ထိုင်းတွင် တရားမဝင်လုပ်သားဖမ်းဆီးမှု စီမံချက်စတင်

တစ်ရက်အတွင်း မြန်မာလုပ်သား ၆၀ ကျော် ဖမ်းဆီးခံရ
ဖမ်းဆီးခံထားရသည့် တရားမဝင်နိုင်ငံခြားသားလုပ်သားများနှင့် ထိုင်းရဲတပ်ဖွဲ့ဝင်များ တွေ့ဆုံစဉ် (ဓာတ်ပုံ − Thai Tourist Police Bureau)

ထိုင်းနိုင်ငံတွင် တရား မဝင်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများအပါအဝင် နိုင်ငံခြားသား လုပ်သားများကို ထိုင်းအစိုးရက ဖမ်းဆီးစစ်ဆေးရေးစီမံချက်စတင်နေကြောင်း ထိုင်းရောက်မြန်မာလုပ်သားများ အရေး ကူညီပေးနေသော မြန်မာ အဖွဲ့အစည်းများက သတိပေး ပြောကြားသည်။

ထိုင်းရဲတပ်ဖွဲ့သည် ဇွန်လ ၂၂ ရက်တွင် ဘန်ကောက်မြို့၌ တရားမဝင် နိုင်ငံခြားသား ၁၀၀ ကျော်ကို ဖမ်းဆီးရာ မြန်မာလုပ် သား ၆၆ ဦး ပါဝင်ခဲ့သည်။ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်နေသော မြန်မာလုပ်သား များအနေဖြင့် ဇူလိုင် ၁ ရက်က စတင်၍ တရားမဝင် နေထိုင်အ လုပ်လုပ်ကိုင်ခြင်း စစ်ဆေးတွေ့ ရှိပါက ဒဏ်ငွေပေးဆောင်ရမည့် အပြင် အမိနိုင်ငံသို့ ပြန်ပို့ခံရမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံအလုပ်သ မားဝန်ကြီးဌာနက ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ စီမံချက်အတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်၍ လိုက်လံဖမ်းဆီးခြင်းဖြစ် ကြောင်း မြန်မာအဖွဲ့အစည်းများ က ပြောသည်။

‘‘မြန်မာလုပ်သားတွေ နေ ထိုင်တဲ့ တန်းလျားတွေ၊ တိုက်ခန်း တွေမှာ လိုက်လံစစ်ဆေးနေပြီး ဘယ်လိုအထောက်အထားနဲ့ နေ ထိုင်နေလဲပေါ့။ နောက်ပြီး စနစ် တကျ ဖမ်းဆီးရေးအတွက် ကြို တင်ပြင်ဆင်နေတာတွေလည်း တွေ့ရတယ်’’ဟု ထိုင်းနိုင်ငံဆိုင် ရာ မြန်မာရွှေ့ပြောင်းအလုပ်သ မားကွန်ရက် (MMNT) အထွေ ထွေအတွင်းရေးမှူး ဦးမိုးကြိုးက ပြောသည်။

ယင်းစီမံချက်ကြောင့် ထိုင်း ရောက်မြန်မာလုပ်သားအချို့ နေရပ်ပြန်လာမှု နေ့စဉ်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘အဖမ်းအဆီးတွေက စတင် နေပြီလို့ ပြောရမယ်။ နယ်မြို့တွေ မှာလည်း စနေပြီ’’ဟု ထိုင်းရောက် မြန်မာလုပ်သားများအရေး ကူညီ ပေးနေသော AAC မဟာမိတ်အဖွဲ့ မှ ကိုရဲမင်းက ပြောသည်။

ဇူလိုင် ၁ ရက်တွင် စစ်ဆေး တွေ့ရှိသော အလုပ်သမားများကို ဒဏ်ငွေ ဘတ်ငါးထောင်မှ ငါးသောင်းအထိ ပေးဆောင်ရမည် ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်အလုပ်လုပ်ကိုင်ခွင့် ၂ နှစ်တိတိ ပိတ်ပင်ခံရမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီး ဌာနက ထုတ်ပြန်ထား သည်။

ထို့အပြင် ထိုင်းအလုပ်ရှင် များအနေဖြင့် ခွင့်ပြုချက်မရှိဘဲ အလုပ်သမားများခန့်ထားခြင်း၊ တားဆီးပိတ်ပင်ထားသည့် လုပ် ငန်းအမျိုးအစားများစေခိုင်းခြင်း စစ်ဆေးတွေ့ရှိပါက အလုပ်သ မားတစ်ဦးလျှင် ဒဏ်ငွေဘတ်တစ်သောင်းမှ တစ်သိန်းအထိ ပေးဆောင်ရမည်ဟု ထုတ်ပြန်ထား သည်။

ထိုင်းအလုပ်ရှင်များ အနေ ဖြင့် ထိုကဲ့သို့အမှုကို ထပ်မံကျူး လွန်ပါက ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဘတ်ငါးသောင်းမှ နှစ် သိန်းအထိ ပေးဆောင်ရမည်ဖြစ် သကဲ့သို့ အလုပ်သမားငှားရမ်းခွင့် သုံးနှစ်အထိ ပိတ်ပင်ခံရမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။  ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက် ၍ ဥပဒေသစ်ပြဋ္ဌာန်းပြီးနောက် အထောက်အထားမရှိသော မြန် မာလုပ်သားများအပါအဝင် နိုင်ငံ ခြားသားလုပ်သားများကို နိုင်ငံ သားဖြစ်ကြောင်း သက်သေခံ လက်မှတ်(CI) ပြုလုပ်ပေးနေရာ ဇွန်လ ၃၀ ရက် နောက်ဆုံးပြု လုပ်ရန် ထိုင်းအစိုးရက သတိပေး ထားသည်။

ထို့အပြင် ထိုင်းရောက်မြန် မာလုပ်သားများအား CI၊ ဗီဇာနှင့် အလုပ်ပါမစ်များ ဇွန်လ ၃၀ ရက် အပြီးလုပ်ဆောင်ရန် ထိုင်းအစိုးရ က  နောက်ဆုံးအကြိမ်အဖြစ် ဖြေလျှော့ပေးထားသောကြောင့် သတ်မှတ်ရက်အတွင်း အပြီးဆောင်ရွက်ရန် နိုင်ငံခြားရေးဝန် ကြီးဌာနနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးထုတ် ပြန်ခဲ့သည်။

More in News Section