ချောင်ဘူရီအသင်းနှင့် ကစားမည့် ခြေစမ်းပွဲတွင် အရန်ကစားသမားများပွဲထုတ်မည်ဟု မြန်မာအမျိုးသမီးအသင်းနည်းပြချုပ်ဆို

ထိုင်းနိုင်ငံ၌ ခြေစမ်း ပွဲများကစားရန်ရောက်ရှိနေသည့် မြန်မာအမျိုးသမီးအသင်းသည် ဒုတိယခြေစမ်းပွဲအဖြစ် ချောင်ဘူ ရီအမျိုးသမီးကလပ်အသင်းနှင့်ပွဲ တွင် အရန်ကစားသမားများဖြင့် သာယှဉ်ပြိုင်မည်ဖြစ်ကြောင်း နည်းပြချုပ် ဦးဝင်းသူမိုးက ပြော သည်။ မြန်မာအမျိုးသမီးအသင်း သည် ထိုင်းခရီးစဉ်အတွင်း ခြေ စမ်းပွဲ သုံးပွဲယှဉ်ပြိုင်မည်ဖြစ်ပြီး ဇွန်လ ၁၂ ရက်က ယှဉ်ပြိုင်သည့် ထိုင်းအမျိုးသမီးလက်ရွေးစင်အ သင်းနှင့် ပွဲတွင် တစ်ဖက်တစ်ဂိုး စီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။

‘‘ချောင်ဘူရီအသင်းနဲ့ပွဲမှာ အရန်ကစားသမားတွေပဲ သုံးမှာ ပါ။ ဒါမှ အရန်ကစားသမားတွေ ပွဲထွက်ခွင့်ရတဲ့ အချိန်မှာ ဘာလုပ်ပြနိုင်မလဲဆိုတာ သိရမယ်’’ဟု ဦးဝင်းသူမိုးက ပြောသည်။

ထိုင်းအမျိုးသမီးလက်ရွေး စင်အသင်းသည် အာဆီယံဒေသ တွင်း ထိပ်တန်းအသင်းတစ်သင်း ဖြစ်ပြီး ယင်းအသင်းခြေစွမ်းကို လိုက်မီရန် လိုအပ်ချက်ရှိသော် လည်း မြန်မာအမျိုးသမီးအသင်း က လက်ရှိတွင် အကောင်းဆုံးပုံစံ ရရှိနေခြင်းကြောင့်  အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲအတွက်  အဆင် သင့်ဖြစ်နေပြီဟု  နည်းပြချုပ်က ဆိုသည်။

‘‘ထိုင်းအမျိုးသမီးလက်ရွေး စင်အသင်းနဲ့ ခြေစွမ်းမှာ မြန်မာ အသင်းအတွက် လိုအပ်ချက်ဆို တာမရှိခဲ့ဘူး။ ကစားသမားတွေ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်။ ဒီထက်ပိုကောင်းအောင်လုပ်သွား ဖို့ပဲရှိတယ်’’ဟု ဦးဝင်းသူမိုးက ပြောသည်။

ထိုင်းအမျိုးသမီးလက်ရွေး စင်အသင်းနှင့် ခြေစမ်းပွဲတွင် ဒုတိယပိုင်းအစ၌ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရသော်လည်း ပွဲချိန် ၈၀ မိနစ်တွင် မြန်မာအသင်းတိုက်စစ် မှူး ဂျူလိုင်ကျော်က ချေပဂိုးပြန် လည်သွင်းယူခြင်းကြောင့် ပွဲအ ပြီး၌  တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ခဲ့သည်။

မြန်မာအမျိုးသမီးအသင်း သည် ဇွန်လ ၁၄ ရက် (ယနေ့)တွင်ချောင်ဘူရီအမျိုးသမီးအသင်း ဇွန် လ ၁၆ ရက်တွင် ထိုင်းလက်ရွေး စင်အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်အပြီး၌ ဇွန်လ ၁၇ ရက်တွင် ရန်ကုန်မြို့သို့  ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

Top News