ချေချင်းညာပရိသတ်များက ဆာလက်ထံ ရွှေဖိနပ်ပုံစံမွေးနေ့ကိတ်ပေးပို့

ဂရော့ဇနီ - ကမ္ဘာ့ဖလားအဖွင့်ပွဲ စဉ်တွင် ဥရုဂွေးကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့စဉ် အီဂျစ်တိုက်စစ်မှူးဆာ လက်သည် ၎င်း၏ အသက် (၂၆) နှစ်ပြည့်မွေးနေ့ကို  မေ့ကောင်းမေ့နိုင်သော်လည်း ချေချင်းညာဒေသရှိ ပရိသတ်တစ်စုက ရွှေဖိနပ်ပုံစံပြုလုပ်ထားသော ၁၀၀ ကီလိုဂရမ် အလေးချိန်ရှိ မွေးနေ့ကိတ်ကို ပေးပို့ခဲ့ပြီး ပြုံးပန်းဝေစေခဲ့သည်။

ပြီးခဲ့သည့်ရာသီက လီဗာပူး အတွက် ပြိုင်ပွဲစုံ ၄၄ ဂိုးသွင်းယူခဲ့ သူ ဆာလက်သည် မေလ ၂၆ ရက်က ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရရှိခဲ့သော ပခုံးဒဏ်ရာသက်သာလာသော်လည်း ဥရုဂွေးနှင့်ပွဲတွင် နည်းပြဟက်တာကူးပါးက အရဲစွန့်ထုတ်မသုံးခဲ့ပေ။

ရုရှား၊ ဆော်ဒီအာရေးဗီး ယားနှင့် ပွဲတွင် ပါဝင်မည်ဟု မျှော်လင့်ရသူ ဆာလက်သည် ဇွန်လ ၁၆ ရက် အစောပိုင်းက ဂရိုဇနီမြို့ရှိ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိ လာစဉ် အောက်ခံကို အီဂျစ်အလံအရောင်ခြယ်သထားပြီး အပေါ်တွင် ရွှေဖိနစ်ပုံစံပြုလုပ်ထားသည့် နှစ်ဆင့်ပါမွေးနေ့ကိတ်ကို လက်ခံရရှိခဲ့သည်။

‘‘ပျော်ရွှင်သောမွေးနေ့ပါ’’ ဟု အသင်းဖော်များက အင်္ဂလိပ် လိုနှင့်အာရပ်လို သံပြိုင်သီဆိုစဉ် ဆာလက်က ပြုံးခဲ့ပြီး အသင်းဖော် များကို ပွေ့ဖက်ခဲ့သည်။

အီဂျစ်သည် ဇွန်လ ၂၀ ရက် တွင် စိန့်ပီတာစဘတ်မြို့၌ အုပ်စု ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် ရုရှား နှင့်ကစားမည်ဖြစ်သည်။

—Ref:AP