ထရမ့်နဲ့ကင်မ်တို့ရဲ့ သမိုင်းဝင်ထိပ်သီးတွေ့ဆုံပွဲစပြီ

ဓာတ်ပုံ-EPA

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆာင် ကင်ဂျုံအန်တို့ရဲ့ သမိုင်းဝင်ထိပ်သီးတွေ့ဆုံပွဲကို စင်ကာပူနိုင်ငံမှာ ဒီကနေ့ မနက်ပိုင်းက စတင်ကျင်းပနေပါပြီ။

ထရမ်နဲ့ ကင်ဂျုံအန်တို့ရဲ့တွေ့ဆုံမှုဟာ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလား အလာကောင်းတွေ ဖြစ်လာနိုင်တယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဆိုထားပါတယ်။

ထိပ်သီးတွေ့ဆုံပွဲကိုတော့ ဆန်တိုဆာ အပန်းဖြေ ကျွန်းမှာရှိတဲ့ Capella ဟိုတယ်မှာ ကျင်းပနေတာဖြစ်ပြီး ဒီလိုတွေ့ဆုံပွဲဖြစ် လာဖို့အတွက် ကန်ဒေါ်လာသန်း ၂၀ လောက်သုံးစွဲမှာဖြစ်တယ်လို့ စင်ကာပူဝန်ကြီးချုပ်က မီဒီယာတွေကို ပြောထားပါတယ်။

လက်ရှိအချိန်မှာတော့ ခေါင်းဆောင်နှစ်ဦးဟာ တံခါးပိတ်တွေ့ဆုံဆွေးနွေးကြပါတယ်။ ဓာတ်ပုံ - EPA

Top News