အဂတိနှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးခံရခြင်း မရှိဟု ဝန်ကြီးဦးသိန်းဆွေ ငြင်းဆို

အဂတိလိုက်စားမှုနှင့်ပတ် သက်၍ ခေါ်ယူစစ်ဆေးခံရခြင်းမရှိကြောင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးသိန်းဆွေက ယမန်နေ့ တွင် ငြင်းဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်က ဝန်ကြီးဦးသိန်းဆွေကို ခေါ်ယူစစ် ဆေးနေသည်ဟု မေလကုန်တွင် သတင်း ထွက်ပေါ်ခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန်လ ၁၃ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်၌ ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်၌ မေးမြန်းရာ‘‘မရှိပါဘူး’’ ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဝန်ကြီးဦးသိန်းဆွေ၏ အ ထက်ပါ ငြင်းဆိုပြောကြားမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာမှတ် ချက်ပြုရန် မရှိကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးဟန် ညွန့်က ပြောသည်။

သို့ရာတွင် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်သို့ နိုင်ငံတော်သမ္မတက လွှဲပြောင်း ပေးပို့သည့် တိုင်ကြားစာများတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဟောင်း ဦးကျော်ဝင်း၊ အလုပ်သ မား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ တို့ ပါဝင်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ဇွန်လ ၉ ရက်၌ ပြောကြားထားသည်။

ဝန်ကြီး ဦးသိန်းဆွေသည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများအရေးနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးနေသည်ဟု မေလကုန်တွင် သတင်းထွက်ပေါ် ခဲ့သည်။

 အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်သည် ဝန်ကြီး ဟောင်း ဦးကျော်ဝင်းကို စစ်ဆေး မှုများပြုလုပ်ခဲ့သော်လည်း ၎င်းအ ပေါ် တိုင်တန်းချက်များသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းကြောင်း ခိုင်လုံ သည့် အထောက်အထား မရှိသ ဖြင့် အရေးယူ၍မရကြောင်း ထုတ် ပြန်ခဲ့သည်။

Top News