ဇော်ဂျီ၊ ကျွန်တော်နှင့် သီရိပစ္စယာအလွမ်း (မြသန်းတင့်)

စာရေးဆရာများသည် စာပေလောကအတွင်း ကျင်လည်ဖြတ်သန်းခိုက် ထိတွေ့ဆက်ဆံရသော ဆရာသမားများနှင့် ရေးဖော်ရေးဖက်များအကြောင်း အလျဉ်းသင့်သလို ရေးသားခဲ့ကြသည်။ ဒဂုန်တာရာ ၏ ဖျတ်ခနဲတွေ့ရသော
ရုပ်ပုံလွှာကားချပ်များ၊ ငွေ ဥဒေါင်း၏ စာဝင်္ကပါ၊ ပါရဂူ၏ ပရကထာ၊ နတ်နွယ် ၏ မိမိနှင့်စာရေးဆရာများသည် ထင်ရှားသောစာအုပ် များဖြစ်သည်။ ဆရာမြသန်းတင့်သည်လည်း ထိုသို့ သောစာအုပ်မျိုး ရေးသားခဲ့ပါသည်။ 


ဇော်ဂျီ၊ ကျွန်တော်နှင့် သီရိပစ္စယာအလွမ်း ဟူ သော ယခုစာအုပ်တွင် ဆရာမြသန်းတင့်ကဆရာဇော် ဂျီ၊ လူထုဦးလှ၊ ဂျာနယ်ကျော်မမလေး၊ ဗန်းမော်တင် အောင်၊သခင်မြသန်းအစရှိသည့်ရေးဖော်ရေးဖက်တို့ အကြောင်းရက်ရှယ်ရေးထားသည်။ စာရေးဆရာတို့ အကြောင်းပြောရင်း စာပေလောက၊ နိုင်ငံရေးလော ကနှင့် တိုင်းပြည်အခြေအနေများကို ဖျတ်ခနဲဖျတ်ခနဲ ပြသသွားရာ မှန်ကူကွက်ကားချပ်တစ်ခုနှယ် မြင်ရပါ မည်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့နှင့် ကြုံခဲ့ပုံ ကို စာအုပ်တစ်နေရာတွင် ‘ဆရာဇော်နှင့် ဆရာဝဏ် တို့သည် ကျွန်တော်တို့နှစ်ယောက်ကို ဆူးလေဘုရား လမ်းအရှေ့ဘက်ရှိ မြင်းဖြူပျော်ပွဲစားရုံသို့ ခေါ်သွား သည်။ ဆိုင်ထဲမှ အခန်းလွတ်တစ်ခန်းတွင် ကျွန်တော် တို့ ၀င်ထိုင်ကြသည့်အခါတွင် ဆရာဇော်က-

‘‘ဘီယာကလေး ဘာလေး သောက်ရအောင် ကွာ’’

ကျွန်တော်တို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်နေကြပြန်သည်။ ရှေ့တွင် စကားကိုမျှ ရဲရဲမပြောရဲသော ကျွန်တော်တို့ နှစ် ယောက်သည် ဆရာနှစ်ဦးနှင့် တစ်စားပွဲတည်းထိုင် ဘီယာသောက်ဖို့ ရွံ့နေကြသည်။

‘‘ဘာလဲကွ၊ မင်းတို့ မသောက်တတ်ဘူးလား’’

‘‘တစ်ခါတလေတော့ သောက်ပါတယ် ဆရာ’’

ကျွန်တော်တို့နှစ်ယောက်က ပြိုင်တူလိုလိုအဖြေ ပေးကြ၏။

‘‘တစ်ခါတလေ သောက်တာပဲကွ၊ ပြီးတော့ ဒါက ဘီယာပဲ’’

ဆရာဇော်ဂျီသည် ဂျက်ဖရီဘီယာ တစ်ယောက် တစ်လုံးမှာပြီး စားသောက်ဖွယ်များကို မှာနေသည်။

‘‘မောင်ဝန် မင်းကြိုက်တာမှာကွာ’’

‘‘ဆရာကြိုက်တာမှာပါ။ ကျွန်တော် ဘာဖြစ်ဖြစ် စားပါတယ်’’

‘‘ငါကလည်း ဘာဖြစ်ဖြစ်စားတဲ့ကောင်ပါကွ’’

ဘီယာရောက်လာပြီးနောက် ကျွန်တော်တို့သည် ဘီယာဖန်ခွက်များပေါ်တွင် စကားဝိုင်းဖွဲ့နေကြသည်’ ဟု ရေးထားသည်။ ထို့အတူ ဆရာဇော်ဂျီအပေါ် ဆရာမြသန်းတင့်က အကဲဖြတ်ပုံကို ‘ဇော်ဂျီ၏ နှလုံး သားသည် အဘိဓမ္မာဆရာက၀ိ၏ လေးနက်မှုနှင့် သု ခမိန်ကဗျာဆရာ၏ စိတ်ကူးယဉ်မှုဆိုသည့် ၀ိရောဓိ ပစ္စည်းနှစ်ခုကို ပေါင်းစပ်ဖွဲ့စည်းထားသည်ဟု ကျွန် တော် ထင်ပါသည်။ အဘိဓမ္မာဆရာက၀ိသည်ဘ၀ကို တည်ငြိမ်စွာ၊ နက်ရှိုင်းစွာမြင်တတ်ပါသည်။ လောက ဓံ၏ ရိုက်ပုတ်ချက်တို့ကို တည်ငြိမ်စွာ ခံယူကြည့် တတ်ပါသည်။ သုခမိန်ကဗျာဆရာသည် အသိမ်မွေ့ ဆုံးခံစားချက်ကိုပင် သူ့စိတ်ကူးပင့်ကူအိမ်ထဲတွင်အမိ အရ ဖမ်းဆုပ်ထားတတ်ပါသည်’ဟု ရေးထားသည်။ ဆရာသော်တာဆွေ၏ ရုပ်ပုံလွှာကိုလည်း ‘သန်းဆွေ ရောက်လာသည့်အခါတွင် ကျွန်တော်တို့သည် ခပ်လှမ်းလှမ်းရှိ မွန်းရှိုင်းကဖီးသို့သွား၍ လက်ဖက်ရည် သောက်ကြသည်။ စာအကြောင်း၊ ပေအကြောင်းတွေ ကို မမောနိုင်၊ မပန်းနိုင်ပြောတတ်ကြသည်။ သို့ကလို နေစဉ် သော်တာဆွေရောက်လာလျှင် ကျွန်တော်တို့ စကားဝိုင်းသည်ပျက်လေပြီ။ သော်တာဆွေသည် မြင် သမျှလူကို လှမ်းနောက်နေတတ်သည်။ ဘယ်သူ့ကိုမျှ ချမ်းသာမပေး။ သူ့ကြည့်လိုက်လျှင် စာကလေးတစ် ကောင်လိုပါးစပ်မှ အမြဲတမ်းအသံထွက်နေတတ်ပါ သည်’ဟူ၍ရေးထားသည်။ သူထိတွေ့ခဲ့ရသည့် စာ ရေးဆရာဖေမြင့် (ယခုပြန်ကြားရေးဝန်ကြီး)အပေါ် ရှုမြင်ချက်ကို ‘ကျွန်တော်သိသည့် သံတွဲသားစာရေး ဆရာတွေ ရှိသေးသည်။ သူတို့ကတော့ ကျွန်တော့် ထက်ငယ်သူ၊ တစ်ယောက်က ဖေမြင့်၊ သူဆေး ကျောင်းသားဘ၀ကတည်းက စာပေလောကကိုမျိုး ညွန့်နှင့်အတူ ကျွန်တော့်အိမ်သို့ မကြာခဏရောက် လာတတ်သည်။ အရပ်မြင့်မြင့်၊ ထောင်ထောင်မောင်း မောင်း၊ ကိုယ်လုံးပြည့်ပြည့်၊မျက်နှာထားတည်တည်၊ စကားနည်းနည်း၊ အရက်ကလေး နည်းနည်းဝင်သွား လျှင် အင်္ဂလိပ်လိုပြောတတ်သည်။ ၀တ္ထုတိုအရေး ကောင်း၊ ဆေးထိုးအပ်နှင့် နားကြပ်ကိုဘေးချပြီး က လောင်တံကိုကောက်ကိုင်သူ၊ လူပုံက လက်တွေ့ကျ မည်ထင်ရသော်လည်း အိပ်မက်ထဲတွင်လမ်းလျှောက် တတ်သူ’ဟူ၍ အတွေးပွားဖွယ်ရေးထားခဲ့သည်။ ယခု စာအုပ်ကို ခန်းဆောင်နီစာအုပ်တိုက်က တန်ဖိုး ၆,၀၀၀ ကျပ်ဖြင့် ဖြန့်ချိသည်။