ပြည်သူအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းပါစေဟု ဒေါ်အောင်ဆန်းစုကြည်ဆုတောင်း

မွေးနေ့ပွဲသို့ သမ္မတ ဦးဝင်းမြင့်နှင့် သမ္မတဟောင်း ဦးထင်ကျော်တက်ရောက်
ဇွန်လ၁၉ရက် မွေးနေ့အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးချိုးဖြူလွှတ်နေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ−အောင်ရှိုင်းဦး/အေပီ)

 ပြည်သူအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းပါစေဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  (၇၃)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အဖြစ် ပြန်လည်ဆုတောင်းပေးခဲ့ သည်။

‘‘ဒီနေ့ (ဇွန်လ ၁၉ ရက်)ကစ ပြီး နေ့တိုင်းနေ့တိုင်း ပို၍ ပို၍ တိုး ၍ တိုး၍ နှလုံးစိတ်ဝမ်းအေးချမ်း ပါစေ၊ မွေးနေ့မှာ ပြည်သူတွေ စိတ်ချမ်းသာနေမယ်ဆိုရင် အား လုံးက ပြည့်စုံပြီ။ ကျန်တာဘာမှ မလိုဘူး’’ဟု မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြို့ကြီးများတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်မွေးနေ့ပွဲကို ပြည် သူများက ကျင်းပပေးပြီး နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင် (I-12)၌ ပြုလုပ်သည့် ပွဲသို့ မွေးနေ့ရှင်ကိုယ်တိုင်တက်ရောက်ခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး၊ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်း ၀င်းခိုင်သန်း၊ သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် အပါအ၀င် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်အချို့၊ ဒီချုပ်လွှတ် တော်ကိုယ်စားလှယ်များတက် ရောက်သည်။

I-12 သည် ဒေါ်အောင် ဆန်းစုကြည် လွှတ်တော်ကိုယ်စား လှယ်ဘ၀ကတည်းက မွေးနေ့ကျင်းပခဲ့သည့် အဆောင်ဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ‘‘အစ်မ  အသက်ရာကျော်ရှည်ပြီးတော့ အစ်မဖြစ်စေချင်တဲ့ ပြည် ထောင်စုကြီးကို ချောချောမော မော အောင်အောင်မြင်မြင်နဲ့ ပုံ ဖော်နိုင်ပါစေ။ နောက်တစ်ခါ အစ်မလိုချင်တဲ့ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးအတွက်ကို အမြန်ဆုံး  အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်’’ဟု ပြော ကြားသည်။

အလားတူ သမ္မတဟောင်း ဦးထင်ကျော်က ‘‘တိုင်းပြည်အ တွက်ကို အစစအရာရာ မနားမနေ လုပ်ဆောင်နေတဲ့ အစ်မရဲ့ စိတ် ရင်း၊   စေတနာရင်းမှန်ကန်မှု ကြောင့် သူရောက်ရှိချင်တဲ့ ပန်း တိုင်၊ တိုင်းပြည်အတွက် ကြိုးပမ်း နေတဲ့ ပန်းတိုင်၊ အမြန်ဆုံးချော မွေ့မွေ့နဲ့ ပန်းခင်းသော လမ်းကို ရောက်ရှိပါစေ။ အစ်မကိုလည်း ကျန်းကျန်းမာမာ စိတ်၏ကျန်းမာ ခြင်းတို့နဲ့အတူ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်’’ဟု ပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် မွေးနေ့ကိတ်ခွဲပြီးနောက် သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး၊ သမ္မတ ဟောင်း ဦးထင်ကျော်နှင့် ဇနီး၊ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် များ၏ ဂါရ၀ပြုကန်တော့ခြင်းကို ခံယူသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံ့အကျိုးနှင့် မိမိတို့၏ မဲဆန္ဒ နယ်၏ အကျိုးတို့ကို ကြိုးစားလုပ် ကိုင်ရန် လမ်းညွှန်မှာကြားကြောင်းကောလင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမျိုးဇော် အောင်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် များနှင့် တွေ့ဆုံစဉ် ဒေါ်အောင် ဆန်းစုကြည်က စည်းလုံးညီညွတ် ကြရန် မှာကြားသော်လည်း အဖွဲ့ အစည်းအတွင်း အမြဲညီညွတ်နိုင် မည်မဟုတ်၍ ရန်ဖြစ်သည့်အခါ ဖြစ်သင့်ဖြစ်ထိုက်သည့်ပုံစံဖြင့် ဖြစ်ရန် ထည့်သွင်းပြောကြား ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါ်မြတ်သီ တာထွန်းက ပြောသည်။

‘‘အမေစုသက်ရှည်ကျန်းမာ ပါစေ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်၊ နောက်ပြီး ကျွန်မတို့ ပြည်သူတွေ ရဲ့ မျှော်လင့်ချက်နဲ့ စိတ်ဓာတ်ခွန် အားတွေက အမေစုနဲ့အတူတူ ယှဉ်တွဲပြီး ဖြစ်တည်နေတာဆို တော့ အမေစုကျန်းမာပါစေ၊ သက်ရှည်ပါစေလို့ ကျွန်မတို့က ဆုတောင်းပါတယ်’’ဟု ၎င်းက ဆို သည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် မွေးနေ့အထိမ်း အမှတ်အဖြစ်     ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည့်   ချိုးဖြူငှက် ခုနစ်ကောင်လွှတ်ပေးသည်။

More in News Section