လေ့ကျင့်ရေးကွင်းတွင် မက်ဘီဒဏ်ရာရ၍ ပြင်သစ်အသင်းစိုးရိမ်နေ

၂၀၁၈ ရုရှားကမ္ဘာ့ ဖလားတွင် စောင့်ကြည့်ရမည့် လူ ငယ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံ ထားရသူ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဘီသည် အင်္ဂါနေ့က ပြင် သစ်လက်ရွေးစင်အသင်းနှင့် လေ့ ကျင့်ခန်းဆင်းနေစဉ် နောက်ခံလူ ရာမီနှင့် ထိခိုက်မိကာ ဒဏ်ရာရရှိ ခဲ့သည်။

နည်းပြဒီဒီယာဒက်စ်ချမ့်၏ ပြင်သစ်အသင်းသည် အစ္စထရာ မြို့ ဂလီဘိုဗက်စ်ကွင်းတွင် လေ့ ကျင့်ခန်းဆင်းနေစဉ် မက်ဘီဒဏ် ရာရခဲ့သည်။

ဘယ်ဘက်ခြေချင်းဝတ် ဒဏ်ရာရခဲ့သော မက်ဘီ (၁၉) နှစ်သည် ၎င်း၏ဒဏ်ရာအခြေအ နေနှင့်ပတ်သက်၍ ပြင်သစ်ဘော လုံးအဖွဲ့ချုပ်က အသေးစိတ်ဖော် ပြခြင်းမရှိသော်လည်း ဒဏ်ရာ မပြင်းထန်ဟု ၎င်းကပြောသည်။ သို့သော် ပြင်သစ်လက်ရွေးစင် အသင်း၏ မျိုးဆက်သစ်ကြယ်ပွင့် အတွက် စိုးရိမ်မှုများ ထွက်ပေါ် နေသည်။

မက်ဘီက ၎င်း၏တွစ်တာ အကောင့်တွင် အင်္ဂါနေ့က ထိ ခိုက်မှုသည် ကြီးကြီးမားမား ပြဿနာမဟုတ်ဟု ဖော်ပြခဲ့ သည်။

ပြင်သစ်သည် အုပ်စု (C) တွင် သြစတြေးလျနှင့် ဇွန်လ ၁၆ ရက်၌ ယှဉ်ပြိုင်ကာ ပီရူး၊ ဒိန်းမတ် တို့နှင့်လည်း ရင်ဆိုင်ရမည်ဖြစ် သည်။

ထိုအတောအတွင်း ပြင်သစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းက မိမိတို့ ၏ တိုက်စစ်သည် မည်သည့်အ သင်းကိုမဆို ဒုက္ခပေးနိုင်သော် လည်း ခံစစ်ပိုင်းလည်း အား ကောင်းမှဖြစ်မည်ဟု ပြောသည်။

နည်းပြ ဒက်စ်ချမ့်က သြစ တြေးလျကို ဂီရော့ဒ်၊ ဂရစ်ဇ်မန်း၊ မက်ဘီ တိုက်စစ်သုံးဦးအတွဲဖြင့် ရင်ဆိုင်နိုင်ရန် စီစဉ်ခဲ့သော်လည်း မက်ဘီကြံ့ခိုင်မှု ပြည့်၊ မပြည့် စောင့်ကြည့်ရဦးမည်ဖြစ်သည်။

—Ref:Skysport

Top News