယ်လူ ကော်တင်ဟိုက ရရှိခဲ့ သည်။

နေမာ၏ဂိုးသည် နိုင်ငံအ တွက် ၎င်းသွင်းယူသော ၅၆ ဂိုး မြောက် ဂိုးဖြစ်ပြီး ၁၉၉၄ ကမ္ဘာ့ ဖလား ချန်ပီယံအသင်းမှ သူရဲ ကောင်း ရိုမာရီယိုထက် တစ်ဂိုး ပိုများခဲ့သည်။ နေမာသည် ဘရာ ဇီးနိုင်ငံအတွက် ဂိုးအများဆုံး သွင်းယူထားသူများ စာရင်း၌ ပီလီ ၇၇ ဂိုးနှင့် ရော်နယ်ဒို ၆၂ ဂိုးတို့နောက် တတိယနေရာ၌ ရပ် တည်နေသည်။

‘‘နိုင်ငံအသင်းအတွက် က စားတဲ့အခါ တာဝန်အရမ်းကြီးပါ တယ်။ ပွဲအစကနေ အဆုံးအထိ  စိတ်ဓာတ်ကြံ့ခိုင်ရပါတယ်။ ကျွန် တော်တို့အဆုံးအထိ တိုက်ပွဲဝင် ခဲ့ပြီး ထိုက်တန်တဲ့ရလဒ်ရခဲ့ပါ တယ်’’ ဟု ကွင်းလယ်လူကော် တင်ဟိုက ပြောကြားသည်။

—Ref:AP/FIFA