အိုက်စလန်နှင့်ပွဲတွင် ရလဒ်ကောင်းမည်ဟု ယုံကြည်ကြောင်း နိုင်ဂျီးရီးယားနည်းပြပြောကြား

တိုက်စစ်ဖွင့်ကစားမည်ဟု အိုက်စလန်နည်းပြဆို

အိုက်စလန်နှင့်ပွဲတွင် ရလဒ်ကောင်းမည်ဟု ယုံကြည် ကြောင်း နိုင်ဂျီးရီးယားနည်းပြ ဂေါးနော့ရိုဟာက ပြောကြား လိုက်သည်။

နိုင်ဂျီးရီးယားအသင်းသည် ပျမ်းမျှအသက် (၂၅)နှစ်ဖြင့် ယခု ကမ္ဘာ့ဖလားတွင် အနုပျိုဆုံးအ သင်းဖြစ်သော်လည်း အသင်းကြီး များကို ခံကစားနိုင်သည့် အိုက် စလန်၏ စွမ်းရည်ကိုလည်း ပူပန် နေသည်။


နိုင်ဂျီးရီးယားသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရှုံးထွက် အဆင့် တက်ရောက်ခဲ့သော် လည်း ခရိုအေးရှားကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

‘‘တစ်ခါတလေမှာ ကျွန် တော်တို့ အသင်းက တည်ကန် ဘောအခြေအနေတွေမှာ တော် တော်လေးနည်းတယ်။ ဒါကိုပြင် ဆင်သွားပါမယ်’’ဟု နည်းပြ ရိုဟာကပြောသည်။

‘‘ကျွန်တော်တို့ အိုက်စလန် ထက် တစ်မှတ်ပဲနည်းတာပါ။ ဘာမဆို ကျွန်တော်တို့ လက်ထဲမှာပဲရှိသေးတယ်။ အကောင်းမြင်သဘောထားနဲ့ ပိုကောင်းအောင် လုပ်ရပါမယ်’’ဟု ရိုဟာကကြုံးဝါးသည်။

အိုက်စလန်သည် နည်းပြ ဟော်ဂရင်ဆန်၏ စကားအရ မက်ဆီပါသော အာဂျင်တီးနားကို  ခံစစ်ကစားနည်း သင်ပေးခဲ့ပြီး သရေပွဲအပြီးတွင် စိတ်အား တက်ကြွနေသည်။ အိုက်စလန်အသင်းသည် ဘောလုံးမကစားချင်ခဲ့ဟု မက်ဆီ၏ ဝေဖန်မှုကို အိုက်စလန်က မနှစ်မြို့ခဲ့ပေ။

‘‘ကျွန်တော်တို့ဖွင့်ကစားပြီး ငါးဂိုးပြတ်ရှုံးနိမ့်ရင် ပိုပြီးပျော်ရွှင် မှာပေါ့’’ဟု အိုက်စလန်ဂိုးသမား ဟော်ဒါဆန်က တုံ့ပြန်သည်။

နိုင်ဂျီးရီးယားနှင့် ပွဲတွင်မူ မိမိတို့ ဖွင့်ကစားမည်ဟု ဟော်ဒါ ဆန်က ပြောကြားပြီး ‘‘နိုင်ဂျီးရီး ယားလည်း အနိုင်ရဖို့ခက်တယ်။ သူတို့က မြန်ဆန်ပြီး အာဂျင်တီး နားထက် တိုက်ရိုက်ကျတဲ့ ဗျူဟာ သုံးတယ်။ ခြားနားတဲ့ပွဲတစ်ပွဲဖြစ် မှာပါ’’ ဟု ဟော်ဒါဆန်က ဆက် လက်ပြောသည်။          

—Ref: AFP