ဖြူးမြို့အနီး ငလျင်နှစ်ကြိမ်ဆက်လှုပ် ရန်ကုန်တွင် သိသာစွာ ခံစားရ

 ဖြူးမြို့အနီးတွင် ယမန်နေ့ညက မိနစ်ပိုင်းသာခြား၍ ငလျင်နှစ်ကြိမ်ဆက်လှုပ်ခဲ့ပြီး ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစု၌ သိသိသာသာ လှုပ်ရှားခဲ့သည်။

ဖြူးမြို့၏ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာ ပဲခူးရိုးမအတွင်း ဇွန်လ ၁၇ ရက် ည ၇ နာရီ ၅၁ မိနစ်တွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်လှုပ်ခတ်ပြီးနောက် မိနစ်၂၀ ခန့်အကြာ ည ၈ နာရီ ၁၂ မိနစ်ခန့်၌ ရစ်ခ်ျတာစကေး ၄ ဒသမ ၆ အဆင့်ရှိငလျင် ထပ်မံလှုပ်ခဲ့ကြောင်း  မိုးဇလဌာနက သတင်းထုတ်ပြန်ထားသည်။


ပထမတစ်ကြိမ် လှုပ်ရှား သော ငလျင်ကို ရန်ကုန်မြို့မှ သာ ကေတ၊ အင်းစိန်၊ စမ်းချောင်း၊ တောင်ဥက္ကလာပနှင့် မှော်ဘီမြို့ တွင် သိသိသာသာ ခံစားရသည် ဟု မြို့ခံများက ပြောသည်။ င လျင်ဗဟိုချက်နှင့် အနီးဆုံးဖြစ် သော ဖြူးမြို့အပါအဝင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင်လည်း လှုပ်ရှားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ငလျင် နှစ်ကြိမ်စလုံးသည် မြေအနက် ၁၀ ကီလိုမီတာကို ဗဟိုပြုသော ဇောက်တိမ်ငလျင်အမျိုးအစားဖြစ်သည်။

မိနစ်သာခြား၍ လှုပ်ရှားသော အထက်ပါငလျင်နှစ်ကြိမ် ကြောင့် ထိခိုက်ပျက်စီးမှု သတင်း မကြားရကြောင်း ရန်ကုန်နှင့် ပဲခူး တိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူ များက ပြောသည်။

ဖြူးမြို့အနီး ပဲခူးရိုးမအတွင်း ဗဟိုပြု၍ ၂၀၁၈ ဇန်နဝါရီ ၁၂ ရက် နံနက်အစောပိုင်းက ရစ်ခ်ျ တာစကေး ၆ အဆင့်ရှိသော ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်များ မကြာ ခဏလှုပ်နေသည်။ နောက်ဆက် တွဲငလျင်အချို့ကြောင့် ရန်ကုန် မြို့တွင်လည်း လှုပ်ရှားခဲ့ရာ အ ထပ်မြင့်အဆောက်အအုံ၌ နေ ထိုင်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရ သည်။

ပဲခူးရိုးမအတွင်း လှုပ်ခတ် သော ငလျင်သည် အဖျက်စွမ်းအားကြီးသည့် ဇောက်တိမ်ငလျင် အမျိုးအစားဖြစ်ပြီး မြို့ကြီးများ အနီး ဗဟိုပြုပါက အလွန်အန္တ ရာယ်များကြောင်း ဘူမိဗေဒပညာ ရှင်များက သတိပေးထားသည်။

 

More in News Section