မကွေးမြို့ဗိုလ်ချုပ်ပန်းခြံအတွင်း ရဲဘော်သုံးကျိပ်မော်ကွန်းကျောက်စာတိုင် တည်ဆောက်

ရဲဘော်သုံးကျိပ်မော်ကွန်း ကျောက်စာတိုင်တည်ဆောက်နေစဉ် (ဓာတ်ပုံ −မိုးကျော်)

 မကွေးမြို့ ဗိုလ်ချုပ်မြင်း စီးကြေးရုပ်ပန်းခြံအတွင်း ရဲဘော် သုံးကျိပ်၏ ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို မြန်မာ-အင်္ဂ လိပ်နှစ်ဘာသာဖြင့်တည်ဆောက် နေကြောင်း မကွေးတိုင်းလွှတ် တော် ဒုဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက ပြောသည်။

အဆိုပါရဲဘော်သုံးကျိပ်၏ ကမ္ပည်းကျောက်စာတိုင်ကို ဗိုလ် ချုပ်မြင်းစီးကြေးရုပ်ပန်းခြံတွင် ထားရှိသင့်ကြောင်း မကွေးတိုင်း လွှတ်တော် တိုင်းလွှတ်တော်ကိုယ် စားလှယ်ဦးတင်မောင်ဦးက အဆို တင်ရာ အဆိုအောင်မြင်ခဲ့ခြင်း ကြောင့် ယခုအခါအကောင်အ ထည်ဖော် တည်ဆောက်နေ ကြောင်း ၎င်းကပြောသည်။

‘‘ရဲဘော်သုံးကျိပ်ရဲ့ ကမ္ပည်း ကျောက်စာတိုင် လုပ်မယ်ဆို တော့ လွှတ်တော်ကလည်း ထောက်ခံသလို ကျွန်တော်က လည်း ၀မ်းပန်းတသာ ဖြစ်ပါ တယ်။ မြေနေရာတို့ ဘာတို့က တော့ အစိုးရက စီစဉ်တာပါ’’ ဟု ဒုလွှတ်တော်ဥက္ကဋ္ဌဦးဇော်မျိုးဝင်း ကဆိုသည်။ ယင်းကမ္ပည်းကျောက်စာတိုင်သည် အမြင့်ရှစ်ပေ၊ အနံ လေးပေနှင့် ထုငါးလက်မရှိသည်။ ကျောက်စာတိုင် တင်ထားသည့် အောက်ခုံအမြင့် နှစ်ပေခွဲရှိ ကြောင်း ကျောက်စာတိုင်တည် ဆောက်နေသည့်တာဝန်ရှိသူက ပြောသည်။

‘‘ကျောက်စာတိုင်မှာ ရဲ ဘော်သုံးကျိပ်ဝင်တွေရဲ့ နာမည် အရင်းနဲ့ စစ်ပညာသင်ယူပြီးဗိုလ် ဘွဲ့ခံယူတဲ့နာမည်တွေလည်း ပါ တယ်။ နောက်ပြီး မွေးရပ်ဇာတိ တွေလည်းပါတော့ ကောင်းတယ် ဗျ။ ကျွန်တော်တို့ရော နောက် လူငယ်တွေအတွက်ပါ ရဲဘော် သုံးကျိပ်ကိုသိချင်ရင် အထူးရှာ ဖွေနေစရာမလိုဘဲ ပန်းခြံမှာလာဖတ်လိုက်လို့ရတာပေါ့’’ ဟု မကွေးမြို့ခံကိုအောင်မျိုးကပြော သည်။ ယင်းကျောက်စာတိုင်ဖွင့်ပွဲ ပြုလုပ်ရန် နေ့ရက်ကိုထုတ်ပြန် ထားခြင်းမရှိသေးပေ။

တို့ဗမာအစည်းအရုံးက ဦး ဆောင်၍ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် မျိုးချစ်လူငယ်များက အင်္ဂလိပ်အစိုးရအားတော်လှန်ရန် ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြား ပြီး မြန်မာ့လွတ်လပ်ရေးကြိုး ပမ်းမှုတွင် ၎င်းတို့သည်ရဲဘော်သုံး ကျိပ်အဖြစ် ထင်ရှားသည်။

More in Regional Section