ကမ္ဘာ့ဖလား ဖီဘာ

ဓာတ်ပုံ−နစ်ကီ

၁၉၉ သို့ဖုန်းဝင်လာသည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦး က ဘယ်မှာ ဘာအမှုဖြစ်ပြန်ပြီလဲတွေးကာ   ဖုန်း  ကောက် ကိုင်သည်။ တစ်ဖက်က မေးလိုက်သည်က ကမ္ဘာ့ ဖလား။

‘‘ဒီနေ့ဘာပွဲတွေရှိလဲ။ ဘယ် အသင်းတွေကန်မှာလဲ’’   မေး သည်။ တာဝန်ကျရဲဝန်ထမ်းကသိ သမျှ ပြန်ဖြေပေးသည်။ပွဲပြီးတော့ ဖုန်းပြန်လာသည်။ ‘‘ပွဲ ဘယ်လိုပြီး သွားလဲ’’ မေးပြန်သည်။ ၁၉၉ ကို နောက်ပြောင်ဖုန်းဆက်လျှင် အ ခန့်မသင့်က အဖမ်းခံရနိုင်သည်။ သို့သော် စိတ်အနှောင့်အယှက် ဖြစ်စရာအချို့ရှိသော်လည်း ‘ကမ္ဘာ့ဖလားအမှတ်တရ’ ဟုသာ သဘောထားကြောင်း ရဲတပ်ဖွဲ့ ၀င်များကဆိုသည်။

‘ဘောလုံးကို ချစ်မြတ်နိုး ခြင်းက ကမ္ဘာကြီးကိုအသင်းတစ် သင်းလို စည်းလုံးစေခဲ့တယ်’ ဟု ရုရှားသမ္မတဗလာဒီမာပူတင်က ပြောဆိုပြီးနောက် ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ သည်။ ဘောလုံးကို ချစ်မြတ်နိုး သည့်မြန်မာပရိသတ်များလည်း ကမ္ဘာ့ဖလားရင်ခွင်သို့ ခိုဝင်နေ ပြီဖြစ်သည်။

လက်ရှိချန်ပီယံဂျာမနီ၏ မထင်မှတ်သည့်ရှုံးပွဲ၊ နာမည်ကြီး ပေါ်တူဂီနှင့် စပိန်၏ဂိုးများသည့် သရေပွဲ၊ ဘောလုံးဘုရင်ဘရာဇီး နှင့် အာဂျင်တီးနားတို့နိုင်ပွဲပျောက် ဆုံးမှု၊ ဘောလုံးဘိုးအေအင်္ဂလန် ၏နောက်ဆုံးမိနစ်မှရသည့် အနိုင် ပွဲစသည့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ် များက ပရိသတ်များကိုဆွဲဆောင် ခဲ့သည်။

ရုရှားကမ္ဘာ့ဖလားပွဲစဉ်များ ကလည်း အချိန်ကောင်း။ ညနေ ကစပြီးညအထိ တစ်နေ့သုံးပွဲ ကြည့်နိုင်သည်။ ချန်ပီယံလိဂ် လောက်လည်း ညဥ့်မနက်။ သို့ ဖြစ်ရာ မြန်မာပရိသတ်များက ပွဲစဉ်များကို မလွတ်တမ်းတစ်ဝ ကြီးခံစားနိုင်ပြီး ဘီယာဆိုင်များ နှင့် လက်ဖက်ရည်ဆိုင်များအလုပ် ဖြစ်ကြသည်။ ထို့အပြင် ကမ္ဘာ့ ဖလားကို အကြောင်းပြုပြီးအနိုင်ရ မည့်အသင်းကို ခန့်မှန်းကာ ဆုကြေးပေးအပ်သည့် အရောင်းမြှင့်တင် ရေးအစီအစဉ်များလည်း ခေတ် စားလွန်းလှပြီး သူသူငါငါပါဝင်ခဲ့ သည်။ မြို့ကြီးများ၏ ညနေခင်း အချိန်အခါတွင် ရုပ်မြင်သံကြား ၌ ကမ္ဘာ့ဖလားကနေရာယူထား သည်။

နယ်မြို့များတွင်လည်း ကမ္ဘာ့ဖလားရောဂါကပြင်းသည်။ မော်လမြိုင်ပရိသတ်ကတော့ အ ကျပ်ရိုက်သွားသည်။ မော်လမြိုင် မြို့၌ ဇွန်လ ၁၇ ရက်ကမိုးသည်း ထန်စွာရွာပြီး နှစ်များစွာအတွင်း  မကြုံစဖူး ရေကြီးခဲ့၍ဖြစ်သည်။ သို့သော် ဘောလုံးဝါသနာအိုးများ က ကမ္ဘာ့ဖလားပွဲစဉ်များကို လက်လွှတ်မခံခဲ့ပေ။

‘‘ညဘက်ပိုင်းအထိရေက မကျသေးဘူး။ ဂျာမနီနဲ့မက္ကဆီကို ပွဲလေ။ ဘောပွဲကြည့်ချင်တဲ့လူ တွေစုပြီးရေတောထဲတိုးဝှေ့ကြပြီး ပြတဲ့ဆီသွားရတာပေါ့ဗျာ’’ ဟု မော်လမြိုင်စက်တန်းရပ်ကွက်နေကိုသန့်ဝေထွန်းက ပြောသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေ သကြီး ခန္တီးနှင့်လဟယ်မိုင် ၄၀ ခန့်ပျက်စီးနေသည့်တိုင်  နေ့စဉ် အသွားအပြန်လုပ်၍ ကမ္ဘာ့ဖလား အားပေးသည့် နာဂတိုင်းရင်းသား များလည်းရှိသည်ဟု လဟယ်မြို့ မှ ကိုဂတ်ဖားကပြောသည်။

‘‘လဟယ်မှာ ဘောပွဲပြတာ မရှိဘူးလေ။ ခန္တီးအထိသွားကြည့် ရတာ’’ ဟုကိုဂတ်ဖားကဆိုသည်။

ဧရာဝတီတိုင်း မော်ကျွန်းမြို့ တွင် ဇွန်လ ၁၈ ရက်ကရွာတစ်ရွာ မှ တစ်ရွာသို့စက်လှေဖြင့်ကမ္ဘာ့ ဖလားပွဲသွားကြည့်ပြီး  ပြန် လာစဉ် အသင်းစွဲဖြင့် ငြင်းခုံရာမှ အချင်းများ၍ စက်လှေတစ်စီး မှောက်ခဲ့သည်။ ဒဏ်ရာရသူများရှိ ပြီး ဆေးရုံဆေးခန်းပို့ဆောင်ခဲ့ရ သော်လည်း စိုးရိမ်ရသူမရှိခဲ့ပါ။

ကယားပြည်နယ် မော်ချီး ဒေသတွင် ဘောလုံးဝါသနာအိုး တစ်ဦးကြောင့် ရပ်ကွက်တစ်ခုလုံး မီးဘေးသင့်ရမည့် အခြေအနေ တစ်ခုဖြစ်ခဲ့သည်။ မော်ချီးဒေသ (၁၃) ကုန်းရပ်ကွက်တွင် လူငယ် တစ်ဦးက ဘောလုံးပွဲကြည့်ရင်း စကားများ၍ ရပ်ကွက်အတွင်း ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့သည်။ အမြန်ဆုံးငြှိမ်းသတ်ခဲ့နိုင်၍ ရပ် ကွက်ပြာမကျသည်ဟု ဒေသခံ များကပြောသည်။

ကမ္ဘာဖလား  ဘောလုံးအဖျားအပြင်းဆုံးသူများက ရုရှားအထိ ကိုယ်တိုင်သွားရောက်အား ပေးကြသည်။ မနည်းမနောရှိနေ ပါသည်။ ကမ္ဘာ့ဖလားကာလတွင် အိမ်ရှင်ရုရှားနိုင်ငံသို့ ပြည်တွင်းမှ သွားရောက်သူဦးရေ ၅၀၀ ထက်မနည်းရှိသည်ဟု မြန်မာ နိုင်ငံ    ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ခန့်မှန်းထားသည်။

ခရီးသွားအေဂျင်စီများနှင့် ချိတ်ဆက်ပြီး အုပ်စုဖွဲ့သွား ရောက်သူများရှိသလို အချို့က အေဂျင်စီများမှ ဘောလုံးပွဲလက် မှတ်ဖြတ်၍ မိမိအစီအစဉ်ဖြင့် ကိုယ်တိုင်သွားကြသည်။

‘‘အများစုကတော့ အကြို ဗိုလ်လုပွဲတွေကြည့်ဖို့သွားကြ မယ်။ အခုအုပ်စုပွဲတွေမှာလည်း သွားပြီးကြည့်တဲ့လူတွေ ရှိပါ တယ်’’ ဟု NewMotion Travel and Tour မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ၎င်းတို့ နှင့်ချိတ်ဆက်၍ ကမ္ဘာ့ဖလားပွဲ သွားကြည့်သူ ၇၀ ကျော်ရှိကြောင်း ဆက်လက်ပြောသည်။

ကမ္ဘာ့ဖလားကို ပရိသတ် များကသာ မောင်ပိုင်စီးခွင့်ရသည် မဟုတ်ပါ။ ကမ္ဘာ့ဖလားသည် နိုင် ငံရေးလည်း ပါသည်။ စီးပွားရေး လည်းပါသည်။ လောင်းကစား လည်းပါသည်။ မီးဖိုချောင်လည်း ပါသည်။ တိရစ္ဆာန်များလည်းပါ သည်။

အီရန်နိုင်ငံအပေါ် ချမှတ် ထားသော အမေရိကန်ပိတ်ဆို့အ ရေးယူမှုများကြောင့် အီရန်အ သင်း၏ ပြင်ဆင်မှုများအခက် တွေ့ခဲ့ရသည်။ နာမည်ကြီးအမေ ရိကန်အခြေစိုက် Nike က အီရန် အသင်းကို အားကစားဆိုင်ရာ ပစ္စည်းများထောက်ပံ့ရန် ငြင်းဆို ခဲ့သည်။

ဂရိနှင့်ကိုဆိုဗိုသည် အီရန် နှင့်ကစားမည့် ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲများကို ဖျက်သိမ်းခဲ့ သည်။

အာဂျင်တီးနားနှင့် အစ္စရေး တို့ ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲ လည်း ဖျက်သိမ်းခဲ့ရသည်။

ကမ္ဘာ့ဖလားသည် ကုန်စည် မျိုးစုံအတွက် အရောင်းမြှင့်တင်ရေး အတွက်လည်း အသုံးဝင်သည်။ မိမိတို့ ထုတ်ကုန်များ၊ ၀န်ဆောင် မှုများကို ကမ္ဘာ့ဖလားနှင့်ချိတ်၍ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် အ ပြိုင်အဆိုင် အရောင်းမြှင့်တင်ခြင်း သည် ရုရှားကမ္ဘာ့ဖလား၏ ၀ိ သေသလည်းဖြစ်သည်။

မိမိအားပေးသောအသင်း ကို ဖေ့စ်ဘွတ်ခ်တွင်ရေး၍ ၀ါသ နာတူချင်း ဆွေးနွေးကြ၊ ငြင်းခုံ ကြသည်မှာလည်း ယနေ့ဖေ့စ် ဘွတ်ခ်ရေစီးတစ်ခုဖြစ်နေသည်။

ကမ္ဘာ့ဖလားနှင့်နောက် ဆက်တွဲပါလာသည့် ရောဂါက လောင်းကစားပင်။ အားကစားပိုး နှင့် လောင်းကစားပိုးက တပူးတွဲ တွဲနေတတ်သည့်အချိန်လည်းဖြစ် ၏။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်း များအတွက် ခွေး၊ ကြောင်၊ ၀က်၊ ခြင်္သေ့နှင့် ဆင်အပါအ၀င် ကမ္ဘာ တစ်ဝန်းရှိ ထူးခြားသောတိရစ္ဆာန် များက အသီး သီးဟောကိန်းထုတ် နေသည်။

၂၀၁၀ ကမ္ဘာ့ဖလားက ပေါလ်ဟုအမည်ပေးထားသည့် ရေဘ၀ဲတစ်ကောင်သည် ဆီမီး ဖိုင်နယ်တွင် ဂျာမနီအသင်း စပိန် ကိုရှုံးသောပွဲအပါအ၀င် ဂျာမနီအ သင်း၏ ပွဲစဉ်ရလဒ်များကို မှန် မှန်ကန်ကန် ဟောကိန်းထုတ်ခဲ့ သည်။ ယင်းရေဘ၀ဲသေဆုံးပြီး နောက် ယခုတစ်ဖန်တစ်မူထူးခြား သောတိရစ္ဆာန်များက ဟောကိန်း ထုတ်လာပြန်သည်။

မောင်းအကြောင်း၊ ကြေးအ ကြောင်း၊ ဘော်ဒီ၊ ဂိုးပေါ်၊ ဂိုး အောက်ဆိုတာတွေက နေရာ တိုင်းလိုလိုပင် ကြားနေရသည်။ ကာတွန်းဆရာများနှင့် သရော်စာ ရေးသူများပင် ‘‘ကမ္ဘာ့ဖလားကန် ချက်က မီးဖိုချောင်အထိလာထိ တယ်’’ ဟု နောက်ပြောင်ကြသည်။

‘‘လောင်းလို့ကောင်းတာကိုး။ ပွဲစဉ်က  နေ့တိုင်းနှစ်ပွဲအနည်း ဆုံးရှိတယ်ဗျာ။ ခြေစွမ်းတွေက လည်း အုပ်စုပွဲတွေမှာ ဘယ်သူ သာလည်း မှန်းလို့ရတယ်ဗျာ’’ ဟု မန္တလေးမြို့မှ ၀ါသနာရှင်ကိုဧရာ ကျော်က ပြောသည်။

ထို့အပြင် အွန်လိုင်းပေါ်တွင် အလျော်အစားပြုနိုင်သည့် ဒိုင် များ၊ ဒိုင်နှင့်ထိုးသားချိတ်ဆက် ပေးသည့်ဂရု(ပ်)များ ပေါများလာ ၍ အလောင်းအစားပြုရန်မှာပို၍ လွယ်ကူလာသည်။ နိုင်ငံတွင် လည်း ထိုကဲ့သို့လောင်းကစားများ ကို ထိထိရောက်ရောက်အရေးယူ သည်က အားနည်းလှသည်။

သို့နှင့်တိုင် ရေခြားမြေခြား ရွှေခြေထောက်ပိုင်ရှင်များကို ပုံ အောလောင်းကစားရာမှ ဖလား လုပွဲလည်းအပြီး လူလည်းညည်းရ မည့်အဖြစ်များလည်းရှိလာနိုင် သည်။

ကမ္ဘာ့ဖလား မစမီ ဇွန်လ ၁၃ ရက်ကထိုင်းဝန်ကြီးချုပ်ပရာ ယွတ်ကိုယ်တိုင် ပြည်သူပြည်သား များကမ္ဘာ့ဖလားတွင် လောင်းက စားအလွန်အကျွံမပြုလုပ်ရန် ရုပ် သံမှ တစ်ဆင့်အလေးအနက်ပြော ကြားသည်။

‘‘လောင်းကစားက တစ် သက်လုံးချမ်းသာမှာ မဟုတ်ပါ ဘူး။ ဒီတော့ စည်းစိမ်ပျက်တဲ့အထိ ကမ္ဘာ့ဖလားကို အားမပေးကြပါ နဲ့’’