ရခိုင်တွင် ရေလမ်းခရီးဖြင့် ကျောင်းတက်သူများအား အသက်ကယ်အင်္ကျီပေးမည်

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့မှ ရေလမ်းခရီးဖြင့် ကျောင်းတက်နေရသည့် ကလေးငယ်များ (ဓာတ်ပုံ −မောင်ကံ)

ရခိုင်ပြည်နယ်၌ ရေလမ်းခရီးဖြင့် ကျောင်းတက်နေ သော ကျောင်းသားသည် ယခင် နှစ်ထက် ယခုနှစ်တွင် ၄၀၀ ကျော် ပိုများပြီး အဆိုပါကျောင်းသား များ အသက်ကယ်အင်္ကျီဝတ်ဆင် ပြီးမှ ကျောင်းတက်ရန် သက်ဆိုင် ရာကျောင်းအုပ်များကို ညွှန်ကြား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခင်  ပညာသင်နှစ်က ရေလမ်းခရီးဖြင့် ကျောင်းတက်ရသည့် ကျောင်း ၁၄၀ ကျော်တွင် ကျောင်းသား ၄,၀၀၀ ကျော်ရှိကြောင်း ၎င်းကပြောသည်။

‘‘ကျောင်းအုပ်တွေကို သေ သေချာချာစာထုတ်မှာ။ လှေနဲ့ ကျောင်းတက်နေရတဲ့ ကလေး တွေကို အသက်ကယ်အင်္ကျီတစ် ယောက်ကို တစ်ထည်နှုန်း တစ်ခါတည်းပေးထားမယ်။ ကျောင်း တက်တဲ့အခါ အသက်ကယ်အင်္ကျီဝတ်ပြီးမှ ကျောင်းတက်ဖို့အတွက် ကြပ်မတ်ပေးသွားမယ်။ အပြန်ကျ ရင်လည်း အသက်ကယ်အင်္ကျီ ၀တ်ပြီးမှ လှေစီးခွင့်ပြုဖို့ ညွှန်ကြား သွားမယ်’’ဟု ဦးစိန်ထွန်းလှက ပြောသည်။ ယခင်နှစ်စာရင်းအရ ရခိုင် တွင် ရေလမ်းခရီးဖြင့် ကျောင်း တက်ခဲ့သည့် ကျောင်းသားသည် စစ်တွေခရိုင်တွင် ၈၀၀ ကျော်၊ မြောက်ဦးခရိုင်တွင် ၉၀၀ ကျော်၊ မောင်တောခရိုင်တွင် ၁၉၀ ကျော်၊ကျောက်ဖြူခရိုင်တွင် ၄၀၀ ကျော်နှင့် သံတွဲခရိုင်တွင် ၁,၈၀၀ ကျော်ရှိကြောင်း ပြည်နယ်ပညာရေး မှူးရုံးစာရင်းတွင် ဖော်ပြသည်။

မြစ်ချောင်း အင်းအိုင်များ သည့် ရခိုင်ပြည်နယ်တွင် ကျောင်း သားများ အပါအ၀င် ဒေသခံအ များစုသည် ရေလမ်းခရီးကိုသာ အားထားနေပြီး ရေလမ်းခရီးဖြင့် ကျောင်းတက်သည့် ကျောင်းသား အချို့ လှေနစ်မြုပ်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။