ထိုင်းရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ကမ်းလှမ်းခံရတဲ့ ညိုမင်းလွင်ရဲ့ ‘အနန္တ’ဇာတ်ကား

ထိုင်းနိုင်ငံ၌ ပြုလုပ် မည့် ရုပ်ရှင်ပွဲတော်တွင် ‘အနန္တ’ ဇာတ်ကားကို အဖွင့်အဖြစ်ပြသ ရန် အစီအစဉ်ရှိကြောင်း ဒါရိုက် တာညိုမင်းလွင်က ပြောသည်။

‘‘ကိုကြည်မင်းသိန်းက ဆက် သွယ်လာတာပါ။ သူက အဲဒီ ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဘက်က  ကိုယ်စားလှယ်သဘောမျိုးလုပ် တာ။ ဟိုဘက်ကလူတွေက ကျွန် တော့်ကားကို Website ပေါ်မှာ တွေ့ပြီး ဆက်သွယ်ပေးပါဆိုလို့ ကမ်းလှမ်းလာတာပါ’’ ဟု ၎င်းက ပြောသည်။

ယင်းရုပ်ရှင်ပွဲတော်ကို သြဂုတ် (သို့မဟုတ်) စက်တင်ဘာ တွင် ဘန်ကောက်မြို့၌ ပြုလုပ် မည်ဖြစ်ပြီး အနန္တရုပ်ရှင်ပြသမည့် အသေးစိတ်အချက်အလက်များ ကိုထပ်မံကြေညာမည်ဟု ၎င်းက ဆိုသည်။ ယင်း ဇာတ်ကားသည် ဒါရိုက်တာ ညိုမင်းလွင်၏ ည ကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးပြီး မြန်မာနိုင်ငံ၏ ပထမ ဆုံး အာကာသသိပ္ပံဇာတ်ကား ဖြစ်ကြောင်း ညိုမင်းလွင်ကပြော ကြားထားသည်။

ယင်းဇာတ်ကားတွင် ဖြိုးငွေ စိုး၊ စိုင်းလွှမ်း၊ နေ၀င်း၊ စိုးရန် အောင်၊ နန်းဆုဦး၊ ဧကရီမှူးပိုင်၊ နန်းထိုက်အောင်နှင့် သက်ထား ဝေဇင်တို့ အဓိကပါဝင်သရုပ် ထားသည်။

‘‘ကျွန်တော်ကတော့ ပြချင် နေပါပြီ။ ဇူလိုင် ပထမပတ်ဆို အဆင်သင့်ဖြစ်ပါပြီ။ ဒါပေမဲ့ မင်္ဂလာက ပြောတဲ့ပုံအရဆိုရင် ရှေ့နှစ်တွေ ရောက်မယ့်ပုံဖြစ်နေ ပြီ။ သိပ်တော့မစောင့်ချင်ဘူး။ ပရိသတ်ကကြည့်ချင်တဲ့အချိန်ကို  ပြသင့်တာလေ’’ ဟု ညိုမင်းလွင် ကပြည်တွင်းတွင် ရုံတင်ပြသရန် အခြေအနေကို ပြောသည်။

ထို့အပြင် ရုပ်ရှင်ပွဲတော် တွင်ပြသမည့် အချိန်နှင့် မြန်မာ နိုင်ငံ၌ ပြသမည့် အချိန်ကို ကွာ ဟမှုမရှိစေချင်သော်လည်း မည့် သည့် ရုံတွဲစနစ်တွင်ပြသဖြစ်မည် ကို အတိအကျမပြောနိုင်သေး ကြောင်း ၎င်းကဆိုသည်။

‘‘ရုံများများတော့ပြချင်တာ ပေါ့။ ထုတ်လုပ်သူအနေနဲ့ပြော တာမဟုတ်ပါဘူး။ ဖန်တီးထားတဲ့ ဒါရိုက်တာအနေနဲ့ ပရိသတ်များ  များကြည့်စေချင်တာပါ’’ ဟု ညို မင်းလွင်ကပြောသည်။

ယင်း ဇာတ်ကားရုံတင် မပြသမီ ရုပ်ရှင်ဝေဖန်ရေးသမား များနှင့် အွန်လိုင်းတွင် Review ရေးသူများကို သီးသန့်ပြသပေး ရန် အစီအစဉ်ရှိပြီးယင်းဇာတ် ကားကို ပရိသတ်ရှေ့ပြသချိန် တွင်အမှားအနည်းဆုံး ဖြစ်စေရန် ၎င်းတို့ထံမှ အကြံဉာဏ်ရယူရန် ရှိသည်ဟု ဆိုသည်။

‘‘ပရိသတ်အတွက်အသစ် တစ်ခုဖြစ်မှာပါ။ အဲဒါတစ်ခု တော့ယုံကြည်ပါတယ်’’ ဟု အနန္တ နှင့် ပတ်သက်၍ ညိုမင်းလွင်က ပြောသည်။