ဦးကိုကိုကြီး ဖေ့စ်ဘွတ်ခ်အကောင့်ဟက်ခံရပြီး ငါးရက်အကြာတွင် ပြန်ရ

၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီး၏ ဖေ့စ်ဘွတ်ခ်အကောင့် ဟက် (Hack) ခံထားရပြီးငါးရက်အကြာ တွင် ဖေ့စ်ဘွတ်ခ် Team အကူ အညီဖြင့် ပြန်လည်ရရှိခဲ့သည်။ 

Ko Ko Gyi အမည်ဖြင့် အ သုံးပြုနေသည့် ဦးကိုကိုကြီး၏ ဖေ့စ်ဘွတ်ခ်အကောင့်သည် Pa-ssword လုံခြုံရေးမြှင့်တင်ထားပြီး အသိအမှတ်ပြုအပြာရောင် အ မှန်ခြစ်အမှတ်အသား (Blue Mark) ရရှိထားသည့် အကောင့် ဖြစ်သော်လည်း ဇွန်လ ၇ ရက် တွင်အဖောက်ခံရသည်။ 

ဇွန်လ ၉ရက်တွင် ဦးကိုကို ကြီး၏အကောင့်ကို ဟက်ထားသူ က Kyaw Thu Moe (ကျော်သူ မိုး) အမည်ဖြင့် ပြောင်းလဲသုံးစွဲ နေကာ ပို့စ်အချို့ပင်တင်ခဲ့သည်။  ဇွန်လ ၁၀ရက်တွင်မူ ယင်းအ ကောင့်ကို လုံးဝမတွေ့ရတော့ ပေ။ ဇွန်လ ၁၂ရက် နံနက်တွင် Facebook Team အကူအညီဖြင့် ဖေ့စ်ဘွတ်ခ်အကောင့်ပြန်လည်ရယူခဲ့ကြောင်း ဦးကိုကိုကြီးက ဆိုသည်။ 

‘‘ကျွန်တော့်ဖေ့စ်ဘွတ်ခ်အ ကောင့်ကို ဖုန်းနဲ့ရော အီးမေးလ်နဲ့ ပါ Two Steps Verification လုပ် ထားပါတယ်။ ပြီးတော့ စက္ကန့် ၃၀ ကို ကုဒ်အလိုအလျောက်ပြောင်း ပေးထားတဲ့ Code Authenti-cation App စနစ်ထည့်ထားပါ တယ်။ ဒါ့အပြင် ဖေ့စ်ဘွတ်ခ် အဖွဲ့ Blue Mark ရယူ ထားတဲ့ Account လည်းဖြစ်တော့ (အ ကောင့်ဟက်ခံရသဖြင့်) တို့အား လုံးလုံခြုံမှုမရှိတော့ပါလားလို့ပါ ခံစားလိုက်ရပါတယ်’’ ဟု ဦးကိုကိုကြီးက ဇွန်လ ၁၂ ရက် တွင် ဖေ့စ်ဘွတ်ခ်အကောင့် ပြန် လည်ရရှိပြီးနောက် ရေးသားခဲ့ သည်။ 

ရှစ်လေးလုံးပြည်သူ့ ပါတီ ခေါင်းဆောင့် ဦးကိုကိုကြီး၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာကို Follo-wer ပြုလုပ်သူ ရှစ်သောင်းကျော် ရှိသည်။ ဦးကိုကိုကြီးက ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် နိုင်ငံရေးနှင့် သက်ဆိုင်သည့် အတွေးအမြင်စာ စုများ၊ မိသားစုဓာတ်ပုံများနှင့် နိုင်ငံရေး ဆောင်ရွက်ချက်များဖော်ပြလေ့ရှိသည်။ 

‘‘ဦးကိုကိုကြီးအကောင့်ကို လုပ်တဲ့သူက နည်းပညာပိုင်းမှာ ကျွမ်းကျင်တဲ့သူဖြစ်နိုင်တယ်။ အ ခုဖေ့စ်ဘွတ်ခ်က မြန်မာနိုင်ငံ လူ ထုကြားမှာ တော်တော်လေးလက် ခံအသုံးပြုနေတယ်။ ကောင်း ကျိုးရော ဆိုးကျိုးပါရှိနေတဲ့အ တွက် ဆိုရှယ်မီဒီယာနဲ့ပတ်သက် လို့ ဒီလိုပြဿနာတွေဖြစ်ခဲ့ရင် ထိ ရောက်တဲ့ Monitoring ဆိုင်ရာ  မူဝါဒတစ်ခုရှိဖို့လိုနေပါတယ်’’ ဟု  ရှစ်လေးလုံး ပြည်သူ့ပါတီ ဒု ခေါင်းဆောင်ဦးရဲနိုင်အောင်က ပြောသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းက  လူသိများသည့် နိုင်ငံရေးသမား  များ၊ တတ်သိပညာရှင်များနှင့် အ နုပညာရှင်များ၏ ဖေ့စ်ဘွတ်ခ် အကောင့်ဟက်ခံရမှုများဖြစ်ပွား ကာ မေလကုန်ပိုင်းက မိုးလေ၀ သပညာရှင် ဦးထွန်းလွင်၏  အ ကောင့်ဟက်ခံခဲ့ရသည်။ 

Top News