မြန်မာ့ပုံရိပ်ထိခိုက်စေသည့် သတင်းမှားများကို ပြန်လည်တုံ့ပြန်ချေပမည်ဟုဆို

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးတင့်သွင် မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားနေစဉ် (ဓာတ်ပုံ − ပိုင်စိုးသူ)

 မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကို ထိခိုက်စေမည့် သတင်းအချက်အလက် ဆောင် ရွက်မှုများကို ပြန်လည်တုံ့ပြန်ချေ ပမည်ဟု ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးတင့်သွင်က ဇွန်လ ၁၃ ရက်တွင် ပြုလုပ်သော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကွန်ဖရင့်၌ ပြောသည်။

ပုံမှန်အားဖြင့် ရခိုင်ပြည်နယ် ၌ ဖြစ်ပွားခဲ့သော ကိစ္စသည် မြန်မာနိုင်ငံ၏ ထင်ရှားသည့် ခရီးစဉ် ဒေသများနှင့် ဆက်စပ်ပတ်သက် မှု မရှိသော်လည်း မြန်မာနိုင်ငံသို့ ခရီးသွားရန်  မသင့်သေးကြောင်း နှင့် လူ့အခွင့်အရေးနှင့်ပတ်သက် ၍ ထိုက်သင့်သည့် အားနည်းချက် များ ရှိနေကြောင်း စသည့် သ တင်းအမှားများ ကမ္ဘာ့မီဒီယာအ ချို့တွင် ကျယ်ပြန့်စွာ ပေါ်ပေါက်ခဲ့ သဖြင့် ၂၀၁၇ တွင် အနောက်နိုင်ငံများမှ ခရီးသွားလာရောက်မှု ကျဆင်းခဲ့ကြောင်း ၎င်းက ပြော သည်။ ခရီးသွားကဏ္ဍကို  မှေးမှိန် စေပြီး မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိ ခိုက်စေမည့် သတင်းအချက်အ လက်များနှင့်ပတ်သက်၍ ပြန် လည်တုံ့ပြန်ချေပရန် လိုအပ် ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ် ငန်းကွန်ဖရင့်တွင် သဘောတူခဲ့ သည်ဟု ဦးတင့်သွင်က ပြော သည်။

‘‘မြန်မာနိုင်ငံရဲ့ တကယ့်အ ခြေအနေမှန်တွေကို ကျယ်ကျယ် ပြန့်ပြန့်သိအောင် နိုင်ငံတကာကို လှည့်လည်သွားလာပြီး ပြသနေ တဲ့ ခရီးသွားပြပွဲတွေကနေလည်း တင်ပြတာတွေ လုပ်သလိုဆိုင် ရာ ဆိုင်ရာဝန်ကြီးဌာနရဲ့ဝက်ဘ် ဆိုက်နဲ့ ပုဂ္ဂလိကဆိုင်ရာ ဆိုက် တွေကနေလည်း ဒါတွေကိုတင် ပြနေပါတယ်။ ဒီထက်ပိုပြီး မီဒီ ယာမှာ အင်အားကြီးတဲ့ CNN တို့၊ BBC တို့ မီဒီယာကြီးတွေက တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် လက်ရှိ ပကတိအခြေအနေတွေ ကို ထုတ်ပြန်နိုင်မယ်ဆိုရင်တော့ ဒီထက်ပိုကောင်းတဲ့ အခြေအနေ ဖြစ်လာမှာပါ’’ ဟု ဦးတင့်သွင်က ပြောသည်။

၂၀၁၇ အတွင်း ရခိုင်ဒေသ ၏ အခြေအနေများနှင့် အနောက် နိုင်ငံ မီဒီယာအချို့၏ လှုံ့ဆော် ရေးသားမှုကြောင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ခရီးစဉ်များ၏ ၅၀ ရာခိုင်နှုန်းခန့် ပယ်ဖျက်ခြင်းနှင့် ဆိုင်းငံ့ခြင်းများ ကြုံတွေ့ခဲ့ရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်က ပြောကြားသည်။

ယင်းသို့ သတင်းမှားများ ပျံ့ နှံ့နေခြင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးအောင် မျိုးမင်းဒင်က ‘‘BBC က သတင်း ထောက်တစ်ဦးက ပြီးခဲ့တဲ့ သုံး လလောက်က  မြန်မာပြည်ကို လာရင် ကောင်းမလားဆိုပြီး တွေဝေနေရာကနေ လာခဲ့တဲ့အတွက် ပုဂံလိုနေရာမျိုး  ကြည့်ခွင့်ရတဲ့အ တွက် သူအရမ်းကံကောင်း ကြောင်း၊ လူတိုင်းလည်း လာ ကြည့်သင့်ကြောင်း မြန်မာပြည်က လူတွေရဲ့ ရင်းနှီးဖော်ရွေမှုက  ဘာ နဲ့မှလဲလို့ မရကြောင်း တင်ထား ပါတယ်။ ဒါမျိုးလူတွေ များများ ခေါ်ရင်၊ ကျွန်တော်တို့နိုင်ငံကို သံတမန်အဖြစ် များများခေါ်ရင် သတင်း မှားတွေ ထွက်ပေါ်မှုကို ချေဖျက်နိုင်မှာ ဖြစ်ပါတယ်’’ ဟု အကြံပြုသည်။

Top News