သြစတြေးလျအသင်း ဒိန်းမတ်နှင့်သရေကျပြီး နောက်တစ်ဆင့်တက်ရန် ဆက်လက်ရှင်သန်

သြစတြေးလျသည် ဒိန်းမတ်နှင့် တစ်ဂိုးစီသရေကျ သောပွဲစဉ်တွင် အထင်ကြီးစရာ ခြေစွမ်းအချို့ ပြသပြီးနောက်တစ် ဆင့်တက်ရေး မျှော်လင့်ချက်များ ဆက်လက်ရှင်သန်ခဲ့သည်။


ပွဲစပြီး ခုနစ်မိနစ်မှာပင် ဂျော် ဂျင်ဆန် ဖန်တီးပေးပြီး အဲရစ်ဆင် သွင်းယူသောဂိုးကြောင့် နောက်မှ လိုက်ကစားခဲ့ရသော်လည်း သြစ တြေးလျ အသင်းခေါင်းဆောင် ဂျယ်ဒီနက်က ပထမပိုင်း ၃၈မိနစ် တွင် ပင်နယ်တီမှတစ်ဆင့်ချေပဂိုး သွင်းယူခဲ့သည်။ ယင်းမှာ ရုရှားကမ္ဘာ့ဖလားတွင် ၎င်း၏ ဒုတိယ မြောက် ပင်နယ်တီဂိုးဖြစ်သည်။

ယူဆွတ်ဟိုလ်ဆင်၏ လက် ထိဘောကို ဒိုင်လူကြီးက ဗီဒီယို လက်ထောက် ဒိုင်လူကြီးစနစ် ကြည့်ရှုပြီး ပင်နယ်တီပေးခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျသည် ဒုတိယပိုင်းတွင် ဘောလုံးပိုင်ဆိုင် မှု ပိုများခဲ့ပြီး အခွင့်အရေးအချို့ ရရှိခဲ့သော်လည်း အနိုင်ဂိုးကိုမရှာ ဖွေနိုင်ခဲ့ပေ။

ပထမပွဲတွင် ပီရူးကို အနိုင် ရရှိထားသော ဒိန်းမတ်သည် လေးမှတ်ဖြင့် အုပ်စု (C) ထိပ်ဆုံး နေရာရရှိထားသည်။ ပြင်သစ်နှင့် ပီရူးတို့လည်း ပါဝင်သော ယင်း အုပ်စုတွင်  သြစတြေးလျသည် နောက်တစ်ဆင့် တက်နိုင်သေး ကာ နောက်ဆုံးပွဲ၌ ပီရူးကို အနိုင် ရရှိရန် လိုအပ်သည်။

အဲရစ်ဆင်က အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သော်လည်း သြစတြေးလျက ဘောလုံးပိုင် ဆိုင်မှု ၅၁ ရာခိုင်နှုန်းရှိခဲ့ကာ ဂိုး ပေါက်ကန်သွင်းမှုတွင်လည်း ဒိန်း မတ်၏  ၁၀ ကြိမ်ထက်ပိုများပြီး ၁၄ ကြိမ်အထိရှိခဲ့သည်။

‘‘ကျွန်တော်တို့နိုင်သင့်တယ် လို့ ခံစားရတယ်။ ပြင်သစ်နဲ့ပွဲ တုန်းကလိုပါပဲ။ စိတ်လည်းပျက် တယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။ ကျွန်တော်တို့ဒီထက်ပိုပြီး ထိုက် တန်ပါတယ်။ အခုဆိုရင် ပီရူးနဲ့ ပွဲကို ကျွန်တော်တို့ အာရုံစိုက်ရ တော့မယ်။ နောက်တစ်ဆင့်တက် မလားဆိုတာကတော့ ကျွန်တော် တို့  မလွှမ်းမိုးနိုင်တဲ့ ကိစ္စပါ’’ ဟု သြစတြေးလျနည်းပြ ဘက်ဖန်မာ ဝစ်က ပြောသည်။—Ref: