ရုပ်ရှင်အကြိုခံစားခြင်း

ပင်လယ်ကြီးက ဘာပြောလဲ

ဒီကနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ တော့ ကမ်းခြေမှာပေါ့ပေါ့ပါးပါး ရိုက်ကူးထားတဲ့ အချစ်ဟာသ ကားလေးကို ညွှန်းလိုက်ပါတယ်။

ဧကရာဇ်က လုပ်ငန်းတိုးချဲ့ တဲ့အနေနဲ့ ကမ်းခြေမှာ ဟိုတယ်တစ်လုံးဝယ် ယူခဲ့ပါတယ်။ ဒါပေမဲ့ ပိုင်ရှင်ကိုတော့  ဘယ်သူဆိုတာ လျှို့ဝှက်ထားခဲ့ပါတ ယ်။ တစ်ရက်မှာတော့ သူ့ရဲ့ ဟိုတယ်နဲ့ပတ် သက်ပြီး လိုအပ်ချက်တွေရှိနေ မလားဆိုတာကို လေ့လာတဲ့အနေ နဲ့ ဟိုတယ်မှာ ဧည့်သည်တစ် ယောက်ပုံစံတည်းခိုခဲ့ပါတယ်။

ဟိုတယ်မန်နေဂျာ သွင်ဦးနဲ့ စားသောက်တာဝန်ခံပိုက်ထွေး တို့ကတော့ လုပ်ငန်းအပေါ် ကျွမ်း ကျင်သလို အလုပ်အပေါ်မှာလည်းစေတနာထားတာကို သိခဲ့ပါ တယ်။ ဒါပေမဲ့ သူရောက်နေတဲ့ အချိန်မှာပဲ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒါက တော့ ဟိုတယ်မှာခေါင်းပြတ်သရဲ ခြောက်တယ်ဆိုတဲ့ကိစ္စပါ။ အဲဒီခေါင်းပြတ်သရဲက လူတွေကို ခြောက်လှန့်ရုံတင်မဟုတ်ဘဲပစ္စည်းတွေလည်း ပျောက်တာကြောင့် ပြဿနာဖြစ်နေခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ဧကရာဇ်ရဲ့သူငယ်ချင်းရဲအုပ်တစ်ယောက်က တန်ဖိုးကြီး ကျောက်တစ်လုံးကို လိမ်သွားတဲ့လူတစ်ယောက် ကမ်းခြေဘက်ကို ရောက်နေတာကြောင့် သတင်းရရင်ကူညီပေးဖို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ မရှေး မနှောင်းမှာပဲ သူတို့ ဟိုတယ်ကို ယမထာဆိုသူ တစ်ယောက် ရောက်လာခဲ့ပါတယ်။ ယမထာကဟိုတယ်လုပ်ငန်းတွေကို လေ့လာ ချင်တာကြောင့် လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ဧကရာဇ်ကလည်း ယမထာကို စိတ်ဝင်စားနေခဲ့ပါ တယ်။ နောက်ထပ် ဟိုတယ်ကို ရောက်လာသူတွေကတော့ ကျောက်သူဌေးလေးဆိုတဲ့ နွေ ကင်းနဲ့ တပည့်နှစ်ယောက်၊ ရက်ပ်ပါအဆိုတော် အောင်ဘီနဲ့ မော် ဒယ်ရွှေစင်တို့လည်း ရောက်လာခဲ့ပါတယ်။ နောက်ဆုံးရောက်လာ သူတွေကတော့ နိုင်ငံခြားပြန် ညီအစ်ကိုနှစ်ယောက်ပါ။ ဧကရာဇ်ကတော့ သူ့ဟိုတယ်ကိုရောက် လာသူတွေထဲမှာ ကျောက်လိမ်သွားသူပါ၊ မပါ အမြဲအကဲခတ်နေ ခဲ့ပါတယ်။

အဲဒီလိုနဲ့ တစ်ရက်မှာတော့ ယမထာက ကျောက်အရောင်း အဝယ်ကိစ္စတစ်ခုကို ဖုန်းဆက်နေ တာကို ဧကရာဇ်ကြားခဲ့ပါတယ်။ အဲဒါကြောင့် ကျောက်လိမ်သွားသူက ယမထာလားဆိုတာကို သံသ ယဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ယမထာ က သူ့ဆောက်မယ့်ဟိုတယ်အ တွက် သူတို့ရဲ့ ဘိုးဘွားပိုင် ကျောက်ကို ထုခွဲရောင်းချဖို့ ဖုန်း ဆက်ခဲ့တာပါ။ အဲဒီအကြောင်းကို ဧကရာဇ်သိသွားချိန်မှာတော့ ယမထာကို အလိမ်ခံရတဲ့ ကျောက်အ ကြောင်း ပြောပြပြီး အကူအညီ တောင်းခဲ့ပါတယ်။

ကျန်တဲ့ သူတွေထဲမှာ ကျောက်ကိုလိမ်လည်သွားသူက ဘယ်သူလဲ၊ ခေါင်းပြတ်သရဲက ကော ဘယ်ကရောက်လာတာလဲ၊ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ဇွန်လ ၂၂ ရက်ကစတင်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမယ့် ပင်လယ်ကြီးကဘာပြောလဲ ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစား ပေးပါ။ဒီဇာတ်ကားမှာ ခန့်စည်သူ၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ဖြိုးငွေ စိုး၊ စိုးမြတ်သူဇာ၊ အိချောပို၊ သန္တာဗိုနဲ့ ရတနာဗိုတို့ ပါဝင်သရုပ် ဆောင်ထားပြီး ဇော်မြင့်ဦးရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက် တာ အောင်သြဘာက ရိုက်ကူးပုံ ဖော်ထားပါတယ်။