မော်လမြိုင် တက္ကသိုလ်ဝင်းအတွင်း လုံခြုံရေးဝန်ထမ်းအားဓားဖြင့်ထိုးကာ ဆိုင်ကယ်လုယူသူကို ၁၃ နာရီအတွင်း ဖမ်းမိ

 မော်လမြိုင် တက္က သိုလ်ဝင်းအတွင်း လုံခြုံရေးဝန် ထမ်းတစ်ဦးအား ဓားဖြင့်ထိုးကာ ဆိုင်ကယ်လုယူသူကို ၁၃နာရီအ တွင်း ဖမ်းဆီးရမိကြောင်း မုပွန် နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်း ဆောင်ဒုရဲအုပ် ဇေယျာသိန်းက ပြောသည်။ 

ဇွန်လ ၇ရက်က မော်လမြိုင် တက္ကသိုလ်ရှိ သမိန်ဗရမ်းအ ဆောင် လုံခြုံရေးဝန်ထမ်းတစ်ဦး  မျက်နှာကို စပရေးဘူးဖြင့်ဖျန်း ကာနောက်ကျောကို ဓားဖြင့်ထိုး ပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွားခဲ့  သည်။ 

ဆိုင်ကယ်လုယူသူအမျိုး သားကို မုပွန်နယ်မြေရဲစခန်းနှင့် ဘီးလင်းမြို့မရဲစခန်း တပ်ဖွဲ့ ၀င်များနှင့် ပူးပေါင်း၍ ဖမ်းဆီးခဲ့ ပြီး မုပွန်နယ်မြေရဲစခန်းတွင် ဖမ်း ဆီးထိန်းသိမ်းထားကြောင်း ဒုရဲ အုပ်ဇေယျာသိန်းကဆိုသည်။ 

‘‘ဓားထိုးခံရတဲ့ လုံခြုံရေးက တော့ ဖြစ်ဖြစ်ချင်းမှာ ဆေးရုံတက် လိုက်ရတယ်။ အခုတော့ ဆေးရုံ က ဆင်းပါပြီ။ နောက်ကျောကို ဓားထိုးခံရတော့ သိပ်တော့မ သက်သာသေးဘူး။ လုယူသူက အပြင်လူပါပဲ’’ ဟု ၎င်းကပြော သည်။ 

ဆိုင်ကယ်လုယူသူသည် ဇော်မင်းမြင့် (ခ) ဇော်မြင့်ဖြစ်ပြီး  သက်သေခံဓားနှင့်ဆိုင်ကယ်ကို သိမ်းဆည်းရမိထားကြောင်းနှင့် ရာဇသတ်ကြီးပုဒ်မ၃၉၄ (လုယက်မှု)ဖြင့် မုပွန်နယ်မြေ ရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း ဒုရဲအုပ်ဇေယျာသိန်းက ဆိုသည်။

မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တွင် မကြာ  ခဏ ဆိုင်ကယ်ပျောက်လေ့ရှိ ကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားတစ်ဦးကဆိုသည်။  

ထို့အပြင် ပေါင်မြို့နယ်အ တွင်း ဇွန်လ ၁၂ရက်က ဆိုင်ကယ်ခိုးယူသူနှစ်ဦးကို ဖမ်းဆီးရမိသဖြင့် ခိုးမှုပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း မုတ္တမနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

Top News