လယ်မြေကျူးကျော်မှု ဖြေရှင်းရန်နှင့် စိုက်ဘဏ်ချေးငွေရရန် တောင်သူတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြ

စိုင်ပြင်ကြီးကျေးရွာနေ တောင်သူဦးဖိုးခို တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

လယ်ယာမြေကျူးကျော် လုပ်ကိုင်နေမှုကို ဖြေရှင်းပေးရန် နှင့် စိုက်ပျိုးရေးဘဏ်ချေးငွေရရှိ ရန် ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီး ကျေးရွာဒေသခံတောင်သူတစ်ဦး ဇွန်လ ၁၈ ရက်ကတစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။

ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီး ကျေးရွာနေ ဦးကြည်လင်းပိုင် သောဦးပိုင်အမှတ်(၁၇၁)၊ အ ကွက်အမှတ်(၁၇၂၆)ရွာမရှိလယ် ယာမြေ ၂ ဒသမ ၇၉ ဧကကိုအနီး ရှိတောင်သူတစ်ဦးက ကျူးကျော် လုပ်ကိုင်နေမှုကို မဖြေရှင်းခြင်း နှင့် စိုက်ပျိုးရေးဘဏ်ချေးငွေမရ ခြင်းကြောင့်ဆိုကာ လယ်ယာမြေပိုင်ရှင်၏သားဦးဖိုးခိုက မုံရွာမြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ရှေ့တွင် တစ်ကိုယ်တော်ဆန္ဒပြခဲ့သည်။

‘‘ကျွန်တော့်ရဲ့ လယ်ယာမြေ က ပုံစံ(၇)ရှိတယ်။ ပုံစံ(၁၀၅)ရှိ တယ်။ အဲဒါတွေရှိပါလျက်နဲ့ သက်ဆိုင်ရာကို တိုင်ကြားပေ မယ့် ဖြေရှင်းပေးမှုမရှိပါဘူး။ ကျွန်တော်တို့ လယ်ယာမြေအနီး က တောင်သူအချင်းချင်းကျူး ကျော်ခံရတာပါ။ ပုံစံ(၇)ချထား ပေးစဉ်ကတည်းက ကျွန်တော့်အ ဖေနဲ့ အမည်တူတဲ့သူကို မှားပြီး ချထားပေးခဲ့တယ်’’ ဟု ဦးဖိုးခိုက ပြောသည်။

၂၀၁၄ က စိုက်ပျိုးရေးဘဏ် သို့ချေးငွေထုတ်ရန် သွားသည့်အ ခါ ၎င်း၏အဖေအမည်ဖြစ်နေ၍ မရခဲ့ကြောင်း ဦးဖိုးခိုက ပြော သည်။ ‘‘ဒါကြောင့် မြေစာရင်းကို သွားပြောတယ်။ အဖေနဲ့အမည် တူဖြစ်တဲ့အတွက် အမည်ပြောင်း ပေးပါဆိုတော့ အထက်ကညွှန် ကြားချက်မရသေးလို့ပြောင်းမရ ဘူးလို့ပြောတယ်’’ ဟု ၎င်းကပြော သည်။

လယ်ယာမြေကျူးကျော်ခံရ ခြင်းနှင့်ပတ်သက်၍ ၂၀၁၄ က စတင်၍ ယခုအချိန်ထိ ကျေးရွာ အုပ်စု၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများထံ အကြိမ်ကြိမ် တိုင်ကြားခဲ့သော်လည်း ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိကြောင်း ၎င်းကပြောသည်။

မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ‘‘လယ်ယာ မြေကျူးကျော်ခံရတာနဲ့ပတ်သက် ပြီး ဖြေရှင်းမပေးလို့ဆန္ဒထုတ်ဖော် မယ်လုပ်တယ်။ ဒါနဲ့သက်ဆိုင်ရာ ခွင့်ပြုချက်တင်ပြီးမှ ဆန္ဒထုတ် ဖော်လို့ရမယ်ဆိုတော့ မြို့နယ်ရဲ တပ်ဖွဲ့စခန်းကို ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ခွင့်လာတင်သွားတာ ပါ။ အခုခွင့်ပြုချက်နဲ့ တစ်ကိုယ် တော်ဆန္ဒထုတ်ဖော်တာပါ’’ ဟု ပြောသည်။