မလေးမူးယစ်အမှု ထိပ်တန်းသံသယတရားခံဟာ လူကုန်ကူးဂိုဏ်းခေါင်းဆောင်လို့လည်း စွပ်စွဲခံနေရ

မောင်မောင်(ခ)ယာစင်ကို ဇွန်လ ၆ ရက်က ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ် တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ − အောင်ငြိမ်းချမ်း/Myanmar Now)

မူးယစ်ဆေးဒေါ်လာ ၁၈ သန်းဖိုး ဖမ်းမိတဲ့အမှုမှာ အဓိကတရားခံ အဖြစ် ယူဆရသူဟာ မလေးရှား မှာ အောင်မြင်တဲ့လုပ်ငန်းရှင်တစ် ဦးဖြစ်သလို နာမည်ကျော် လူ မှောင်ခိုဂိုဏ်းခေါင်းဆောင်အဖြစ် လည်း သံသယရှိခံနေရပါတယ်။

မြန်မာနိုင်ငံမှာ သမိုင်း ၀င်ရွေးကောက်ပွဲကြီးတစ်ခုအ တွက် စိတ်လှုပ်ရှားတက်ကြွနေကြ ချိန် ၂၀၁၅ မေလအတွင်း နိုင်ငံ တကာမှာ ကြောက်မက်ဖွယ် သ တင်းတစ်ပုဒ် ပျံ့နှံ့ခဲ့ပါတယ်။ အဲ ဒါကတော့ မြန်မာ့အိမ်နီးချင်းထိုင်း နဲ့ မလေးရှားနယ်စပ်က ထူထပ်လှတဲ့ တောတွင်းတစ်နေရာမှာ လူ ကုန်ကူးဂိုဏ်းတွေ အသုံးပြုခဲ့တဲ့ လျှို့ဝှက်စခန်း ၂၈ ခုကို မလေး ရှားရဲတပ်ဖွဲ့က စီးနင်းရှာဖွေတွေ့ ရှိခဲ့ပါတယ်။ အဲဒီမှာ လူကုန်ကူး ခံရသူတွေရဲ့ ရုပ်အလောင်း ၁၃၉ လောင်းကို တူးဖော်တွေ့ရှိရတယ် ဆိုတဲ့ သတင်းပါပဲ။ မြန်မာနိုင်ငံ မှာတော့ ဒီသတင်းကို သိပ်သတိ မထားမိခဲ့ကြပါဘူး။ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အစာရေစာပြတ်လပ်ခြင်းတို့ ကြောင့် သေဆုံးခဲ့ကြတာဖြစ် တယ်လို့ ရုပ်အလောင်းတွေကို စစ်ဆေးချက်ကဆိုပါတယ်။ ထိုင်း-မလေးရှားနယ်စပ်ဟာ လှေစီးဒုက္ခသည်တွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကနေ အရှေ့ တောင်အာရှကို လူမှောင်ခိုကူးတဲ့ ဂိုဏ်းတွေရဲ့ ခရီးတစ်ထောက်နား တဲ့ နေရာဖြစ်တယ်။ လူကုန်ကူး ခံရသူတွေကို အဲဒီလျှို့ဝှက်စခန်း တွေမှာ ချုပ်နှောင်ထားတယ်။ ငွေ ပေးပြီး မရွေးနိုင်တဲ့သူတွေကို ရောင်းစားတယ်ဆိုတဲ့ နာမည်ဆိုး နဲ့ကျော်ကြားတဲ့နေရာလည်းဖြစ် ပါတယ်။

ဒီသတင်းပေါ်ထွက်လာပြီး မကြာခင်မှာပဲ ဒီလိုလှေနဲ့ လူကုန် ကူးတဲ့ဂိုဏ်းတွေကို အဓိကဦး ဆောင်နေသူတွေဟာ မြန်မာနိုင် ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ‘ရိုဟင်ဂျာ’ မွတ်စလင်တွေဖြစ် တယ်လို့ မလေးရှားနိုင်ငံပိုင်သ တင်းဌာန Bernama ရဲ့ သတင်း တစ်ပုဒ်ကဆိုပါတယ်။ လူကုန်ကူး စခန်း ၂၈ ခုရဲ့ နောက်ကွယ်မှာ အဓိကကြီးကြပ်နေသူဟာ မြန် မာနိုင်ငံက ဘင်္ဂါလီ(မူရင်းသတင်း တွင် ရိုဟင်ဂျာဟုဖော်ပြထား)တစ်ယောက်ဖြစ်ကြောင်း၊နာမည်က Yassin (ယာစင်)ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အဲဒီယာစင်ဆိုတဲ့လူဟာ ထိုင်းတောင်ပိုင်းမှာ နေတယ်။ ထိုင်းနဲ့မြန်မာ မှတ်ပုံတင်နှစ်မျိုးစ လုံးကိုင်ဆောင်ထားပြီး သူ့မှာ ထိုင်းနဲ့မြန်မာ နာမည်နှစ်မျိုးရှိ တယ်။ ဘင်္ဂါလီတွေကို လူကုန်ကူးနေသူဖြစ်တယ်။ ဒီကိစ္စပေါ်တော့ ထိုင်းဘက် တိမ်းရှောင်သွားရာကနေ မြန်မာနိုင်ငံထဲကို ဇနီးနဲ့အတူ  တိတ်တဆိတ်ပြန်ဝင်သွား ကြောင်း ယုံကြည်ရတယ်လို့လွန် ခဲ့တဲ့ သုံးနှစ်ကာလသတင်းတစ် ပုဒ်မှာ ဖော်ပြခဲ့ပါတယ်။

သုံးနှစ်အကြာမှာ ပြန်ပေါ် လာတဲ့ နာမည်

လူမှောင်ခိုရာဇာအဖြစ် စွပ် စွဲခံရတဲ့ အဲဒီ ‘ယာစင်’ဆိုတဲ့နာမည် ဟာ မကြာမတင်က မြန်မာနိုင်ငံ ထဲမှာ ရုတ်တရက်ပေါ်ထွက်လာ ပါတယ်။ ပြီးခဲ့တဲ့လမှာ မြန်မာနိုင် ငံက တင်ပို့လိုက်ပြီး မလေးရှားမှာ စံချိန်တင်ဖမ်းဆီးရမိခဲ့တဲ့ ၁ ဒသမ ၂ တန်ရှိတဲ့မူးယစ်ဆေးအ မှုမှာ အဓိကလက်သည်တရားခံ ဟာ (၄၄) နှစ်အရွယ် ‘မောင် မောင်(ခေါ်) Hjyassin’ ဖြစ်တယ် လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန် ခဲ့ပါတယ်။ မကြာခင်မှာပဲ သူ့ကို ဖမ်းမိပြီလို့ ထပ်မံသတင်းထုတ်ခဲ့ ပါတယ်။

မောင်မောင်ခေါ် ဟာဂျီယာ စင် (HjYassin)ကို ဖမ်းမိတဲ့ နောက်မှာ သူဟာ မလေးရှားနယ် စပ်မှာ လူကုန်ကူးမှုတွေ၊ လူသတ် မှုတွေအတွက် သံသယရှိသူအ ဖြစ် ကြေညာခံထားရတဲ့ Yassin နဲ့တစ်ယောက်တည်းလားဆိုတဲ့ မေးခွန်းပေါ်ထွက်လာပါတယ်။ အကြောင်းရင်းကတော့ အခုဖမ်း မိထားတဲ့ မောင်မောင်ခေါ် ယာ စင်ဟာ မလေးရှားနိုင်ငံမှာ နှစ် ပေါင်းများစွာကြာအောင် နေထိုင် ဖူးပြီး မလေးရှားနိုင်ငံရောက် မြန် မာရွှေ့ပြောင်းအလုပ်သမားတွေ အကြား၊ အထူးသဖြင့် မလေးရှား ရောက် မြန်မာနိုင်ငံသားမွတ်စ လင်တွေကြားမှာ အောင်မြင်တဲ့ စတိုးဆိုင်၊ ငွေလွှဲလုပ်ငန်း၊ စား သောက်ဆိုင်စတဲ့ စီးပွားရေးလုပ် ငန်းတွေကို ပိုင်ဆိုင်တဲ့လုပ်ငန်းရှင် အဖြစ် လူသိများကျော်ကြားတဲ့ သူဖြစ်နေလို့ပါပဲ။

အခုကစပြီး Yassin ကို ‘ယာစင်’လို့ပဲ ရေးပါမယ်။

မြန်မာနိုင်ငံက မွတ်စလင် တွေနဲ့ မလေးရှားရောက်မြန်မာ  ပြည်ဖွား မွတ်စလင်အသိုင်းအ ၀ိုင်းမှာရှိတဲ့ Myanmar Now သတင်းရင်းမြစ်တွေကတော့ အ ခုဖမ်းမိထားတဲ့ မောင်မောင်ခေါ် ယာစင်ဟာ လူမှောင်ခိုရာဇာယာ စင်နဲ့ တစ်ယောက်တည်းပဲလို့ ပြောပါတယ်။

သူတို့ဟာ မလေးရှားမှာ ကွန်ရက်ကြီးတဲ့ လူမှောင်ခိုဂိုဏ်း တွေရဲ့ရန်ကြောင့် သူတို့နာမည် ကို ထုတ်ဖော်မရေးသားစေချင် ကြပါဘူး။

မောင်မောင်ခေါ် ယာစင်ရဲ့ အမှုမှာ အရေးပါတဲ့သတင်းရင်း မြစ်တစ်ခုဖြစ်တဲ့ ရန်ကုန်က သူ့ရဲ့ ဇနီးကတော့ သူ့ယောက်ျားနဲ့ လူ ကုန်ကူးတရားခံယာစင်တို့က နာ မည်တူတာသာဖြစ်တယ်လို့ပြော ပါတယ်။ မလေးရှား ကေဒါပြည် နယ်အခြေစိုက် မလေးရိုဟင်ဂျာ အသင်း (Kedah Rohingya Society in Malaysia RSM)ရဲ့ ဒု တိယဥက္ကဋ္ဌယူစွပ်အလီ (Yusof Ali)ကလည်း ဒီနှစ်ယောက်ဟာ သတ်သတ်စီဖြစ်တယ်လို့ ဆိုပါ တယ်။

သူတို့နှစ်ယောက်က အခုလို ငြင်းပေမယ့်လည်း နှစ်ယောက် စလုံးဆီကနေ ရလိုက်တဲ့အချက် ကတော့ မောင်မောင်ခေါ်ယာစင် ဟာ မလေးရှားနိုင်ငံမှာတုန်းက လူကုန်ကူးဂိုဏ်းသံသယနဲ့ မလေး ရှားအထူးစုံစမ်းရေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးစစ်ဆေးတာကို ခံရဖူး တယ်ဆိုတာပါပဲ။

‘‘သူဒီလို စစ်ဆေးခံရတော့ ကျွန်တော်ကိုယ်တိုင် မလေးရှားရဲ တွေဆီ သွားပြီးစကားပြန်လုပ်ပေး ခဲ့ရတယ်။ သူဟာ စီးပွားရေးသ မားသက်သက်ပဲ။လူကုန်ကူးတာ မလုပ်ဘူးလို့ (မလေးရဲကို)ပြော ပြီး သူလွတ်အောင် ကျွန်တော်ပဲ လုပ်ပေးခဲ့တာ’’ လို့ မလေးရှားမှာ ရှိတဲ့ ယူစွပ်အလီက Myanmar Now ကိုဖုန်းနဲ့ပြောပါတယ်။

ယာစင်ဆိုသူဟာ ထိုင်း တောင်ပိုင်းမှာရှိတဲ့ လူမှောင်ခို ဂိုဏ်းတစ်ဂိုဏ်းဆီကနေ ဘင်္ဂါလီ တွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ကို ပုံသေဈေးနှုန်းတစ်ခုသတ်မှတ် ပြီးဝယ်ကြောင်း၊ မလေးရှားဘက် ခြမ်းဝမ်ကေလီယန် (Wang Kelian)က တစ်ထောက်နားစခန်း တွေမှာ ခဏထားထားပြီး တခြား လူကုန်ကူးသူတွေဆီကို ပြန် ရောင်းကြောင်း ယူစွပ်အလီက သူရထားတဲ့ အချက်အလက်တွေ ကို အခြေခံပြီး Bernamaသတင်း ဌာနကို အဲဒီတုန်းက ပြောခဲ့ဖူးပါ တယ်။ မောင်မောင်ခေါ်ယာစင်ရဲ့ ဇနီးဖြစ်တဲ့ ဒေါ်ဝင်းမာထွန်းက တော့ အဲဒါဟာလူမှားပြီးအဖမ်းခံ ခဲ့ရတာဖြစ်တယ်လို့ ပြောပါ တယ်။

‘‘မလေး (အထူးစုံစမ်းရေး) ရဲတပ်ဖွဲ့က ကျွန်မအမျိုးသားကို ခေါ်စစ်ဖူးပေမယ့် နာမည်တူတာ ပါ။ စုံစမ်းစစ်ဆေးပြီး မဟုတ်မှန်း သိတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ တကယ်က အဲဒီလူ(လူမှောင်ခို) က နာမည်တူနဲ့ လုပ်စားတာပါ’’ လို့ တာမွေမြို့နယ် ဖိုးစိန်လမ်းမှာ ရှိတဲ့ သူတို့လင်မယားနေထိုင်ရာ ကွန်ဒိုအခန်းမှာ Myanmar Now ကိုပြောပါတယ်။

ဇိမ်ခံဆိုဖာကြီးများ၊ သိုးမွေး ကော်ဇော၊ လှပတဲ့ကြွေထည် ပစ္စည်းအများအပြားနဲ့ တခမ်းတ နားပြင်ဆင်ထားတဲ့ အဲဒီအဆင့် မြင့်တိုက်ခန်းအတွင်း တွေ့ဆုံမေး မြန်းရာမှာ ဒေါ်ဝင်းမာထွန်းက ခင် ပွန်းသည် လူကုန်ကူးမှုမရှိ ကြောင်း ငြင်းပေမယ့် ဆိုင်ဝန် ထမ်းတစ်ဦးက ယာစင်ဆိုတဲ့နာ မည်ကို သုံးပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင်တွေကို လူကုန်ကူးခဲ့တယ်လို့တော့ နောက်ပိုင်းမှာ ပြောပါတယ်။

‘‘အဲဒီလူကုန်ကူးတဲ့သူက ကျွန်မအမျိုးသားနဲ့ဆွေမျိုးမတော် ပေမယ့် လူယုံ၊ ငွေလွှဲရင် အချိတ် အဆက်ကိစ္စအားလုံးအတွက် ဆိုင်မှာပဲ သူလုပ်တယ်။ ဟာဂျီ ယာစင်ဆိုတဲ့နာမည်ကို ကိုင်ပြီး တော့လုပ်တာ။ သူက ရိုဟင်ဂျာ ပဲ။ သူ့နာမည်အရင်းကို လူတွေက မသိဘူး။ ဟာဂျီယာစင်ဆိုင်ဆိုပြီး တော့ပဲ လူတွေက သိကြတယ်။ ဒါကြောင့် ကျွန်မယောက်ျားက လူကုန်ကူးတယ်လို့ နာမည်ထွက် သွားလို့ ခေါ်အစစ်ခံရတာ’’ လို့ ပြောပါတယ်။

ဒါပေမဲ့ မလေးရှားရောက် မြန်မာပြည်ဖွားမွတ်စလင်တချို့ ကတော့ မောင်မောင်ခေါ်ဟာဂျီ ယာစင်သူတို့ဆီမှာ ယာယီအ ထိန်းသိမ်းခံရစဉ်တုန်းက ပီနန်မြို့ က သူ့အိမ်ကိုရဲက၀င်စီးပြီး တွေ့ တဲ့ငွေတွေကို ငွေမည်းဆိုပြီးသိမ်း ဆည်းခဲ့ကြောင်း၊ လူကုန်ကူးမှု သံသယနဲ့ စစ်ဆေးခဲ့ကြောင်း၊ သူ ကရဲကိုလာဘ်ထိုးပြီး ပြန်လွတ် လာခဲ့တာဖြစ်တယ်လို့ ယုံကြည်ရ ကြောင်း ပြောကြပါတယ်။

သံသယတရားခံရဲ့ ဘ၀နောက်ကြောင်း

မြန်မာနိုင်ငံမှာရော မလေး ရှားမှာပါ ဟာဂျီယာစင်လို့ လူသိ များတဲ့ မောင်မောင်ရဲ့ မိဘတွေ ဟာ ရခိုင်မြောက်ပိုင်းသားတွေ ဖြစ်ပေမယ့် မောင်မောင်ကိုတော့ ရန်ကုန်မှာပဲမွေးပြီး အင်းစိန်ဗလီ လမ်းမှာကြီးတယ်လို့ ဇနီးဖြစ်သူ က ပြောပါတယ်။ ရခိုင်မြောက် ပိုင်း သတင်းရင်းမြစ်တစ်ခုက တော့ မောင်မောင်ခေါ်ယာစင်ဟာ မောင်တောမြို့(၅)ရပ်ကွက်မှာ နေခဲ့ဖူးတယ်လို့ဆိုပါတယ်။ ပြည် ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက် ပါ ဖခင် ဦးရှော်ရှိတ်အာမောက် ဆိုတဲ့နာမည်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင်မှည့် တတ်တဲ့ နာမည်မျိုးဖြစ်ကြောင်း၊ မြန်မာပြည်ရဲ့အခြားဒေသမွတ် စလင်တွေဟာ အာမက်ဆိုတဲ့ နာမည်ကိုသုံးကြပြီး ရခိုင်မြောက် ပိုင်းမှာတော့ အာမောက်လို့ သုံး တတ်ကြောင်း အဲဒီသတင်းရင်း မြစ်က ဆိုပါတယ်။

ဟာဂျီယာစင်ဟာ ၁၉၈၉ ၀န်းကျင်အသက်(၁၅)နှစ်အရွယ် လောက်မှာ မလေးရှားကို ထိုင်း ကတစ်ဆင့် တရားမ၀င်လမ်း ကြောင်းကနေ ရောက်သွားတယ်။ မလေးရှားမှာ ကျပန်းအလုပ်တွေ လုပ်၊ ပန်းရန်အလုပ်တွေပုတ်ပြတ် လက်ခံရာကနေ နောင်မှာမြန်မာ နိုင်ငံက တင်သွင်းတဲ့စားသောက် ကုန်၊ အသုံးအဆောင်ပစ္စည်းတွေ ရောင်းချတဲ့ အောင်ရတနာဆိုတဲ့ လက်လီဆိုင်ခွဲတွေကို ဖွင့်လှစ်ခဲ့ တယ်လို့ အမည်မဖော်လိုတဲ့သ တင်းရင်းမြစ်တစ်ခုက ပြောပါ တယ်။

http;//aungyadanastore.com ဆိုတဲ့ဝက်ဘ်ဆိုက်မှာ တော့ မြို့တော်ကွာလာလမ်ပူ၊ ကေဒါပြည်နယ်က အလော်ဆေး တား (AlorSetar)နဲ့ မြန်မာအလုပ် သမားအများအပြားရှိတဲ့ ပီနန် ပြည်နယ်က ဘူကစ်မာတာဂျမ် (Bukit Mertajam)တို့မှာ ဖွင့်လှစ် ထားတဲ့ အောင်ရတနာစတိုးဆိုင် ဓာတ်ပုံတွေကို ဆလိုက်ရှိုးပုံစံနဲ့ တင်ထားပြီး စတိုးဆိုင်နာမည် တွေအောက်မှာလည်း မြန်မာ ပြည်အနှံ့ ငွေလွှဲငွေပို့လုပ်ငန်းတွေ လုပ်ကိုင်ကြောင်းကို အင်္ဂလိပ်- မြန်မာနှစ်ဘာသာနဲ့ရေးသားထား ပါတယ်။

မလေးရှားရောက် သိန်းနဲ့ချီ တဲ့ မြန်မာလုပ်သားတွေ မြန်မာ နိုင်ငံကို ငွေလွှဲပို့ပေးတဲ့အဓိက၀န် ဆောင်မှုပေးနေတာဟာ မောင် မောင်ခေါ် ဟာဂျီယာစင်ဖြစ်တယ် လို့ မလေးရှားမှာနေထိုင်တဲ့အ မည်မဖော်လိုသူတစ်ဦးက ပြော ပါတယ်။ မြန်မာဘက်ကနေ မလေးကို သင်္ဘောနဲ့ ကုန်ပစ္စည်း တင်ပို့တဲ့ လုပ်ငန်းမှာလည်း မလေးအာဏာပိုင်တွေထဲအထိ ပေါက်ရောက်တယ်လို့ သူကဆို ပါတယ်။

မောင်မောင်ခေါ် ယာစင်ရဲ့ ရန်ကုန်မြို့က ဇနီးကလည်း မလေးရှားနိုင်ငံက အောင်ရတနာ  စတိုးဆိုင်တွေ၊ ငွေလွှဲလုပ်ငန်း တွေကို သူ့ယောက်ျားဖြစ်သူပိုင် ဆိုင်ပြီး ငွေလွှဲလုပ်ငန်းကနေ တစ် နေ့ကို ဒေါ်လာသောင်း၊ သိန်းချီ ၀င်ငွေရတယ်လို့ ပြောပါတယ်။ သူဟာဒုတိယဇနီးဖြစ်ပြီး မလေး ရှားနိုင်ငံမှာ ယာစင်ရဲ့ပထမဇနီး ရှိတယ်လို့ပြောပါတယ်။

ပြည်တော်ပြန်ခြင်း

၂၀၁၅ မေလ လူကုန်ကူးခံ ရသူတွေရဲ့ ရုပ်အလောင်း ၁၀၀ ကျော်နဲ့ပတ်သက်ပြီး မောင်မောင် ခေါ် ယာစင်ဟာ မလေးရှားရဲရဲ့ ဖမ်းဆီးစစ်ဆေးခြင်းကို ခံရပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံကို ပြန်လာ ပြီး အခြေချပါတယ်။ ဒုတိယဇနီး ဖြစ်တဲ့ ဒေါ်ဝင်းမာထွန်းကတော့ သူတို့ပြန်လာတာဟာ လူကုန်ကူး မှုကိစ္စကြောင့် မဟုတ်ဘဲ အ သက်အရွယ်ရလာတာကြောင့် ကိုယ့်ဇာတိရပ်ရွာမှာ ပြန်အခြေ ချဖို့အတွက် မလေးရှားမှာစီးပွား ရေးအဆင်ပြေတဲ့ ကြားကနေ ၂၀၁၆ နှောင်းပိုင်းမှာပြန်လာခဲ့ရ တာလို့ ပြောပါတယ်။

အသက်အရွယ်ကို အ ကြောင်းပြချက်ပေးပေမယ့် သူ့ရဲ့ ခင်ပွန်းဟာ အသက်(၄၄)နှစ်ပဲရှိ သေးသလို ဒေါ်ဝင်းမာထွန်းက လည်း ခင်ပွန်းထက်ငယ်ရွယ်ဦး မယ့်ပုံပေါက်ပါတယ်။ ဒါ့အပြင် သူတို့ပြန်လာချိန်ဟာ မြန်မာနိုင်ငံ မှာ မွတ်စလင်မုန်းတီးရေးဟော ပြောမှုတွေမြင့်တက်နေလို့ မွတ်စ လင်တချို့တောင် ပြည်ပထွက်အ ခြေချဖို့ ကြိုးစားနေချိန်လည်းဖြစ် ပါတယ်။

‘‘ဟိုမှာက နေရထိုင်ရ၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကအစ အဆင်ပြေပေမယ့် ကိုယ့်ရဲ့ နောက်ဆုံးထွက်သက်ကတော့ အဆင်မပြေဘူး။ အဲဒါလေးတစ် ခုပါပဲ။ ပိုက်ဆံဘယ်လိုရှာရမလဲ ကောင်းကောင်းသိနေပါပြီ’’ လို့ ဒေါ်ဝင်းမာထွန်းက ပြောပါတယ်။

မောင်မောင်ခေါ် ဟာဂျီယာ စင်ဟာ မလေးရှားကို လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က တရားမ၀င်ထွက်  ခွာသွားခဲ့ပေမယ့် ပြန်လာတဲ့အ ချိန်မှာတော့ မြန်မာနိုင်ငံကူးလက် မှတ်နဲ့ ပြန်လာခဲ့တယ်လို့ ယူဆ ရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာ နက ထုတ်ပြန်ထားတဲ့ သတင်းမှာ ပူးတွဲပါတဲ့ သူ့ရဲ့နိုင်ငံကူးလက် မှတ် အထောက်အထားမှာတော့ ကွာလာလမ်ပူ မြန်မာသံရုံးက ၂၀၁၇ အောက်တိုဘာ ၂၃ ရက် နေ့စွဲနဲ့ ထုတ်ပေးခဲ့တယ်လို့ ဖော် ပြထားပါတယ်။

မြန်မာနိုင်ငံ ပြန်မလာခင် မလေးရှားက သူ့လုပ်ငန်းအချို့ကို ပိတ်သိမ်းခဲ့တယ်။ ပီနန်က BM Plaza မှာ ဖွင့်ထားတဲ့ အောင်ရတနာစတိုးဆိုင်ကို လူယုံတွေ လက်ထဲအပ်တယ်။ ပြီးတော့ မိ သားစုလိုက် မြန်မာနိုင်ငံပြန်လာ တယ်လို့ သူ့ဇနီးကပြောပါတယ်။ ပို့ကုန်လုပ်ငန်း ဆက်လုပ်ကိုင်သလို မလေးရှားက သူတို့ပိုင်စတိုးဆိုင်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သင်္ဘောနဲ့ ဆက်ပို့ပေးနေခဲ့တယ်လို့ ဆက် ပြောပါတယ်။

ပြန်ရောက်ခါစမှာ တာမွေ မြို့နယ်ရှိ ကွန်ဒိုတိုက်ခန်းကို ပြောင်းလာခဲ့တာပါ။ အဲဒီကွန်ဒိုရဲ့ မြေညီထပ်နဲ့ပထမထပ်ကို သူတို့ ပိုင်ဆိုင်ပြီး ပထမထပ်မှာ သူတို့ နေထိုင်တယ်။ မြေညီထပ်ကို ပုဂ္ဂ လိက သင်တန်းကျောင်းတစ် ကျောင်းကို ငှားထားတယ်လို့ စုံ စမ်းသိရပါတယ်။ အဲဒီအခန်းမှာ သူတို့နဲ့အတူ မလေးရှားက ပထမ ဇနီးနဲ့ရတဲ့ (၁၅)နှစ်အရွယ် သမီး၊ (၁၀)နှစ်အရွယ်သားတို့လည်း နေ ထိုင်ကြတာကို တွေ့ခဲ့ရပါတယ်။

သူတို့မိသားစု ဒီတိုက်ခန်း ကို ပြောင်းလာကြတာ လေးလ လောက်ပဲ ရှိသေးတယ်လို့ နတ် မောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းက ပြောပါတယ်။

ကွန်ဒိုကြီးကြပ်ရေးမှူး ဦး အောင်မြင့်ကလည်း မောင်မောင် ခေါ်ယာစင်ဟာ ဘာသာရေးကိုင်း ရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့သူဖြစ် တယ်လို့ သိထားတာကြောင့် မူး ယစ်မှုနဲ့အဖမ်းခံရတဲ့အခါ အံ့ဩ မိတယ်လို့ ပြောပါတယ်။ မောင် မောင်ကို မနက်နဲ့ ညနေဗလီသွား တဲ့အခါမှ တွေ့ရတတ်တယ်လို့ လည်း ဆက်ပြောပါတယ်။

မောင်မောင်ခေါ် ယာစင်နဲ့ နီးစပ်တဲ့ ရန်ကုန်က မွတ်စလင်အသိုင်းအ၀ိုင်းကတော့ သူဟာ အလှူအတန်းရက်ရောပြီး ဘာ သာတရား ကိုင်းရှိုင်းသူဖြစ်တယ် လို့ဆိုပါတယ်။ ပုဇွန်တောင်မြို့ နယ်က ရုံးကလေးဗလီကို သွား တတ်ပြီး သူ့အိမ်နားက ဗလီကို လည်း တစ်ခါတစ်ရံ သွားတတ် တယ်လို့ သူတို့ကပြောပါတယ်။


တာမွေမြို့နယ်ရှိ ယာစင်၏ တိုက်ခန်း (ဓာတ်ပုံ − Myanmar Now)

မောင်မောင်ခေါ် ယာစင်ရဲ့ လုပ်ငန်းများ

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၁၉ ရက်ထုတ်ပြန်ချက်မှာ မောင်မောင်ခေါ် ယာစင်ထံကနေ ငွေသားအပြင် အခြားအခြေ ပစ္စည်း စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ်သိန်း ၇၀,၀၀၀ ကျော် သိမ်း ဆည်းရမိတယ်လို့ ဖော်ပြထားပါ တယ်။ ဆက်စပ်သံသယတရားခံတွေ ပြည်တွင်းဘဏ်နှစ်ခုမှာ အပ်ထားတဲ့ငွေသား စုစုပေါင်း ကျပ်သိန်း ၂၈,၀၀၀ ရှိတယ်လို့ ဆိုထားပေမယ့် ဘယ်ဘဏ်တွေ ဖြစ်တယ်ဆိုတာ မဖော်ပြထားပါ ဘူး။

Myanmar Now ရဲ့ စုံစမ်း ချက်အရ အဲဒီဘဏ်နှစ်ဘဏ်ဟာ ဧရာဝတီဘဏ်(AYA Bank)၊ ရွှေ (ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုး တက်ရေး)ဘဏ် (Shwe Bank) တို့ ဖြစ်တယ်လို့ သိရပါတယ်။ မောင်မောင်ခေါ် ဟာဂျီယာစင် ဟာ မောင်မောင်ဆိုတဲ့နာမည်နဲ့ပဲ ဧရာဝတီဘဏ်မှာ ၂၀၁၇ ဇန်န၀ါ ရီကစပြီး ငွေစုဘဏ်စာရင်းတစ် ခုကို ငွေကြေးပမာဏအမြောက် အမြားနဲ့ စတင်ဖွင့်လှစ်ခဲ့တယ်။ အဲဒီလိုဖွင့်ရာမှာ အရောင်းအ ၀ယ်ကုမ္ပဏီတစ်ခုရဲ့ နာမည်နဲ့ စာရွက်စာတမ်းတွေကို အသုံးပြု ခဲ့တယ်လို့ ဧရာဝတီဘဏ်ရဲ့ Enterprise Risk Management ဌာနတာဝန်ခံ ဦးအောင်ကိုကိုဦး က Myanmar Now ကို ပြောပါ တယ်။

မောင်မောင်ခေါ် ယာစင် ဟာ ယခုနှစ် နှစ်ဆန်းမှာလည်း စာရင်းသေအပ်ငွေစာရင်းတစ်ခု ထပ်မံဖွင့်လှစ်ခဲ့တဲ့အတွက် ဧရာ ၀တီဘဏ်မှာ ကျပ်ငွေနဲ့ဖွင့်ထား တဲ့ ငွေစာရင်းနှစ်ခုအထိရှိလာပါ တယ်။ ဒါပေမဲ့ နိုင်ငံခြားငွေနဲ့ ဖွင့် တဲ့စာရင်းတော့ ဧရာဝတီဘဏ်မှာ မရှိဘူးလို့ ဦးအောင်ကိုကိုဦးက ဆိုပါတယ်။ မောင်မောင်ခေါ် ယာစင်ရဲ့ အပ်နှံလွှဲပြောင်းတဲ့ ငွေ ကြေးပမာဏကို ထုတ်ပြောဖို့ ငြင်းဆန်ပေမယ့် မောင်မောင်ရဲ့ အပ်ငွေတွေဟာ စအပ်စဉ်က တည်းက ပမာဏများတာဖြစ်တဲ့ အတွက် ဖောက်သည်ကြီး (Big Customer) စာရင်းမှာပါတယ်လို့ သူကပြောပါတယ်။

 ‘‘သူက အပ်တဲ့ပမာဏ လည်းများတယ်။ ငွေလွှဲငွေသွင်း လည်း ခဏခဏလုပ်တဲ့သူဖြစ် တာကြောင့် သူ့ရဲ့အချက်အလက် တွေကို ကျွန်တော်တို့ ပိုစောင့် ကြည့်ပါတယ်။ သူက တစ်လကို ငွေလွှဲ၊ ငွေသွင်း သုံးခါကနေ ခြောက်ခါအထိ လုပ်လေ့ရှိပါ တယ်။ ပြည်တွင်းပါပဲ။ နိုင်ငံခြား ကို လွှဲတာ၊ သွားတာမဟုတ်ပါ ဘူး။ သူ့ငွေတွေက ပြည်တွင်းမှာ ပဲ လှည့်ပတ်နေတာပါ’’ ဟု ဦး အောင်ကိုကိုဦးက ပြောပါတယ်။ ဘဏ်စာရင်းနှစ်ခုစလုံးကို မောင် မောင်ခေါ် HjYassin နာမည်နဲ့ပဲ ဖွင့်ထားတာလို့ ဆိုပါတယ်။

အပ်နှံငွေတွေကို သူတို့က ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်း ကမ်းနဲ့အညီပဲ လက်ခံခဲ့တာဖြစ် ကြောင်း၊ ၂၀၁၇ စုငွေဘဏ်စာ ရင်းစဖွင့်လှစ်ချိန်မှာ မောင်မောင် ဟာ သုံးခေါက်ချိုးမှတ်ပုံတင်ကို အသုံးပြုခဲ့ကြောင်း၊ ယခုနှစ် ဖေ ဖော်ဝါရီမှာ စာရင်းသေအပ်ငွေစာ ရင်းဖွင့်ပြီး နောက်ပိုင်းမှာ ပန်း ရောင်နိုင်ငံသားစိစစ်ရေးကတ် ရ ထားပြီဆိုပြီး ဘဏ်ကိုအသိပေး ခဲ့ကြောင်း ဦးအောင်ကိုကိုဦးက ပြောပါတယ်။

ရွှေသံလွင်ကုမ္ပဏီပိုင် ရွှေ ဘဏ်မှာလည်း မောင်မောင်ခေါ် ဟာဂျီယာစင်ရဲ့ ဘဏ်စာရင်းရှိ တယ်လို့ Myanmar Now ကစုံ စမ်းသိရှိထားရပေမယ့် ရွှေဘဏ် ဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး သူ တို့ဘက်က အချက်အလက်တွေ မပေးနိုင်ပါဘူးလို့ ပြောပြီးငြင်း ဆန်ခဲ့ပါတယ်။ မလေးမူးယစ်မှုနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဘဏ်စာ ရင်းတွေကို ပိတ်သိမ်းဖို့ ဇွန်လ ၅ ရက်မှာ ဘဏ်များအားလုံးကို ဗဟိုဘဏ်က လျှို့ဝှက်ညွှန်ကြား ချက်ပေးပို့ခဲ့ပါတယ်။

Nice Guy Clearnce ဟာ မောင်မောင် တင်ပို့လိုက်တဲ့ မူး ယစ်ဆေးပါကုန်သေတ္တာကို ဆိပ် ကမ်းမှာ အကောက်ခွန်ရှင်းလင်း ရေးစာရွက်စာတမ်းတွေ လုပ်ပေး ခဲ့ပါတယ်ဆိုတဲ့ ကုမ္ပဏီဖြစ်ပြီး ပိုင်ရှင်ဦးမင်းနိုင်ကိုလည်း ဖမ်း ထားကြောင်း အစိုးရက သတင်း ထုတ်ထားပြီးဖြစ်ပါတယ်။ မူးယစ် ဆေးပါကုန်သေတ္တာကို ရန်ကုန် ကနေ တာဝန်ယူပြီး ပို့ပေးခဲ့တာ ဟာ U Kaung Trading Co.,Ltd (ဦးကောင်းထရေးဒင်းကုမ္ပဏီလီ မိတက်)ဖြစ်တယ်လို့ ပြည်ထဲရေး ရဲ့ ဇွန်လ ၆ ရက်ထုတ်ပြန်ချက် မှာ ပါပါတယ်။ ဦးကောင်းထရေး ဒင်းဟာ ကျောက်တံတားမြို့နယ် (၃၅) လမ်းအောက်ဘလောက်မှာ ရှိပြီး ဒါရိုက်တာနေရာမှာ ဒေါ်သီ တာမိုးလို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြ ထားပါတယ်။

မူးယစ်အမှုမှာ ဆက်စပ်နေ တယ်လို့ ယူဆရသူများရဲ့ဘဏ် အပ်ငွေတွေကို လုပ်ထုံးလုပ်နည်း အရ အမှုမပြီးပြတ်မချင်း ဘဏ် က ထိန်းသိမ်းထားရမှာ ဖြစ်ပါ တယ်။ အမှုပြီးပြတ်တဲ့အခါ (စွပ် စွဲခံရသူတွေ ပြစ်မှုကျူးလွန်တယ် လို့ စီရင်ချက်ချခံရတယ်ဆိုရင်) ဒီငွေတွေကို နိုင်ငံတော်ဘဏ္ဍာအ ဖြစ် လွှဲပေးရမှာဖြစ်တယ်လို့ ဦး အောင်ကိုကိုဦးက ဆိုပါတယ်။

 ဒေါ်ဝင်းမာထွန်းကတော့ ဘဏ်တွေမှာ ပိတ်မိနေတဲ့ပိုက်ဆံ တွေဟာ မလေးရှားရောက်မြန်မာ နိုင်ငံသားတွေက မိသားစုဆီ ပြန် လွှဲပို့ထားတဲ့ ငွေတွေသာဖြစ်ပြီး ဒုစရိုက်လုပ်ငန်းတွေကနေ ရထား တာမဟုတ်ကြောင်း၊ အခုဆိုရင် မပို့ထားတဲ့ ဟွန်ဒီငွေတွေအရေး အခက်တွေ့နေကြောင်း ပြောပါ တယ်။

‘‘အောင်ရတနာပိုင်ရှင် အ ဖမ်းခံရတယ်ဆိုတဲ့ သတင်းကြား တော့ တောင်းကုန်ပြီ။ အထူးသ ဖြင့် ပီနန်က လူတွေပေါ့။ အခု အစ်မတို့က နည်းနည်းနောနော ပိုက်ဆံတွေမဟုတ်ဘူး။ ရှင်း ထုတ်ရမှာက အများကြီးပဲ။ အခု ဘာမှလုပ်လို့မရတော့ မရှင်းနိုင် သေးဘူး’’ လို့ သူကပြောပါတယ်။


ရန်ကုန်မြို့ရှိ မြသီရိငွေလဲလှယ်ရေးကောင်တာ (ဓာတ်ပုံ - Myanmar Now)

နိုင်ငံခြားငွေလဲလုပ်ငန်း

၂၀၁၇ အတွင်း ဧရာဝတီ ဘဏ်မှာ မောင်မောင် (ခေါ်) ဟာ ဂျီယာစင် ဘဏ်စာရင်းဖွင့်စဉ် တုန်းက အရောင်းအဝယ်ကုမ္ပဏီ တစ်ခုရဲ့ နာမည်နဲ့ ဖွင့်လှစ်ခဲ့တယ် လို့ ဧရာဝတီဘဏ်က ပြောပေ မယ့် ကုမ္ပဏီနာမည်ကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။ Myanmar Now ရဲ့ စုံစမ်းချက်အရ အဲဒီကုမ္ပဏီဟာ ဗဟန်းမြို့နယ် သံလွင်လမ်း အမှတ် (၈၀) လိပ် စာနဲ့ ၁၉၉၂ ကတည်းက မှတ်ပုံ တင်ထားတဲ့ Mya Thiri Trading Co.,Ltd (မြသီရိထရေးဒင်း ကုမ္ပဏီလီမိတက်) ဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီကို တည်ထောင်ခဲ့ တဲ့ ဒေါ်ခင်စောကတော့ လုပ်ငန်း အဆင်မပြေတဲ့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လက်လွှဲရောင်းချခဲ့တယ်လို့ ပြောပါတယ်။ မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာတော့ အဲဒီကုမ္ပ ဏီရဲ့ လိပ်စာကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆိပ် ကမ်းသာလမ်း (ကုန်သည်လမ်း နှင့် မဟာဗန္ဓုလလမ်းကြား) အ မှတ် (၁၅၀) မြေညီထပ်လို့ ဖော် ပြထားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ၁၂/ တမန (နိုင်) ၁၃၃၂၈၁ ကို ကိုင်ဆောင်ထား တဲ့ ‘မောင်မောင်’ ဟာ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 အဲဒီဆိပ်ကမ်းသာလိပ်စာ မှာတော့ ‘Mya Thiri Trading Co., Ltd’ နဲ့ ‘Money Changer’ လို့ ဆိုင်းဘုတ်နှစ်ခု တင်ထားတဲ့ ဆိုင်ကို အခုအချိန်အထိ ဖွင့်လှစ် ထားတာ တွေ့ရပါတယ်။ မောင် မောင်ရဲ့ ဇနီးဒေါ်ဝင်းမာထွန်းက တော့ အဲဒီဆိုင်ကို သူတို့မိသားစု ပိုင်တာ ဟုတ်တယ်လို့ ပြောပါ တယ်။

ဆက်စပ်တရားခံများ

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန် ချက်တစ်ခုမှာတော့ ဒီအမှုနဲ့ပတ် သက်တဲ့ နောက်ထပ်ကွင်းဆက် တရားခံတွေကို ထပ်မံဖမ်းဆီးရမိ နေသလို တရားခံပြေးတွေလည်း ရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။ ဇွန်လ ၁၉ ရက် နောက်ဆုံးထုတ် ပြန်ချက်အရ မလေးရှားမှာ ဖမ်း ဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ ကို ရှမ်းပြည်နယ် တာချီလိတ်မြို့ နေ ချင်ကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်ဆိုတဲ့ အမျိုးသမီးက မလေးရှားမှာရှိတဲ့ ၎င်းရဲ့အမျိုး သား အစ်ကိုကြီး (ခေါ်) ကတုံးထံ ‘ကြားခံလူ’တွေနဲ့ ပို့ခိုင်းခဲ့တယ် လို့ဆိုပါတယ်။

မူးယစ်ဆေးသယ်ယူရေးအ တွက် မြန်မာနိုင်ငံဘက်မှ မောင် မောင် (ခေါ်) ယာစင်က အဓိက ပါဝင်ပြီး မလေးရှားဘက်မှာတော့  ပထမဇနီးရဲ့မောင်ဖြစ်သူ ဇေယျာ ဟိန်းက သင်္ဘောကွန်တိန်နာကို လက်ခံရယူခဲ့တယ်လို့ ဆိုပါ တယ်။ မူးယစ်ဆေးဝါးတွေကို တာချီလိတ်ကနေ လှည်းကူးမြို့ Nice Guy ရေသန့်စက်ရုံကို ပို့ တယ်။ အဲဒီစက်ရုံကတစ်ဆင့် မောင်မောင်(ခေါ်) ယာစင်ပိုင်တဲ့ ပုဇွန်တောင်မြို့နယ်က သိုလှောင် ရုံတစ်ရုံကို ပို့တယ်။ ဦးမင်းနိုင်ရဲ့ Nice Guy Clearance Services Agency က အကောက်ခွန် ကိစ္စတွေလုပ်ပေးပြီး U Kaung Trading ကုမ္ပဏီက သင်္ဘောကိစ္စ တာဝန်ယူခဲ့တယ်လို့ ပြည်ထဲရေး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Nice Guy ရေသန့်စက်ရုံ ဟာ ဦးမင်းနိုင်ရဲ့ ဇနီးဒေါ်သီတာ မိုးနာမည်နဲ့ လုပ်ကိုင်နေတာဖြစ် ပြီး ဒေါ်သီတာမိုးဟာ ဦးကောင်း ထရေးဒင်းကုမ္ပဏီရဲ့ ဒါရိုက်တာ အဖြစ်လည်း မှတ်ပုံတင်ထားပါ တယ်။

ဦးမင်းနိုင်နဲ့ မောင်မောင် ခေါ်ယာစင်တို့ဟာ လွန်စွာရင်းနှီး ကြောင်း သူတို့နှစ်ယောက်ရဲ့ ပတ် သက်မှုအကြောင်းကို Myanmar Now ရဲ့ သတင်းတစ်ပုဒ်မှာ တင်ပြခဲ့ပြီးပါပြီ။

ဦးမင်းနိုင်ကို ဇွန်လ ၂ရက် နေ့၊ မောင်မောင်ခေါ်ဟာဂျီယာ စင်ကို ဇွန်လ ၅ရက်နေ့၊ ဇေယျာ ဟိန်းကို ဇွန်လ ၉ ရက်နေ့တို့မှာ အသီးသီးဖမ်းဆီးရမိခဲ့ပြီး  ရန်ကုန် က ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ မကြာသေးမီက ချုပ်ရမန်ယူခဲ့ပါ တယ်။ နောက်ဆက်တွဲအနေနဲ့ မလေးရှားမှာ မူးယစ်မှုနဲ့ ထောင် ကျခဲ့ဖူးတဲ့ ထားဝယ်ကြီးခေါ်  အောင်လွင်ကို ထားဝယ်မြို့မှာ  ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ပါ တယ်။

မောင်မောင်ခေါ် ယာစင်ရဲ့  မူးယစ်ဆေးဝါးအမှု စွပ်စွဲချက် တွေ၊ လူကုန်ကူးမှုစွပ်စွဲချက်တွေ နဲ့ ပတ်သက်လို့ ရန်ကုန်က မလေး ရှားသံရုံးကိုရော ကွာလာလမ်ပူ က မြန်မာသံရုံးကိုပါ မေးမြန်းဖို့ ဆက်သွယ်ခဲ့ပါတယ်။ မြန်မာသံ အမတ်ကြီးက တယ်လီဖုန်းနဲ့ဆို ရင် မဖြေကြားပေးနိုင်ကြောင်း အ ကြောင်းပြန်ပြီး မလေးရှားသံရုံး ကတော့ သူတို့သံအမတ်ကြီး နေ ရပ်ကို ခွင့်နဲ့ ခဏပြန်နေတယ်လို့  အကြောင်းပြန်ပါတယ်။


သံသယတရားခံတစ်ဦးဖြစ်သော မင်းနိုင် (ဓာတ်ပုံ − Myanmar Now)

စွပ်စွဲမှုများကို ငြင်းဆန်

 ဒေါ်ဝင်းမာထွန်းကတော့ ဒီမူးယစ်ဆေးဝါးအမှုမှာ သူ့ ယောက်ျားမပါဘူးလို့ဆိုပါတယ်။ ဒီမူးယစ်ဆေးတွေ ထည့်ထားတဲ့ လက်ဖက်ခြောက်ထုပ်တွေကို ကွန်တိန်နာထဲထည့်ပြီး ရန်ကုန် မြန်မာ့စက်မှုဆိပ်ကမ်း (Myan-mar Industrial Port - MIP) က နေ တင်ပို့ခဲ့တာဟာ ပြီးခဲ့တဲ့ ဧပြီ သင်္ကြန်ကာလကဖြစ်ပြီး သူတို့ လင်မယားဟာ အဲဒီအချိန်မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာကို ဘုရားဖူးထွက်နေတယ်လို့ ပြောပါတယ်။

ရဲရဲ့စုံစမ်းစစ်ဆေးမှုတွေပြီး တဲ့နောက် တရားရုံးကို စွဲဆိုတင် ပို့တဲ့အချိန်မှာ မီဒီယာတွေကိုခေါ် ပြီး မူးယစ်ဆေးဝါးအမှုမှာ သူ့ရဲ့ ခင်ပွန်းမပါကြောင်း အသေးစိတ် ရှင်းပြမယ်လို့ပြောပါတယ်။

‘‘ပြောစရာတွေအများကြီးရှိ ပေမယ့် အစ်မက သတင်းထောက် တွေကို အခုပြောပြမယ်ဆိုရင်အစ်မယောက်ျားအပေါ် ပုံနေတဲ့အပြစ်တွေ ထပ်ပုံကျသွားမှာစိုး တယ်’’လို့ ဒေါ်ဝင်းမာထွန်းက ပြောပါသည်။

သူ့ယောက်ျားဟာ မလေး ရှားရဲက ဖမ်းဆီးစစ်ဆေးတာကို ခံခဲ့ရဖူးပေမယ့် နာမည်ထွက်နေ တဲ့ လူမှောင်ခိုရာဇာ ‘ယာစင်’ မဟုတ်ဘူးလို့ ငြင်းဆန်သွားပါ တယ်။ လူကုန်ကူးတရားခံဖြစ်ခဲ့ မယ်ဆိုရင် မလေးရှားမှာရှိတဲ့ သူ တို့လုပ်ငန်းတွေကို ပိတ်သိမ်းခံ လိုက်ရမှာပေါ့လို့ပြောပါတယ်။

‘‘လူကုန်ကူးတာတွေမှာ ဘာ မှမပါခဲ့ဖူးဘူး။ သူများတွေလူကုန် ကူးတာမှာ ရှယ်ယာပါတာမျိုး လည်းမရှိဘူး။ ရခိုင်က ထွက်ပြေး လာတဲ့ ရိုဟင်ဂျာတွေကို အခမဲ့ ကူညီပေးတာမျိုးလည်းမရှိခဲ့ဘူး။  ပီနန်မှာရှိတဲ့ ရိုဟင်ဂျာ အသိုင်း အ၀ိုင်းနဲ့လည်း မပတ်သက်ဘူး။ ရိုဟင်ဂျာစကားတော့ သူတတ် တယ်။ သူတို့အမျိုးအရင်းတွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးတာ။ မလေးဘက်ကို ရောက်မလာ သေးဘူး။ တချို့လည်း သေကုန် တယ်’’ လို့ ဒေါ်ဝင်းမာထွန်းက ပြောပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရတော့ မလေးရှား မှာ စံချိန်တင်မူးယစ်ဆေးဝါးတွေ ဖမ်းမိတဲ့ မေလ ၂၂ ရက် နောက် ပိုင်း မလေးရှားအစိုးရက မြန်မာ နိုင်ငံကလာတဲ့ ဆေးဝါးနဲ့အစား အစာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။ ဒါ့အပြင်မြန် မာတွေအများစုရှိတဲ့ ကွာလာလမ်ပူက ဘလက်ကောင်းမြို့ သမာဂျာရာရပ်ကွက်မှာ ဖွင့်ထားတဲ့ ‘အောင်ရတနာ’ နာမည်နဲ့ စတိုးဆိုင်ကို ချိပ်ပိတ်ထားပြီး ဆိုင်ဝန်ထမ်းနှစ်ယောက်ကို ဖမ်းထားကြောင်း၊ အဲဒီဆိုင်ခန်းကို ငှားစားထားတဲ့ မလေးရှားနိုင်ငံသား တ​ရုတ်လူမျိုးကိုလည်း ခေါ်စစ်ဆေးနေကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ သတင်းရင်းမြစ်တစ်ခုက Myanmar Now ကို ဇွန်လ ၂၀ ရက်နေ့မှာပြောပါတယ်။