ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အကြိုဗိုလ်လုပွဲတွင် ရန်ကုန်နှင့် မကွေးအသင်း တွေ့ဆုံ

ဗိုလ်ချုပ်ဆောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲတွင် ရန်ကုန်နှင့် မကွေး အသင်း တွေ့ဆုံမည်ဖြစ်သည်။

ဇွန်လ ၁၃ ရက်က ကျင်းပ သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားအဆင့်ပြိုင်ပွဲတွင် ရန် ကုန်အသင်းက GFA အသင်းကို ၂-၀ ဂိုး၊ မကွေးက ဧရာဝတီကို ပင်နယ်တီအဆုံးအဖြတ် ၁၂-၁၁ ဂိုးဖြင့် အသီးသီးအနိုင်ရပြီး အကြို ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။

သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် သည့် ပွဲတွင် ရန်ကုန်က GFA ကို ခြေစွမ်းအသာဖြင့် ဖိအားပေး ကစားပြီး အီစိုး၊ ဇော်မင်းထွန်းတို့ ၏ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ်အ နိုင်ရခဲ့သည်။ ယင်းပွဲတွင် ရန်ကုန် အသင်းမှ  ပွဲပယ်ခံထားရသည့် နည်းပြချုပ် ဦးမျိုးမင်းထွန်းအစား ဦးတင်မောင်ထွန်းက တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ယင်းအနိုင်ရလဒ်ကြောင့် ရန်ကုန်အသင်းသည် သုံးနှစ် ဆက်တိုက်  ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းအကြိုဗိုလ်လုပွဲ  တက်ရောက် နိုင်ခဲ့သည်။

အောင်ဆန်းကွင်း၌ယှဉ်ပြိုင် သည့် ဧရာဝတီနှင့် မကွေးအသင်း ပွဲတွင် သာမန်ပွဲချိန် မိနစ် ၉၀ ၌ အရှုံး၊အနိုင် မပေါ်ဘဲ နှစ်ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သည်။ အချိန်ပို မိနစ် ၃၀ တွင်လည်း နှစ်သင်းစလုံး ဂိုးထပ်သွင်းယူနိုင်ခြင်း  မရှိသဖြင့် ပင်နယ်တီအဆုံးအဖြတ်  ကန်သွင်းရာ မကွေးအသင်းက ဧရာဝ တီအသင်းကို ၁၀-၉ ဂိုး (စုစု ပေါင်း ၁၂-၁၁) ဂိုးဖြင့် အနိုင်ရခဲ့ သည်။ ယခုနှစ် ၂၀၁၈ ဘောလုံးရာသီတွင် ရန်ကုန်နှင့် မကွေးအသင်းတို့သည် မြန်မာလိဂ်ပွဲစဉ် ပထမအကျော့၌ တွေ့ဆုံထားပြီး မကွေးအသင်းက ၁-၀ ဂိုးဖြင့် အ နိုင်ရထားသည်။

၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ကွာ တား ဖိုင်နယ်အဆင့် ပွဲစဉ်များအ ဖြစ် ဇွန်လ ၂၀ ရက်တွင် အောင် ဆန်းကွင်း၌ ဟံသာဝတီနှင့် စစ် ကိုင်း၊ သုဝဏ္ဏကွင်း၌ ရခိုင်နှင့် လက်ရှိ ချန်ပီယံ ရှမ်းအသင်းတို့ ဆက်လက်ယှဉ်ပြိုင်မည် ဖြစ် သည်။ ယင်းလေးသင်းအနက်နှစ် သင်း အကြိုဗိုလ်လုပွဲတက်ရောက် မည် ဖြစ်သည်။

Top News