မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အပြီးသတ်လူစာရင်း ထွက်ပေါ်

 အာဆီယံပြိုင်ပွဲယှဉ်ပြိုင် မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း အပြီးသတ်လူစာရင်းတွင် ကစားသမား ၂၃ ဦး ပါဝင်သည်။

(၁၀)ကြိမ်မြောက် အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ပလန် ဘမ်းမြို့၌ ဇွန်လ ၃၀ မှ ဇူလိုင် ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာအသင်းက အုပ်စု(ခ)၌ အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်အသင်းတို့နှင့် ကျရောက်နေသည်။


အာဆီယံပြိုင်ပွဲ အကြိုပြင် ဆင်မှုအဖြစ် ကစားသမား ၂၄ ဦး ပါဝင်သည့် မြန်မာအမျိုးသမီး အသင်းသည် ဇွန်လ ၁၂ မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံသို့ သွား ရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲ သုံးပွဲ ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ အမျိုးသမီးအသင်းသည် ထိုင်း ခရီးစဉ်အပြီးတွင် ကစားသမား တစ်ဦး လျှော့ချခဲ့ပြီး အပြီးသတ် လူစာရင်းထုတ်ပြန်ခဲ့သည်။

 မြန်မာအမျိုးသမီးအသင်း အပြီးသတ် ကစားသမားရွေးချယ် ရာတွင် ခြေစမ်းပွဲများ၌ ခြေစွမ်းပြကစားနိုင်သည့် ကစားသမားများကို အဓိကရွေးချယ်ခဲ့ကြောင်း အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘ပြည်တွင်းခြေစမ်းပွဲတွေမှာရော ပြည်ပခြေစမ်းပွဲတွေမှာ ကစားသမားအားလုံးကို ကစား ခွင့်ပေးခဲ့တယ်။ ဒီထဲကမှ အသင်းနဲ့ အံဝင်ပြီး ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေကို အဓိကရွေး ချယ်ခဲ့တာပါ။ လက်ရှိအသင်းရဲ့ အနေအထားက အကောင်းဆုံး ပုံစံမှာ ရှိနေတာကြောင့် ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မှာပါ’’ ဟု ၎င်းကပြောသည်။

 မြန်မာအမျိုးသမီးအသင်း သည် အာဆီယံပြိုင်ပွဲမတိုင်မီ နောက်ဆုံး ခြေစမ်းပွဲအဖြစ် ဇွန်လ ၂၇ ရက်တွင် အိမ်ရှင်အင်ဒိုနီး ရှားအသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ် သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း

ဂိုး - မေဇင်နွယ်၊ ဇာဇာမြင့်၊ သင်းသင်းစိုး
နောက်တန်း - အေးအေးမိုး၊ အိရတနာဖြိုး၊ ဇင်မာဝင်း၊ ဝေဝေအောင်၊ ခင်သန်းဝေ၊ ခင်မျိုးဝင်း၊ ငယ်ငယ်ထွေး၊ ယမင်းလွင်
အလယ်တန်း - ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သန်းသန်းထွေး၊ သန္တာမိုး၊ နော်အားလိုဝါးဖော၊ နီလာမြင့်
ရှေ့တန်း - နီလာဝင်း၊ ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်း၊ ရီရီဦး၊ ခင်မိုးဝေ၊ နုနု